
ရော်နယ်ဒိုက သူ့ရဲ့အေးဂျင့်ဖြစ်တဲ့ ဂျော့မန်ဒက်စ်ကို ချန်ပီယံလိဂ်





ကစားခွင့်ရမယ့် ကလပ်နှစ်သင်းကိုပြောင်းရွှေ့ဖို့မလုပ်ပေးနိုင်ရင်
ဇာတ်လမ်းပြတ်ပြီလို့ပြောဆိုခဲ့ကြောင်း စပိန်သတင်းစာ





El Mundo ကဖော်ပြလိုက်ပါတယ်။ ယူနိုက်တက်နဲ့လမ်းခွဲခဲ့ပြီးနောက်
ရော်နယ်ဒိုတောင်းဆိုတာတွေကိုမလုပ်ပေးနိုင်တဲ့နောက်
သူတို့နှစ်ယောက်ရဲ့လက်တွဲမှုက အဆုံးသတ်ခဲ့တာဖြစ်တယ်။





နောက်ဆုံးမှာတော့ ဘလွန်းဒီအော် ၅ကြိမ်ရှင်ဟာ မန်ဒက်စ်ရဲ့
အကူအညီမယူဘဲ ဆော်ဒီကလပ်ကိုပြောင်းရွှေ့ခဲ့တာပါ။





သတင်းတွေအရတော့ မန်ဒက်စ်ဟာ ရော်နယ်ဒို အင်တာဗျူးလုပ်မယ့်
အစီအစဉ်တွေကိုသဘောမတူခဲ့ပေမဲ့ ပေါ်တူဂီစူပါစတားကတော့
သရဲနီပရိသတ်တွေချဉ်သွားလောက်တဲ့ လမ်းကြောင်းကို





ရွေးချယ်ခဲ့တာဖြစ်တယ်။ တကယ်တော့ ရော်နယ်ဒိုဘက်က
အတ္တကြီးလွန်းခဲ့တာဖြစ်ပြီး ချဲလ်ဆီးနဲ့ ဘိုင်ယန်မြူးနစ်ကို





ပြောင်းရွှေ့ခွင့်မရခဲ့တာကြောင့် စူပါအေးဂျင့်မန်ဒက်စ်ကို
ကန်ထုတ်သွားခဲ့တာပါ။ ချဲလ်ဆီးအသင်းပိုင်းရှင် တုတ်ဒ်ဘိုလေဟာ
အစောပိုင်းမှာ ရော်နယ်ဒိုကိုခေါ်ယူဖို့စိတ်ဝင်စားခဲ့ပေမဲ့





အလားအလာရှိတဲ့အပြောင်းအရွှေ့ကို နည်းပြအဖြစ်ရှိနေတဲ့
တူချယ်က ပေါ်တူဂီကြယ်ပွင့်ဟာ အသင်းနဲ့မသင့်တော်ဘူးလို့





ပယ်ဖျက်ခဲ့တာဖြစ်တယ်။ ဘိုင်ယန်မြူးနစ်ကလည်း မာနေးကို
ခေါ်ယူထားပြီးဖြစ်တာကြောင့် ရော်နယ်ဒိုကိစ္စကိုအလေးအနက်
မထားခဲ့တာပါ။ စီအီးအိုဖြစ်တဲ့ အိုလီဗာခန်းကိုယ်တိုင်က





ဒီအပြောင်းအရွှေ့ကို လူသိရှင်ကြားငြင်းဆန်ခဲ့တာဖြစ်တယ်။
“ရော်နယ်ဒို အပြောင်းအရွှေ့ကို ကျွန်တော်ငြင်းဆန်နိုင်ပါတယ်။





ဒါက ကျွန်တော်တို့တာဝန်လို့ယူဆတယ်။ ကျွန်တော်တို့အားလုံး
သူ့ကိုသဘောကျပေမဲ့ မတူညီတဲ့ဗျူဟာတစ်ခုရှိပါတယ်။
ကျွန်တော်တို့မှာပြတ်သားတဲ့ ဆုံးဖြတ်ချက်၊ အသင်းကိုဘယ်လို





စုစည်းရမယ်ဆိုတဲ့ ခံယူချက်ရှိနေပါတယ်” လို့ အိုလီဗာလန်းက ပြောဆိုခဲ့တာဖြစ်တယ်။
zawgyi





