
ချဲလ်ဆီးအသင်းနောက်ခံလူ သီယာဂိုဆေးလ်ဗားဟာ
တစ်နှစ်သက်တမ်းရှိတဲ့စာချုပ်သစ်ကို လက်မှတ်ရေးထိုးလိုက်တယ်လို့ သိရပါတယ်။
ဒီစာချုပ်သစ်ကြောင့် ဆေးလ်ဗားဟာ ချဲလ်ဆီးမှာ
၂၀၂၂-၂၃ ဘောလုံးရာသီကုန်ချိန်ထိအောင်ဆက်ရှိနေမှာဖြစ်ပါတယ်။
ဘရာဇီးလက်ရွေးစင်ဖြစ်တဲ့ ဆေးလ်ဗားဟာ ၂၀၂၀ နွေရာသီကပီအက်စ်ဂျီကနေ
ချဲလ်ဆီးအသင်းဆီပြောင်းလာတဲ့သူဖြစ်ပြီး သူ့ရဲ့အသက်အရွယ်ကြောင့်
ပရီးမီးယားလိဂ်ကြံ့ခိုင်မှုပိုင်းကိုလိုက်မမီနိုင်မှာ စိုးရိမ်ခဲ့ကြပါသေးတယ်။
ဒါပေမယ့် လက်ရှိမှာအသက်၃၇ နှစ်ရှိပြီဖြစ်တဲ့ ဆေးလ်ဗားဟာချဲလ်ဆီးကို
ချန်ပီယံလိဂ်ဖလားရရှိစေဖို့ သူ့ရဲ့တည်ငြိမ်မှု၊ အတွေ့အကြုံတွေနဲ့
ကူညီပေးနိုင်ခဲ့တဲ့အပြင် စုစုပေါင်း ၅၆ ပွဲကစားပြီး
အဓိကကျသူဖြစ်နေသေးတယ်ဆိုတာ ပြသနိုင်ခဲ့တာပါ။
ဆေးလ်ဗားက” ချဲလ်ဆီးမှာကစားရတာက တကယ့်ကျေနပ်စရာဖြစ်ပါတယ်။
ဒီလိုအသင်းမျိုးမှာ ၃ နှစ်ဆက်ကစားရမယ်လို့
ကျွန်တော်ဘယ်တုန်းကမှမထင်ခဲ့ပါဘူး။ ဒါကြောင့်နောက်ထပ်တစ်ရာသီ
လက်တွဲရမယ့်အပေါ်တကယ့်ကိုကျေနပ်မိပါတယ်။ ချဲလ်ဆီးအတွက်
ရှိသမျှအရာရာတိုင်းနဲ့ပေးဆပ်သွားမှာပါ။ ဒီကိုစရောက်ကတည်းက
ကျွန်တော့်ကိုအမြဲထောက်ခံပေးခဲ့တဲ့အတွက်လည်း ကလပ်ကို
ကျေးဇူးတင်ပါတယ်” လို့ပြောသွားပါတယ်။ ချဲလ်ဆီးအသင်းရဲ့ဒါရိုက်တာဖြစ်တဲ့
မာရီနာဂရာနိုဗက်စ်ကီ ကလည်း ဆေးလ်ဗားရဲ့ အတွေ့အကြုံ၊
ခေါင်းဆောင်နိုင်မှုနဲ့ စွမ်းဆောင်ရည်တွေက ချဲလ်ဆီးအတွက်အများကြီးအရေးပါနေသေးလို့
အခုလိုစာချုပ်သစ်ချုပ်နိုင်တဲ့အပေါ် ကျေနပ်မိတယ်လို့ ပြောသွားပါတယ်။
၂၀၀၂ ကပရော်ဖက်ရှင်နယ်ကစားသမားဘဝစတင်ခဲ့တဲ့ ဆေးလ်ဗားဟာ
အေစီမီလန်ကစားသမားဟောင်းလည်းဖြစ်ပြီး ပီအက်စ်ဂျီမှာတုန်းက
လက်ရှိချဲလ်ဆီးနည်းပြ တူချယ်နဲ့လက်တွဲခဲ့ဘူးသူဖြစ်ပါတယ်။
ချဲလ်ဆီးရဲ့ခံစစ်ကြောင်း မတည်မငြိမ်ဖြစ်နေချိန်မှာ
ဆေးလ်ဗားကို စာချုပ်သစ်ချုပ်နိုင်ခဲ့တာဟာ တူချယ်အတွက်ကျေနပ်စရာဖြစ်ပေမယ့်
နောက်ထပ်ဗဟိုခံစစ်မှူးဖြစ်တဲ့ ရူဒီဂါ ကတော့ဆက်ရှိဖို့မသေချာလို့
သူ့အနာဂတ်ကိုဖြေရှင်းဖို့လိုအပ်နေပါသေးတယ်။ ရူဒီဂါ ဟာအခုရာသီကုန်ရင်
စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်လို့ လက်ရှိဈေးကွက်ထဲမှာ
သူနှစ်သက်တဲ့အသင်းနဲ့ ဆွေးနွေးပိုင်ခွင့်ရရှိထားပါတယ်။
zawgyi
