ချဲလ်ဆီးပရိသတ်များရဲ့လုပ်ရပ်ကို ဒုတိယဝန်ကြီးချုပ် ဒိုမီနစ်ရက်ဘ် အပြင်းအထန်ဝေဖန်

ရုရှားဘီလျှံနာဟာ ပူတင်ရဲ့ယူကရိန်းကျူးကျော်စစ်ကြောင့်

အရေးယူပိတ်ဆို့ခံရမယ့်အခြေအနေတွင်ရှိနေတာကြောင့်

အသက်ရှု ချောင်စေဖို့ အတွက် ၁၉နှစ်ကြာဦးဆောင်လာခဲ့တဲ့

ချဲလ်ဆီးကိုရောင်းချရန်စီစဉ်ထားပါတယ်။

ပြီးခဲ့တဲ့ ဘန်လေနှင့်ချဲလ်ဆီးပွဲမတိုင်မီရုရှားရဲ့ကျူးကျော်စစ်ဆင်နွှဲခံရတဲ့

ယူကရိန်းကို အားပေးတဲ့အနေဖြင့်တစ်မိနစ်ကြာလက်ခုပ်တီးခဲ့ကြပါတယ်။

ဒါပေမယ့် အဲဒီအချိန်တွင်ချဲလ်ဆီးပရိသတ်များက

အသင်းကိုအရောင်းစာရင်းတင်ခဲ့တဲ့ရိုမန်အေဘရာမိုဗစ်ရဲ့

အမည်ကိုအော်ဟစ်ခဲ့ကြပါတယ်။ ချဲလ်ဆီး ပရိသတ်တွေကြားမှာ

အမြင်မတူ မှုတွေ ရှိနေတာပါလား။ ဒါမှမဟုတ် ပူတင် ဘက်ကို အားပေးနေကြတာပါလား။

အသင်းပိုင်ရှင်ရိုမန်အေဘရာမိုဗစ်ရဲ့အမည်ကိုအော်ဟစ်ခဲ့တဲ့

ချဲလ်ဆီးပရိသတ်များရဲ့လုပ်ရပ်ကို ဒုတိယဝန်ကြီးချုပ်

ဒိုမီနစ်ရက်ဘ်ဟာအပြင်းအထန်ဝေဖန်ထားပါတယ်။

ချဲလ်ဆီးပရိသတ်တစ်ဦးလည်းဖြစ်တဲ့ဒုတိယဝန်ကြီးချုပ်က

“ကျုပ်လည်းချဲလ်ဆီးပရိသတ်တစ်ဦးပါ။ဒါပေမဲ့ဒါကတော့လုံးဝမှားတယ်။

ပရိသတ်အနည်းအကျဉ်းလောက်ကပဲလုပ်တာပါ။

တူချယ် ရှေ့ထွက်လာပြီးပြောတာမှန်တယ်။ဒီလက်ခံနိုင်စရာမရှိတဲ့

အလုပ်ကိုရှင်းလင်းတာမှန်တယ်”လို့ပြောကြားသွားပါတယ်။

ချဲလ်ဆီးနည်းပြတူချယ်ဟာလည်း ပရိသတ်များရဲ့လုပ်ရပ်နဲ့ပတ်သက်ပြီး

”ဒီအချိန်က တခြားမက်ဆေ့ချ် ပေးရမယ့်အချိန် မဟုတ်ပါဘူး။

ဒီအချိန်မှာ ဒါမျိုးမလုပ်သင့်ပါဘူး။ လေးစားမှု ပြသရမယ့်အချိန်ပါ။

ကျွန်တော်တို့ ယူကရိန်းအတွက် လုပ်ဆောင်နေချိန်မှာ

ပရိသတ်တွေ အတူရပ်တည်သင့်ပါတယ်”လို့ ဆိုခဲ့ပါတယ်။

