
လန်ဒန်ကလပ်ဟာ ပိုင်ရှင်သစ်တော့ဒ်ဘိုလေ လက်ထက်အပြောင်းအရွှေ့





ဈေးကွက်နှစ်ရပ်မှာ ပေါင်သန်း ၆၀၀ လောက်သုံးထားပေမဲ့
အောင်မြင်မှုရဖို့အချိန်လိုအပ်နေတာကြောင့် နည်းပြဂရေဟမ်ပေါ်တာကို





စိတ်ရှည်ပေးဖို့လိုအပ်တယ်လို့ ဂယ်ရီနဗီးလ်က ဆိုခဲ့ပါတယ်။
အပြာရောင်တွေဟာ ပြီးခဲ့တဲ့ဇန်နဝါရီဈေးကွက်တစ်ခုတည်းမှာ
ပေါင် ၃၂၃ သန်းအထိသုံးစွဲခဲ့တာဖြစ်သလို ပြီးခဲ့တဲ့နွေဈေးကွက်ပါ





ထည့်တွက်ရင် ပေါင် ၅၆၆ သန်းအထိရှိလာပြီဖြစ်တယ်။ သောကြာည
ကစားခဲ့တဲ့ ဖူလ်ဟမ်နဲ့ပွဲမှာတော့ နည်းပြပေါ်တာဟာ မျက်နှာသစ်တွေဖြစ်တဲ့





အန်ဇိုဖာနန်ဒက်ဇ်၊ မူဒရက်နဲ့ ဘာဒီရာရှီလီတို့ကို ပွဲထွက်လူစာရင်းမှာ
သုံးခဲ့ပါတယ်။ ပွဲစဉ်က ဂိုးမရှိသရေကျခဲ့ပေမဲ့ Sky Sports ရုပ်သံ
တင်ဆက်သူအဖြစ်ပါဝင်ခဲ့တဲ့ နဗီးလ်ကတော့ ချဲလ်ဆီးကစားဟန်ကို





သဘောကျခဲ့ပြီး နည်းပြကိုအချိန်လေးပေးဖို့လိုအပ်တယ်လို့ဆိုခဲ့တာဖြစ်တယ်။
“အရာအားလုံးက ချဲလ်ဆီးရဲ့အခြေခံပါ။ ပေါ်တာက သူတို့နဲ့လက်တွဲချိန်





မကြာသေးသလို သူ့ဘက်က ဒီကစားသမားတွေနဲ့တီထွင်ဖန်တီးဖို့
အချိန်မရှိသေးဘူးလို့ထင်တယ်။ သူ ဒီမှာအချိန်တစ်ခုလိုလိမ့်မယ်။
တိုက်စစ်ပိုင်းတိုးတက်ဖို့လိုတယ်၊ ကွင်းလယ်ကပိုကောင်းဖို့လိုတယ်၊





သူတို့ ပေါင်သန်း ၆၀၀ လောက်သုံးထားပေမဲ့ နေရာတိုင်းမှာပိုကောင်းဖို့
လိုနေပါသေးတယ်။ မင်းပိုက်ဆံတွေကိုလွှင့်ပစ်လိုက်လို့မရဘူး။





ပေါင်သန်း ၆၀၀ အကုန်ကျခံထားတာက တကယ့်ကိုတုန်လှုပ်စရာပါ။
ဒါမျိုးကို အရင်ကဘယ်သူမှမလုပ်ဖူးလို့ စိတ်ရှည်ဖို့တော့လိုလိမ့်မယ်။
ပြီးတော့ အဖွဲ့တစ်ဖွဲ့ကိုပေါင်းစည်းရတာ ဘယ်လောက်ခက်ခဲတယ်ဆိုတာကို





အားလုံးသိကြမှာပါ” လို့ နဗီးလ်က ဆိုခဲ့ပါတယ်။
zawgyi





ခ်ဲလ္ဆီးပိုေကာင္းလာဖို႔အတြက္ ေပၚတာကိုစိတ္ရွည္ေပးရလိမ့္မယ္လို႔ ဂယ္ရီနဗီးလ္ သုံးသပ္လိုက္
လန္ဒန္ကလပ္ဟာ ပိုင္ရွင္သစ္ေတာ့ဒ္ဘိုေလ လက္ထက္အေျပာင္းအေ႐ႊ႕
ေဈးကြက္ႏွစ္ရပ္မွာ ေပါင္သန္း ၆၀၀ ေလာက္သုံးထားေပမဲ့





