ချဲလ်ဆီးဘက်ကို ကိုက် ၇၀ အကွာကတစ်ကိုယ်တော်ဆွဲပြေးပြီး ဗြိတိန်စံချိန်ရှင် အန်ဇိုကို အနိုင်ကျင့်ကျော်ဖြတ်ကာ အဒီယီမီ ဂိုးသွင်းပြခဲ့

ဒေါ့တ်မန်ကြယ်ပွင့် အဒီယီမီဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်

ပထမအကျော့ပွဲစဉ်မှာ ချဲလ်ဆီးဘက်ကို တစ်ကိုယ်တော်အစွမ်းနဲ့

ဂိုးသွင်းပြခဲ့တယ်လို့ sportbible ကဖော်ပြလိုက်ပါတယ်။ ချဲလ်ဆီးအသင်း

ထောင့်ကန်ဘောကို ဒေါ့တ်မန်ကစားသမားတွေရှင်းထုတ်လိုက်တဲ့နောက်

ဘောလုံးက အဒီယီမီဆီကိုရောက်ခဲ့သလို ဂျာမန်ကြယ်ပွင့်ဟာ

ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ တစ်ကိုယ်တော်ဆွဲပြေးပြီး သူ့ရဲ့ပြေးလမ်းမှာ

တစ်ခုတည်းသော အတားအဆီးဖြစ်တဲ့ အန်ဇိုဖာနန်ဒက်ဇ်ကို အနိုင်ကျင့်

ကျော်ဖြတ်ပြီး ဂိုးသွင်းယူခဲ့တာဖြစ်တယ်။ အသက် ၂၁ နှစ်သားဟာ

ဂိုးပေါက်နဲ့ ကိုက် ၇၀ အကွာအဝေးကနေအရှိန်ပြင်းပြင်းဆွဲပြေးပြီး

အဆုံးသတ်နိုင်ခဲ့တာပါ။ ဘင်ဖီကာကနေ ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့

ရောက်လာတဲ့ အန်ဇိုကို အပြင်းအထန်အနိုင်ယူပြခဲ့တာက ပရိသတ်ကို

အံ့အားသင့်စေခဲ့သလို အဒီယီမီရဲ့ “အမိုက်စားပြေးလွှားခြင်း” ကို

ပရိသတ်တွေက ချီးကျူးခဲ့ကြပါတယ်။ “အဒီယီမီကတော့ ချဲလ်ဆီးကို

မိုက်မဲစေခဲ့တယ်” လို့ ပရိသတ်တစ်ယောက်က မှတ်ချက်ပေးခဲ့သလို

ဒုတိယတစ်ယောက်က “အဒီယီမီဆီက ထူးဆန်းတဲ့ပြေးခြင်းမျိုး၊

သူက အန်ဇိုကို အရုပ်လိုလုပ်ပြလိုက်တယ်” လို့ တုံ့ပြန်ခဲ့ပါတယ်။

တတိယတစ်ယောက်ကတော့ “အဒီယီမီကတော့ ဒီညမှာ

အန်ဇိုဖာနန်ဒက်ဇ်ကို စိတ်ရှုပ်စေခဲ့ပြီ” လို့ တွစ်တာမှာ ရေးသားခဲ့ပြီး

စတုတ္ထတစ်ယောက်က “ဒေါ့တ်မန်က နောက်ထပ်ကြယ်ပွင့်သစ်

ရှာဖွေတတ်တဲ့ အလေ့အထရှိတယ်။ အဒီယီမီက သားရဲတစ်ကောင်ဖြစ်ပြီး

ပေါင်သန်း ၁၀၀ တန် ဖာနန်ဒက်ဇ်ကို အသားတုံးလုပ်ပစ်လိုက်တယ်” လို့ ချီးကျူးသွားခဲ့ပါတယ်။

zawgyi

ခ်ဲလ္ဆီးဘက္ကို ကိုက္ ၇၀ အကြာကတစ္ကိုယ္ေတာ္ဆြဲေျပးၿပီး ၿဗိတိန္စံခ်ိန္ရွင္ အန္ဇိုကို အႏိုင္က်င့္ေက်ာ္ျဖတ္ကာ အဒီယီမီ ဂိုးသြင္းျပခဲ့

