
ကလပ်ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်မှာ ချဲလ်ဆီးရင်ဆိုင်ရမယ့်အသင်းဟာ
ယူအေအီးကလပ်အယ်ဂျာဇီးယားကို ၆-၁ ဂိုးနဲ့
အပြတ်အသတ်ကျော်ဖြတ်လာခဲ့တဲ့ ဆော်ဒီကလပ်အယ်ဟီလယ်ဖြစ်ပါတယ်။
ပြီးခဲ့တဲ့တနင်္ဂနွေက အယ်ဟီလယ်ရဲ့အဲဒီဂိုးပြတ်နိုင်ပွဲဟာ
ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက်
အပြတ်သားဆုံးနိုင်ပွဲအဖြစ်လည်း စံချိန်တင်သွားခဲ့ပါတယ်။
ဖြစ်ချင်တော့ မန်ယူတိုက်စစ်မှုးဟောင်းအစ်ဂ်ဟာလိုကလည်း
အဲဒီအာရှချန်ပီယံအသင်းအတွက် သူ့ရဲ့ပွဲဦးထွက်မှာ
အနိုင်ဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့တာပါ။
အဲဒီနိုင်ဂျီးရီးယားသားတိုက်စစ်မှုးဟာ အငှားစာချုပ်သက်တမ်းကုန်လို့
မန်ယူကနေ ထွက်ခွာသွားခဲ့တာ တစ်နှစ်ကျော်သာ ရှိပါသေးတယ်။
အဲဒီနောက် ဆော်ဒီအသင်းတစ်သင်းဖြစ်တဲ့ အယ်ရှာဘက်ကို ရောက်ရှိသွားပြီး
အဲဒီက ၃၂ ပွဲမှာ ၂၂ ဂိုးသွင်းပြီး ခြေစွမးပြနိုင်ခဲ့တာပါ။
အယ်ရှာဘက်မှာ ဂိုးသွင်းခြေစွမ်းပြနိုင်ခဲ့လို့
ဆော်ဒီချန်ပီယံလည်းဖြစ်တဲ့အယ်ဟီလယ်က
ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့နောက်ဆုံးရက်မှာ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။
အခုတော့ အစ်ဂ်ဟာလိုဟာ ဖီဖာကလပ်ကမ္ဘာ့ဖလားမှာ
အသင်းသစ်အတွက် ပွဲဦးထွက်ခွင့်ရခဲ့သလို ဂိုးလည်းသွင်းနိုင်ခဲ့တာပါ။
၃၂ နှစ်အရွယ် အစ်ဂ်ဟာလိုဟာ အယ်ဂျာဇီးယားနဲ့ပွဲမှာ
ချေပဂိုးသွင်းနိုင်ခဲ့တာဖြစ်ပြီး သူ့အသင်းဂိုးပြတ်အနိုင်ရအောင် ကူညီပေးနိုင်ခဲ့ပါတယ်။
သူဟာ ၂၀၂၀ တုန်းက မန်ယူအတွက် ပွဲဦးထွက်ခဲ့တုန်းကလည်း
ချဲလ်ဆီးနဲ့ပဲ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး အဲဒီတုန်းက
နောက်ကျမှလူစားဝင်လာပေမယ့် ဂိုးသွင်းနိုင်လုနီးပါးဖြစ်ခဲ့ပါတယ်။
မန်ယူအငှားကစားသမားဘဝတုန်းက ချဲလ်ဆီးဟာ
သူ့ရဲ့အက်ဖ်အေဖလားဆုတံဆိပ်မျှော်လင့်ချက်ကို
ဆီးမီးဖိုင်နယ်မှာ ရိုက်ချိုးခဲ့တာဖြစ်လို့ အဲဒီဆီမီးရှုံးကြွေးကို
ဒီက ဆီမီးမှာ ပြန်ဆပ်ဖို့ အားခဲထားမှာပါ။
