ချဲလ်ဆီးမှာ မျှော်လင့်ထားသလို သူရဲကောင်းမဖြစ်ခဲ့ဘူးလို့ လူကာကူ ဖွင့်ဟ

အင်တာကနေ ချဲလ်ဆီးကိုပြန်လာချိန်မှာ သူရဲကောင်းဖြစ်ဖိုမျှော်လင့်ထားပေမယ့် ဒေါသတွေနဲ့သာပြန်ထွက်ခဲ့ရတယ်လို တိုက်စစ်မှူး လူကာကူကဖွင့်ဟလိုက်ပါတယ်။ အင်တာမီလန်ကနေ ချဲလ်ဆီးကို ပေါင် ၉၇သန်းကျော်နဲ့ပြောင်ရွှေ့ခဲ့တဲ့ လူကာကူဟာ

တစ်ရာသီအကြာမှာပဲ အင်တာမီလန်ကို အငှားနဲ့ပြန်ရောက်သွားခဲ့တာဖြစ်ပါတယ်။ လူကာကူ ကတော့ သူဘာ‌တွေလုပ်ပြနိုင်တယ်ဆိုတာလူတွေပြန်မှတ်မိစေဖိုအတွက် အခုလိုအငှားနဲ့သွားရောက်ကစားဖိုဆုံးဖြတ်ခဲ့တာလိုဆိုပါတယ်။ အီတလီသတင်းတွေမှာတော့ လူကာကူဟာ

ချဲလ်ဆီးမှာမျှော်လင့်ထားသလိုသူရဲကောင်းဖြစ်မလာဘဲ လူငယ်တစ်ယောင်လို အသင်းကထွက်လာရမှုကို ပြန်လက်စားချေဖို ဆန္ဒတွေပြင်းပြနေတယ်လိုဆိုထားပါတယ်။ လူကာကူကတော့ချဲလ်ဆီးပရိသတ်အနေနဲ့ တစ်နှစ်အတွင်း သူ့ရဲ့စွမ်းဆောင်တွေကိုမေ့ပစ်လိုက်တဲ့အပေါ်

အတော်လေးဒေါသဖြစ်နေခဲ့တာပါ။ ဒါကြောင့်ချဲလ်ဆီးကို ပြန်လည်လက်စားချေလိုတဲ့ ဆန္ဒတွေနဲ့ အင်တာထွက်ခွာလာခဲ့တာလည်းဖြစ်ပါတယ်။ဒီရာသီသစ်မှာအင်တာမီလန်နဲ့အတူ ချန်ပီယံဆုရယူပြပြီး ချဲလ်ဆီးကိုပြန်လာမယ်လိုလည်း လူကာကူကပြောထားပါတယ်။လူကာကူဟာ အဲဗာတန်နဲ့

ဝက်စ်ဘရွန်းတိုကိုအငှားနဲ့သွားရောက်မကစားခင် ချဲလ်ဆီးမှာ ၂၀၁၁ကနေ ၂၀၁၄ခုနှစ်အထိကစားခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် မန်ယူကိုရောက်ရှိသွားခဲ့ပြီး ပုံမှန်ခြေစွမ်းပျောက်ဆုံးခဲ့ကာ နောက်ဆုံးမှာ အင်တာမီလန်ကိုရောက်သွားခဲ့တာဖြစ်ပါတယ်။

အင်တာမီလန်ကိုစရောက်တဲ့နှစ်မှာပဲ မယုံနိုင်စရာခြေစွမ်းတွေနဲ့အတူ လူကာကူပြန်ဖြစ်လာခဲ့တာပါ။ ပထမဆုံးရာသီမှာပဲ အင်တာအတွက် ၃၆ပွဲကစားပြီး ၂၄ဂိုးသွင်းကာ စီးရီးအေချန်ပီယံဆုကိုပါ ရယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ အဲဒီခြေစွမ်းတွေကြောင့်ပဲ ချဲလ်ဆီးက

အသင်းရဲ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ သယ့ကိုပြန်ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လူကာကူဟာ ချဲလ်ဆီးအတွက်ပြိုင်ပွဲစုံ ၄၄ပွဲသာကစားပေးနိုင်ခဲ့ပြီး ၁၅ ဂိုးသာသွင်းနိုင်ခဲ့တာပါ။

ဒါ့အပြင် သူ့ကိုအရန်ခုံပိုခဲ့တဲ့နည်းပြတူချယ်နဲ့ပါ အဆင်မပြေမှုတွေဖြစ်လာခဲ့တာပါ။ ဒါကြောင့်လည်း လူကာကူအနေနဲ့ စတမ်းဖိုဒ်ဘရစ်ကနေ တစ်ကျော့ပြန်လည်းထွက်ခွာဖိုအခြေအနေရောက်ခဲ့တာဖြစ်ပါတယ်။

(zawgyi)