ခ်ဲလ္ဆီးနဲ႔ ဘိုင္ယန္ျမဴးနစ္ကိုေျပာင္းေ႐ႊ႕ႏိုင္ဖို႔မလုပ္ေပးရင္ ဇာတ္လမ္းျပတ္ၿပီလို႔ မန္ဒက္စ္ကို ေရာ္နယ္ဒို ေျပာဆိုခဲ့
ေရာ္နယ္ဒိုက သူ႔ရဲ႕ေအးဂ်င့္ျဖစ္တဲ့ ေဂ်ာ့မန္ဒက္စ္ကို ခ်န္ပီယံလိဂ္
ကစားခြင့္ရမယ့္ ကလပ္ႏွစ္သင္းကိုေျပာင္းေ႐ႊ႕ဖို႔မလုပ္ေပးႏိုင္ရင္





ဇာတ္လမ္းျပတ္ၿပီလို႔ေျပာဆိုခဲ့ေၾကာင္း စပိန္သတင္းစာ
El Mundo ကေဖာ္ျပလိုက္ပါတယ္။ ယူႏိုက္တက္နဲ႔လမ္းခြဲခဲ့ၿပီးေနာက္





ေရာ္နယ္ဒိုေတာင္းဆိုတာေတြကိုမလုပ္ေပးႏိုင္တဲ့ေနာက္
သူတို႔ႏွစ္ေယာက္ရဲ႕လက္တြဲမႈက အဆုံးသတ္ခဲ့တာျဖစ္တယ္။
ေနာက္ဆုံးမွာေတာ့ ဘလြန္းဒီေအာ္ ၅ႀကိမ္ရွင္ဟာ မန္ဒက္စ္ရဲ႕





အကူအညီမယူဘဲ ေဆာ္ဒီကလပ္ကိုေျပာင္းေ႐ႊ႕ခဲ့တာပါ။
သတင္းေတြအရေတာ့ မန္ဒက္စ္ဟာ ေရာ္နယ္ဒို အင္တာဗ်ဴးလုပ္မယ့္





အစီအစဥ္ေတြကိုသေဘာမတူခဲ့ေပမဲ့ ေပၚတူဂီစူပါစတားကေတာ့
သရဲနီပရိသတ္ေတြခ်ဥ္သြားေလာက္တဲ့ လမ္းေၾကာင္းကို
ေ႐ြးခ်ယ္ခဲ့တာျဖစ္တယ္။ တကယ္ေတာ့ ေရာ္နယ္ဒိုဘက္က





အတၱႀကီးလြန္းခဲ့တာျဖစ္ၿပီး ခ်ဲလ္ဆီးနဲ႔ ဘိုင္ယန္ျမဴးနစ္ကို
ေျပာင္းေ႐ႊ႕ခြင့္မရခဲ့တာေၾကာင့္ စူပါေအးဂ်င့္မန္ဒက္စ္ကို





ကန္ထုတ္သြားခဲ့တာပါ။ ခ်ဲလ္ဆီးအသင္းပိုင္းရွင္ တုတ္ဒ္ဘိုေလဟာ
အေစာပိုင္းမွာ ေရာ္နယ္ဒိုကိုေခၚယူဖို႔စိတ္ဝင္စားခဲ့ေပမဲ့
အလားအလာရွိတဲ့အေျပာင္းအေ႐ႊ႕ကို နည္းျပအျဖစ္ရွိေနတဲ့





တူခ်ယ္က ေပၚတူဂီၾကယ္ပြင့္ဟာ အသင္းနဲ႔မသင့္ေတာ္ဘူးလို႔
ပယ္ဖ်က္ခဲ့တာျဖစ္တယ္။ ဘိုင္ယန္ျမဴးနစ္ကလည္း မာေနးကို





ေခၚယူထားၿပီးျဖစ္တာေၾကာင့္ ေရာ္နယ္ဒိုကိစၥကိုအေလးအနက္
မထားခဲ့တာပါ။ စီအီးအိုျဖစ္တဲ့ အိုလီဗာခန္းကိုယ္တိုင္က
ဒီအေျပာင္းအေ႐ႊ႕ကို လူသိရွင္ၾကားျငင္းဆန္ခဲ့တာျဖစ္တယ္။





“ေရာ္နယ္ဒို အေျပာင္းအေ႐ႊ႕ကို ကြၽန္ေတာ္ျငင္းဆန္ႏိုင္ပါတယ္။
ဒါက ကြၽန္ေတာ္တို႔တာဝန္လို႔ယူဆတယ္။ ကြၽန္ေတာ္တို႔အားလုံး





သူ႔ကိုသေဘာက်ေပမဲ့ မတူညီတဲ့ဗ်ဴဟာတစ္ခုရွိပါတယ္။
ကြၽန္ေတာ္တို႔မွာျပတ္သားတဲ့ ဆုံးျဖတ္ခ်က္၊ အသင္းကိုဘယ္လို
စုစည္းရမယ္ဆိုတဲ့ ခံယူခ်က္ရွိေနပါတယ္” လို႔ အိုလီဗာလန္းက ေျပာဆိုခဲ့တာျဖစ္တယ္။