zawgyi
ခ်ဲလ္ဆီးနဲ႔ ဆီမီးရႈံးေႂကြးကို ဆီမီးမွာ ျပန္ဆပ္ဖို႔ အားခဲထားတဲ့ မန္ယူတိုက္စစ္မႈးေဟာင္း
ကလပ္ကမာၻ႔ဖလားဆီမီးဖိုင္နယ္မွာ ခ်ဲလ္ဆီးရင္ဆိုင္ရမယ့္အသင္းဟာ
ယူေအအီးကလပ္အယ္ဂ်ာဇီးယားကို ၆-၁ ဂိုးနဲ႔
အျပတ္အသတ္ေက်ာ္ျဖတ္လာခဲ့တဲ့ ေဆာ္ဒီကလပ္အယ္ဟီလယ္ျဖစ္ပါတယ္။
ၿပီးခဲ့တဲ့တနဂၤေႏြက အယ္ဟီလယ္ရဲ႕အဲဒီဂိုးျပတ္ႏိုင္ပြဲဟာ
ကလပ္ကမာၻ႔ဖလားၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္
အျပတ္သားဆုံးႏိုင္ပြဲအျဖစ္လည္း စံခ်ိန္တင္သြားခဲ့ပါတယ္။
ျဖစ္ခ်င္ေတာ့ မန္ယူတိုက္စစ္မႈးေဟာင္းအစ္ဂ္ဟာလိုကလည္း
အဲဒီအာရွခ်န္ပီယံအသင္းအတြက္ သူ႔ရဲ႕ပြဲဦးထြက္မွာ
အႏိုင္ဂိုးတစ္ဂိုးသြင္းယူႏိုင္ခဲ့တာပါ။
အဲဒီႏိုင္ဂ်ီးရီးယားသားတိုက္စစ္မႈးဟာ အငွားစာခ်ဳပ္သက္တမ္းကုန္လို႔
မန္ယူကေန ထြက္ခြာသြားခဲ့တာ တစ္ႏွစ္ေက်ာ္သာ ရွိပါေသးတယ္။
အဲဒီေနာက္ ေဆာ္ဒီအသင္းတစ္သင္းျဖစ္တဲ့ အယ္ရွာဘက္ကို ေရာက္ရွိသြားၿပီး
အဲဒီက ၃၂ ပြဲမွာ ၂၂ ဂိုးသြင္းၿပီး ေျခစြမးျပႏိုင္ခဲ့တာပါ။
အယ္ရွာဘက္မွာ ဂိုးသြင္းေျခစြမ္းျပႏိုင္ခဲ့လို႔
ေဆာ္ဒီခ်န္ပီယံလည္းျဖစ္တဲ့အယ္ဟီလယ္က
ၿပီးခဲ့တဲ့ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေနာက္ဆုံးရက္မွာ ေခၚယူခဲ့တာ ျဖစ္ပါတယ္။
အခုေတာ့ အစ္ဂ္ဟာလိုဟာ ဖီဖာကလပ္ကမာၻ႔ဖလားမွာ
အသင္းသစ္အတြက္ ပြဲဦးထြက္ခြင့္ရခဲ့သလို ဂိုးလည္းသြင္းႏိုင္ခဲ့တာပါ။
၃၂ ႏွစ္အ႐ြယ္ အစ္ဂ္ဟာလိုဟာ အယ္ဂ်ာဇီးယားနဲ႔ပြဲမွာ
ေခ်ပဂိုးသြင္းႏိုင္ခဲ့တာျဖစ္ၿပီး သူ႔အသင္းဂိုးျပတ္အႏိုင္ရေအာင္ ကူညီေပးႏိုင္ခဲ့ပါတယ္။
သူဟာ ၂၀၂၀ တုန္းက မန္ယူအတြက္ ပြဲဦးထြက္ခဲ့တုန္းကလည္း
ခ်ဲလ္ဆီးနဲ႔ပဲ ရင္ဆိုင္ခဲ့ရတာျဖစ္ၿပီး အဲဒီတုန္းက
ေနာက္က်မွလူစားဝင္လာေပမယ့္ ဂိုးသြင္းႏိုင္လုနီးပါးျဖစ္ခဲ့ပါတယ္။
မန္ယူအငွားကစားသမားဘဝတုန္းက ခ်ဲလ္ဆီးဟာ
သူ႔ရဲ႕အက္ဖ္ေအဖလားဆုတံဆိပ္ေမွ်ာ္လင့္ခ်က္ကို
ဆီးမီးဖိုင္နယ္မွာ ႐ိုက္ခ်ိဳးခဲ့တာျဖစ္လို႔ အဲဒီဆီမီးရႈံးေႂကြးကို
ဒီက ဆီမီးမွာ ျပန္ဆပ္ဖို႔ အားခဲထားမွာပါ။