zawgyi

ခ်ဲလ္ဆီးပရိသတ္မ်ားရဲ႕လုပ္ရပ္ကို ဒုတိယဝန္ႀကီးခ်ဳပ္ ဒိုမီနစ္ရက္ဘ္ အျပင္းအထန္ေဝဖန္

႐ုရွားဘီလွ်ံနာဟာ ပူတင္ရဲ႕ယူကရိန္းက်ဴးေက်ာ္စစ္ေၾကာင့္

အေရးယူပိတ္ဆို႔ခံရမယ့္အေျခအေနတြင္ရွိေနတာေၾကာင့္

အသက္ရႈ ေခ်ာင္ေစဖို႔ အတြက္ ၁၉ႏွစ္ၾကာဦးေဆာင္လာခဲ့တဲ့

ခ်ဲလ္ဆီးကိုေရာင္းခ်ရန္စီစဥ္ထားပါတယ္။

ၿပီးခဲ့တဲ့ ဘန္ေလႏွင့္ခ်ဲလ္ဆီးပြဲမတိုင္မီ႐ုရွားရဲ႕က်ဴးေက်ာ္စစ္ဆင္ႏႊဲခံရတဲ့

ယူကရိန္းကို အားေပးတဲ့အေနျဖင့္တစ္မိနစ္ၾကာလက္ခုပ္တီးခဲ့ၾကပါတယ္။

ဒါေပမယ့္ အဲဒီအခ်ိန္တြင္ခ်ဲလ္ဆီးပရိသတ္မ်ားက

အသင္းကိုအေရာင္းစာရင္းတင္ခဲ့တဲ့႐ိုမန္ေအဘရာမိုဗစ္ရဲ႕

အမည္ကိုေအာ္ဟစ္ခဲ့ၾကပါတယ္။ ခ်ဲလ္ဆီး ပရိသတ္ေတြၾကားမွာ

အျမင္မတူ မႈေတြ ရွိေနတာပါလား။ ဒါမွမဟုတ္ ပူတင္ ဘက္ကို အားေပးေနၾကတာပါလား။

အသင္းပိုင္ရွင္႐ိုမန္ေအဘရာမိုဗစ္ရဲ႕အမည္ကိုေအာ္ဟစ္ခဲ့တဲ့

ခ်ဲလ္ဆီးပရိသတ္မ်ားရဲ႕လုပ္ရပ္ကို ဒုတိယဝန္ႀကီးခ်ဳပ္

ဒိုမီနစ္ရက္ဘ္ဟာအျပင္းအထန္ေဝဖန္ထားပါတယ္။

ခ်ဲလ္ဆီးပရိသတ္တစ္ဦးလည္းျဖစ္တဲ့ဒုတိယဝန္ႀကီးခ်ဳပ္က

“က်ဳပ္လည္းခ်ဲလ္ဆီးပရိသတ္တစ္ဦးပါ။ဒါေပမဲ့ဒါကေတာ့လုံးဝမွားတယ္။

ပရိသတ္အနည္းအက်ဥ္းေလာက္ကပဲလုပ္တာပါ။

တူခ်ယ္ ေရွ႕ထြက္လာၿပီးေျပာတာမွန္တယ္။ဒီလက္ခံႏိုင္စရာမရွိတဲ့

အလုပ္ကိုရွင္းလင္းတာမွန္တယ္”လို႔ေျပာၾကားသြားပါတယ္။

ခ်ဲလ္ဆီးနည္းျပတူခ်ယ္ဟာလည္း ပရိသတ္မ်ားရဲ႕လုပ္ရပ္နဲ႔ပတ္သက္ၿပီး

”ဒီအခ်ိန္က တျခားမက္ေဆ့ခ်္ ေပးရမယ့္အခ်ိန္ မဟုတ္ပါဘူး။

ဒီအခ်ိန္မွာ ဒါမ်ိဳးမလုပ္သင့္ပါဘူး။ ေလးစားမႈ ျပသရမယ့္အခ်ိန္ပါ။

ကြၽန္ေတာ္တို႔ ယူကရိန္းအတြက္ လုပ္ေဆာင္ေနခ်ိန္မွာ

ပရိသတ္ေတြ အတူရပ္တည္သင့္ပါတယ္”လို႔ ဆိုခဲ့ပါတယ္။