အင္တာကေန ခ်ဲလ္ဆီးကိုျပန္လာခ်ိန္မွာ သူရဲေကာင္းျဖစ္ဖိုေမွ်ာ္လင့္ထားေပမယ့္ ေဒါသေတြနဲ႔သာျပန္ထြက္ခဲ့ရတယ္လို တိုက္စစ္မႉး လူကာကူကဖြင့္ဟလိုက္ပါတယ္။ အင္တာမီလန္ကေန ခ်ဲလ္ဆီးကို ေပါင္ ၉၇သန္းေက်ာ္နဲ႔ေျပာင္ေ႐ႊ႕ခဲ့တဲ့ လူကာကူဟာ တစ္ရာသီအၾကာမွာပဲ

အင္တာမီလန္ကို အငွားနဲ႔ျပန္ေရာက္သြားခဲ့တာျဖစ္ပါတယ္။ လူကာကူ ကေတာ့ သူဘာ‌ေတြလုပ္ျပႏိုင္တယ္ဆိုတာလူေတြျပန္မွတ္မိေစဖိုအတြက္ အခုလိုအငွားနဲ႔သြားေရာက္ကစားဖိုဆုံးျဖတ္ခဲ့တာလိုဆိုပါတယ္။ အီတလီသတင္းေတြမွာေတာ့ လူကာကူဟာ ခ်ဲလ္ဆီးမွာေမွ်ာ္လင့္ထားသလို

သူရဲေကာင္းျဖစ္မလာဘဲ လူငယ္တစ္ေယာင္လို အသင္းကထြက္လာရမႈကို ျပန္လက္စားေခ်ဖို ဆႏၵေတြျပင္းျပေနတယ္လိုဆိုထားပါတယ္။ လူကာကူကေတာ့ခ်ဲလ္ဆီးပရိသတ္အေနနဲ႔ တစ္ႏွစ္အတြင္း သူ႔ရဲ႕စြမ္းေဆာင္ေတြကိုေမ့ပစ္လိုက္တဲ့အေပၚ အေတာ္ေလးေဒါသျဖစ္ေနခဲ့တာပါ။

ဒါေၾကာင့္ခ်ဲလ္ဆီးကို ျပန္လည္လက္စားေခ်လိုတဲ့ ဆႏၵေတြနဲ႔ အင္တာထြက္ခြာလာခဲ့တာလည္းျဖစ္ပါတယ္။ဒီရာသီသစ္မွာအင္တာမီလန္နဲ႔အတူ ခ်န္ပီယံဆုရယူျပၿပီး ခ်ဲလ္ဆီးကိုျပန္လာမယ္လိုလည္း လူကာကူကေျပာထားပါတယ္။လူကာကူဟာ အဲဗာတန္နဲ႔ ဝက္စ္ဘ႐ြန္းတိုကိုအငွားနဲ႔သြားေရာက္မကစားခင္

ခ်ဲလ္ဆီးမွာ ၂၀၁၁ကေန ၂၀၁၄ခုႏွစ္အထိကစားခဲ့တာျဖစ္ပါတယ္။ အဲဒီေနာက္ မန္ယူကိုေရာက္ရွိသြားခဲ့ၿပီး ပုံမွန္ေျခစြမ္းေပ်ာက္ဆုံးခဲ့ကာ ေနာက္ဆုံးမွာ အင္တာမီလန္ကိုေရာက္သြားခဲ့တာျဖစ္ပါတယ္။ အင္တာမီလန္ကိုစေရာက္တဲ့ႏွစ္မွာပဲ မယုံႏိုင္စရာေျခစြမ္းေတြနဲ႔အတူ လူကာကူျပန္ျဖစ္လာခဲ့တာပါ။

ပထမဆုံးရာသီမွာပဲ အင္တာအတြက္ ၃၆ပြဲကစားၿပီး ၂၄ဂိုးသြင္းကာ စီးရီးေအခ်န္ပီယံဆုကိုပါ ရယူေပးႏိုင္ခဲ့တာျဖစ္ပါတယ္။ အဲဒီေျခစြမ္းေတြေၾကာင့္ပဲ ခ်ဲလ္ဆီးက အသင္းရဲ႕စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ သယ့ကိုျပန္ေခၚယူခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လူကာကူဟာ

ခ်ဲလ္ဆီးအတြက္ၿပိဳင္ပြဲစုံ ၄၄ပြဲသာကစားေပးႏိုင္ခဲ့ၿပီး ၁၅ ဂိုးသာသြင္းႏိုင္ခဲ့တာပါ။ ဒါ့အျပင္ သူ႔ကိုအရန္ခုံပိုခဲ့တဲ့နည္းျပတူခ်ယ္နဲ႔ပါ အဆင္မေျပမႈေတြျဖစ္လာခဲ့တာပါ။ ဒါေၾကာင့္လည္း လူကာကူအေနနဲ႔ စတမ္းဖိုဒ္ဘရစ္ကေန တစ္ေက်ာ့ျပန္လည္းထြက္ခြာဖိုအေျခအေနေရာက္ခဲ့တာျဖစ္ပါတယ္။