ေအာင္ျမင္မႈရဖို႔အခ်ိန္လိုအပ္ေနတာေၾကာင့္ နည္းျပဂေရဟမ္ေပၚတာကို
စိတ္ရွည္ေပးဖို႔လိုအပ္တယ္လို႔ ဂယ္ရီနဗီးလ္က ဆိုခဲ့ပါတယ္။





အျပာေရာင္ေတြဟာ ၿပီးခဲ့တဲ့ဇန္နဝါရီေဈးကြက္တစ္ခုတည္းမွာ
ေပါင္ ၃၂၃ သန္းအထိသုံးစြဲခဲ့တာျဖစ္သလို ၿပီးခဲ့တဲ့ေႏြေဈးကြက္ပါ
ထည့္တြက္ရင္ ေပါင္ ၅၆၆ သန္းအထိရွိလာၿပီျဖစ္တယ္။ ေသာၾကာည





ကစားခဲ့တဲ့ ဖူလ္ဟမ္နဲ႔ပြဲမွာေတာ့ နည္းျပေပၚတာဟာ မ်က္ႏွာသစ္ေတြျဖစ္တဲ့
အန္ဇိုဖာနန္ဒက္ဇ္၊ မူဒရက္နဲ႔ ဘာဒီရာရွီလီတို႔ကို ပြဲထြက္လူစာရင္းမွာ





သုံးခဲ့ပါတယ္။ ပြဲစဥ္က ဂိုးမရွိသေရက်ခဲ့ေပမဲ့ Sky Sports ႐ုပ္သံ
တင္ဆက္သူအျဖစ္ပါဝင္ခဲ့တဲ့ နဗီးလ္ကေတာ့ ခ်ဲလ္ဆီးကစားဟန္ကို
သေဘာက်ခဲ့ၿပီး နည္းျပကိုအခ်ိန္ေလးေပးဖို႔လိုအပ္တယ္လို႔ဆိုခဲ့တာျဖစ္တယ္။





“အရာအားလုံးက ခ်ဲလ္ဆီးရဲ႕အေျခခံပါ။ ေပၚတာက သူတို႔နဲ႔လက္တြဲခ်ိန္
မၾကာေသးသလို သူ႔ဘက္က ဒီကစားသမားေတြနဲ႔တီထြင္ဖန္တီးဖို႔





အခ်ိန္မရွိေသးဘူးလို႔ထင္တယ္။ သူ ဒီမွာအခ်ိန္တစ္ခုလိုလိမ့္မယ္။
တိုက္စစ္ပိုင္းတိုးတက္ဖို႔လိုတယ္၊ ကြင္းလယ္ကပိုေကာင္းဖို႔လိုတယ္၊
သူတို႔ ေပါင္သန္း ၆၀၀ ေလာက္သုံးထားေပမဲ့ ေနရာတိုင္းမွာပိုေကာင္းဖို႔





လိုေနပါေသးတယ္။ မင္းပိုက္ဆံေတြကိုလႊင့္ပစ္လိုက္လို႔မရဘူး။
ေပါင္သန္း ၆၀၀ အကုန္က်ခံထားတာက တကယ့္ကိုတုန္လႈပ္စရာပါ။





ဒါမ်ိဳးကို အရင္ကဘယ္သူမွမလုပ္ဖူးလို႔ စိတ္ရွည္ဖို႔ေတာ့လိုလိမ့္မယ္။
ၿပီးေတာ့ အဖြဲ႕တစ္ဖြဲ႕ကိုေပါင္းစည္းရတာ ဘယ္ေလာက္ခက္ခဲတယ္ဆိုတာကို
အားလုံးသိၾကမွာပါ” လို႔ နဗီးလ္က ဆိုခဲ့ပါတယ္။