ေဒါ့တ္မန္ၾကယ္ပြင့္ အဒီယီမီဟာ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္

ပထမအေက်ာ့ပြဲစဥ္မွာ ခ်ဲလ္ဆီးဘက္ကို တစ္ကိုယ္ေတာ္အစြမ္းနဲ႔

ဂိုးသြင္းျပခဲ့တယ္လို႔ sportbible ကေဖာ္ျပလိုက္ပါတယ္။ ခ်ဲလ္ဆီးအသင္း

ေထာင့္ကန္ေဘာကို ေဒါ့တ္မန္ကစားသမားေတြရွင္းထုတ္လိုက္တဲ့ေနာက္

ေဘာလုံးက အဒီယီမီဆီကိုေရာက္ခဲ့သလို ဂ်ာမန္ၾကယ္ပြင့္ဟာ

ရင္ခုန္စိတ္လႈပ္ရွားဖြယ္ရာ တစ္ကိုယ္ေတာ္ဆြဲေျပးၿပီး သူ႔ရဲ႕ေျပးလမ္းမွာ

တစ္ခုတည္းေသာ အတားအဆီးျဖစ္တဲ့ အန္ဇိုဖာနန္ဒက္ဇ္ကို အႏိုင္က်င့္

ေက်ာ္ျဖတ္ၿပီး ဂိုးသြင္းယူခဲ့တာျဖစ္တယ္။ အသက္ ၂၁ ႏွစ္သားဟာ

ဂိုးေပါက္နဲ႔ ကိုက္ ၇၀ အကြာအေဝးကေနအရွိန္ျပင္းျပင္းဆြဲေျပးၿပီး

အဆုံးသတ္ႏိုင္ခဲ့တာပါ။ ဘင္ဖီကာကေန ၿဗိတိန္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးနဲ႔

ေရာက္လာတဲ့ အန္ဇိုကို အျပင္းအထန္အႏိုင္ယူျပခဲ့တာက ပရိသတ္ကို

အံ့အားသင့္ေစခဲ့သလို အဒီယီမီရဲ႕ “အမိုက္စားေျပးလႊားျခင္း” ကို

ပရိသတ္ေတြက ခ်ီးက်ဴးခဲ့ၾကပါတယ္။ “အဒီယီမီကေတာ့ ခ်ဲလ္ဆီးကို

မိုက္မဲေစခဲ့တယ္” လို႔ ပရိသတ္တစ္ေယာက္က မွတ္ခ်က္ေပးခဲ့သလို

ဒုတိယတစ္ေယာက္က “အဒီယီမီဆီက ထူးဆန္းတဲ့ေျပးျခင္းမ်ိဳး၊

သူက အန္ဇိုကို အ႐ုပ္လိုလုပ္ျပလိုက္တယ္” လို႔ တုံ႔ျပန္ခဲ့ပါတယ္။

တတိယတစ္ေယာက္ကေတာ့ “အဒီယီမီကေတာ့ ဒီညမွာ

အန္ဇိုဖာနန္ဒက္ဇ္ကို စိတ္ရႈပ္ေစခဲ့ၿပီ” လို႔ တြစ္တာမွာ ေရးသားခဲ့ၿပီး

စတုတၳတစ္ေယာက္က “ေဒါ့တ္မန္က ေနာက္ထပ္ၾကယ္ပြင့္သစ္

ရွာေဖြတတ္တဲ့ အေလ့အထရွိတယ္။ အဒီယီမီက သားရဲတစ္ေကာင္ျဖစ္ၿပီး

ေပါင္သန္း ၁၀၀ တန္ ဖာနန္ဒက္ဇ္ကို အသားတုံးလုပ္ပစ္လိုက္တယ္” လို႔ ခ်ီးက်ဴးသြားခဲ့ပါတယ္။