ချဲလ်ဆီးတောင်ပံတိုက်စစ်ကစားသမား ဇီယက်ရှ်ရဲ့ ပီအက်စ်ဂျီအပြောင်းအရွှေ့ဟာ
စာရွက်စာတမ်းကိစ္စကြောင့်ဆိုးရွားတဲ့ပြဿနာကြီးတစ်ရပ်ဖြစ်ခဲ့တယ်လို့
Dailyamil သတင်းစာကဖော်ပြလိုက်ပါတယ်။ သူ့ရဲ့အပြောင်းအရွှေ့
တင်သွင်းမှုက အရမ်းကိုနောက်ကျခဲ့တာဖြစ်ပြီး ပီအက်စ်ဂျီအသင်းဟာ
ဖေဖော်ဝါရီ ၂ရက်နေ့ နံနက်ပိုင်းမှာတော့ အယူခံဝင်ဖို့ပြင်ဆင်နေတာဖြစ်တယ်။
ချဲလ်ဆီးအသင်းဘက်က မှားယွင်းတဲ့စာရွက်စာတမ်းတွေအကြိမ်ကြိမ်
ပေးပို့နေခဲ့တာကြောင့် မလိုအပ်တဲ့ပြဿနာဖြစ်ခဲ့ရတယ်လို့ ပြင်သစ်မီဒီယာတွေက
ဖော်ပြနေကြပါတယ်။ ဇီယက်ရှ်ဟာ ပါရီကိုရောက်နေခဲ့ပေမဲ့
ပြင်သစ်ချန်ပီယံတွေဘက်က သူ့ကိုအချိန်မီလက်မှတ်မထိုးနိုင်ခဲ့ပါဘူး။
ကစားသမားဟာ အပြောင်းအရွှေ့နောက်ဆုံးရက်မှာ ပီအက်စ်ဂျီကို
ပြောင်းရွှေ့ဖို့အဆင်သင့်ဖြစ်နေခဲ့တာပါ။ ပြင်သစ်မှာဆေးစစ်မှုတွေခံယူဖို့အထိ
သဘောတူခဲ့ပေမဲ့ လတ်တလောမှာတော့ မော်ရိုကိုကြယ်ပွင့်ရဲ့အနာဂတ်က
သံသယဖြစ်စရာရှိလာခဲ့ပါတယ်။ အေဂျက်ကစားသမားဟောင်းဟာ
၂နှစ်ခွဲကာလအတွင်း စတန်းဖို့ဒ်ဘရစ်ချ်မှာရုန်းကန်နေခဲ့ရသလို
ကာတာကမ္ဘာ့ဖလားမှာခြေစွမ်းပြနိုင်ခဲ့တဲ့နောက် သူ့ရဲ့လက်ရွေးစင်
အသင်းဖော် ဟာကီမီရှိရာ ပီအက်စ်ဂျီကိုပြောင်းရွှေ့ဖို့အခွင့်အလမ်း
ရခဲ့တာဖြစ်တယ်။ ဇန်နဝါရီဈေးကွက်မှာ ချဲလ်ဆီးက တိုက်စစ်ပိုင်းအတွက်
ဂျာအိုဖိလစ်၊ မူဒရက်နဲ့ မာဒူကီတို့ကိုခေါ်ယူထားပြီးဖြစ်တာကြောင့်
ဇီယက်ရှ်အနေနဲ့ ပီအက်စ်ဂျီကိုမပြောင်းရွှေ့နိုင်ခဲ့ဘူးဆိုရင်တော့
အင်္ဂလန်မှာရာသီကုန်တဲ့အထိစိတ်ပျက်လက်ပျက်နဲ့နေရဦးမှာပါ။
ဒီရာသီမှာတော့ ဇီယက်ရှ်ဟာ ချဲလ်ဆီးအတွက် ပရီးမီးယားလိဂ်
၁၀ပွဲ ကစားပေးထားပေမဲ့ အချိုးချကြည့်မယ်ဆိုရင်တော့
တစ်ပွဲပျမ်းမျှ ၄၅ မိနစ်တောင် ကစားခွင့်မရခဲ့သလို ပြိုင်ပွဲစုံမှာ
ဖန်တီးမှု တစ်ကြိမ်သာရှိပြီး တစ်ဂိုးမျှမသွင်းနိုင်ခဲ့ပါဘူး။
zawgyi
ချဲလ်ဆီးဘက်ကမှားယွင်းတဲ့စာရွက်စာတမ်းတွေအကြိမ်ကြိမ်ပေးပို့ခဲ့တာကြောင့် ဇီယက်ရှ်ရဲ့ ပီအက်စ်ဂျီအပြောင်းအရွှေ့ပြဿနာတက်ခဲ့ရ
၂နှစ်ခွဲကာလအတွင်း စတန်းဖို့ဒ်ဘရစ်ခ်ျမှာရုန်းကန်နေခဲ့ရသလို