ခ်ဲလ္ဆီးမွာ ၂၀၂၂-၂၃ ေဘာလုံးရာသီကုန္ခ်ိန္ထိေအာင္ဆက္ရွိေနမယ့္ ေဆးလ္ဗား
ခ်ဲလ္ဆီးအသင္းေနာက္ခံလူ သီယာဂိုေဆးလ္ဗားဟာ
တစ္ႏွစ္သက္တမ္းရွိတဲ့စာခ်ဳပ္သစ္ကို လက္မွတ္ေရးထိုးလိုက္တယ္လို႔ သိရပါတယ္။
ဒီစာခ်ဳပ္သစ္ေၾကာင့္ ေဆးလ္ဗားဟာ ခ်ဲလ္ဆီးမွာ
၂၀၂၂-၂၃ ေဘာလုံးရာသီကုန္ခ်ိန္ထိေအာင္ဆက္ရွိေနမွာျဖစ္ပါတယ္။
ဘရာဇီးလက္ေ႐ြးစင္ျဖစ္တဲ့ ေဆးလ္ဗားဟာ ၂၀၂၀ ေႏြရာသီကပီအက္စ္ဂ်ီကေန
ခ်ဲလ္ဆီးအသင္းဆီေျပာင္းလာတဲ့သူျဖစ္ၿပီး သူ႔ရဲ႕အသက္အ႐ြယ္ေၾကာင့္
ပရီးမီးယားလိဂ္ႀကံ့ခိုင္မႈပိုင္းကိုလိုက္မမီႏိုင္မွာ စိုးရိမ္ခဲ့ၾကပါေသးတယ္။
ဒါေပမယ့္ လက္ရွိမွာအသက္၃၇ ႏွစ္ရွိၿပီျဖစ္တဲ့ ေဆးလ္ဗားဟာခ်ဲလ္ဆီးကို
ခ်န္ပီယံလိဂ္ဖလားရရွိေစဖို႔ သူ႔ရဲ႕တည္ၿငိမ္မႈ၊ အေတြ႕အႀကဳံေတြနဲ႔
ကူညီေပးႏိုင္ခဲ့တဲ့အျပင္ စုစုေပါင္း ၅၆ ပြဲကစားၿပီး
အဓိကက်သူျဖစ္ေနေသးတယ္ဆိုတာ ျပသႏိုင္ခဲ့တာပါ။
ေဆးလ္ဗားက” ခ်ဲလ္ဆီးမွာကစားရတာက တကယ့္ေက်နပ္စရာျဖစ္ပါတယ္။
ဒီလိုအသင္းမ်ိဳးမွာ ၃ ႏွစ္ဆက္ကစားရမယ္လို႔
ကြၽန္ေတာ္ဘယ္တုန္းကမွမထင္ခဲ့ပါဘူး။ ဒါေၾကာင့္ေနာက္ထပ္တစ္ရာသီ
လက္တြဲရမယ့္အေပၚတကယ့္ကိုေက်နပ္မိပါတယ္။ ခ်ဲလ္ဆီးအတြက္
ရွိသမွ်အရာရာတိုင္းနဲ႔ေပးဆပ္သြားမွာပါ။ ဒီကိုစေရာက္ကတည္းက
ကြၽန္ေတာ့္ကိုအၿမဲေထာက္ခံေပးခဲ့တဲ့အတြက္လည္း ကလပ္ကို
ေက်းဇူးတင္ပါတယ္” လို႔ေျပာသြားပါတယ္။ ခ်ဲလ္ဆီးအသင္းရဲ႕ဒါ႐ိုက္တာျဖစ္တဲ့
မာရီနာဂရာႏိုဗက္စ္ကီ ကလည္း ေဆးလ္ဗားရဲ႕ အေတြ႕အႀကဳံ၊
ေခါင္းေဆာင္ႏိုင္မႈနဲ႔ စြမ္းေဆာင္ရည္ေတြက ခ်ဲလ္ဆီးအတြက္အမ်ားႀကီးအေရးပါေနေသးလို႔
အခုလိုစာခ်ဳပ္သစ္ခ်ဳပ္ႏိုင္တဲ့အေပၚ ေက်နပ္မိတယ္လို႔ ေျပာသြားပါတယ္။
၂၀၀၂ ကပေရာ္ဖက္ရွင္နယ္ကစားသမားဘဝစတင္ခဲ့တဲ့ ေဆးလ္ဗားဟာ
ေအစီမီလန္ကစားသမားေဟာင္းလည္းျဖစ္ၿပီး ပီအက္စ္ဂ်ီမွာတုန္းက
လက္ရွိခ်ဲလ္ဆီးနည္းျပ တူခ်ယ္နဲ႔လက္တြဲခဲ့ဘူးသူျဖစ္ပါတယ္။
ခ်ဲလ္ဆီးရဲ႕ခံစစ္ေၾကာင္း မတည္မၿငိမ္ျဖစ္ေနခ်ိန္မွာ
ေဆးလ္ဗားကို စာခ်ဳပ္သစ္ခ်ဳပ္ႏိုင္ခဲ့တာဟာ တူခ်ယ္အတြက္ေက်နပ္စရာျဖစ္ေပမယ့္
ေနာက္ထပ္ဗဟိုခံစစ္မႉးျဖစ္တဲ့ ႐ူဒီဂါ ကေတာ့ဆက္ရွိဖို႔မေသခ်ာလို႔
သူ႔အနာဂတ္ကိုေျဖရွင္းဖို႔လိုအပ္ေနပါေသးတယ္။ ႐ူဒီဂါ ဟာအခုရာသီကုန္ရင္
စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္လို႔ လက္ရွိေဈးကြက္ထဲမွာ
သူႏွစ္သက္တဲ့အသင္းနဲ႔ ေဆြးေႏြးပိုင္ခြင့္ရရွိထားပါတယ္။