ချဲလ်ဆီးနောက်ခံလူဟောင်းဂါးလက်စ်ရဲ့ ခရိတ်ဘာလေအပေါ် တုံ့ပြန်ချက်

မန်စီးတီးက ပရီးမီးယားလိဂ်မှာ အမှတ်ဖြတ်ဦးဆောင်နေချိန်

ချဲလ်ဆီးဟာ ကလပ်ကမ္ဘာ့ဖလားအောင်ပွဲမှာ သာယာနေတယ်ဆိုတဲ့

ပြောဆိုမှုကို အသင်းနောက်ခံလူဟောင်းဂါးလက်စ်က ပြန်လည်တုံ့ပြန်လိုက်ပါတယ်။
ကလပ်ကမ္ဘာ့ဖလားအောင်ပွဲကြောင့် ချဲလ်ဆီးဟဟာ အသင်းပိုင်ရှင်မိုဗစ်ချ်လက်ထက

ရရှိနိုင်မယ့်ဆုဖလားအားလုံးကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ချဲလ်ဆီးအနေနဲ့ အဲဒီပြိုင်ပွဲအတွက် ဒူဘိုင်းမှာ သွားရောက်ယှဉ်ပြိုင်နေရချိန် မန်စီးတီးက

ပရီးမီးယားလိဂ်မှာ သူတို့ကို ၁၆ မှတ်ဖြတ်လိုက်ပါတယ်။

ဒါကြောင့်လည်း ချဲလ်ဆီးကြယ်ပွင့်ဟောင်းခရိတ်ဘာလေက ဘာမှမဟုတ်တဲ့ပြိုင်ပွဲတစ်ခုမှာ

အောင်ပွဲခံရမလားဆိုပြီး သူ့အသင်းဟောင်းကို ရုပ်သံကနေ ဝေဖန်မှုလုပ်ခဲ့တာပါ။

ဒါပေမဲ့ ချဲလ်ဆီးကြယ်ပွင့်ဟောင်းပဲဖြစ်တဲ့ဂါးလက်စ်ကတော့ ဘာလေပြောခဲ့တာကို

လက်မခံနိုင်ခဲ့ဘဲ ပြန်လည်တုံ့ပြန်မှုလုပ်ခဲ့ပါတယ်။
”ပြိုင်ပွဲတစ်ခုမှာ အနိုင်ရလို့ အောင်ပွဲခံတာကို ဝေဖန်တာကျ ဘာကြောင့်မှန်း

ကျွန်တော်မသိပါဘူး။ ဒါက သူတို့ရဲ့အောင်မြင်မှုမှာ ထပ်ပေါင်းရမယ့် နောက်ထပ်ဆုဖလားတစ်ခုပါ။

ဒီလိုပြောဆိုမှုမျိုးက မကစားရတဲ့လူတွေဆီက လာတာလို့ ထင်ပါတယ်။ အက်ဖ်အေဖလား၊

လိဂ်ဖလားနဲ့ ကလပ်ကမ္ဘာ့ဖလားတို့လို ဖလားပြိုင်ပွဲတွေမှာ ကစားရပြီဆိုရင် ကစားသမားတွေဟာ

ဗိုလ်လုပွဲရောက်ဖို့နဲ့ အဲဒီမှာ အနိုင်ရဖို့ အစွမ်းကုန်ကြိုးစားကြတာပါ။ ဖလားပြိုင်ပွဲတစ်ခုမှာ

ဗိုလ်စွဲဖို့ဆိုတာ ဘယ်တုန်းကမှ မလွယ်ကူဘူးလေ။ ဘယ်ပြိုင်ပွဲပဲဖြစ်ဖြစ်ပါ”လို့ ဂါးလက်စ်က

ပြောကြားခဲ့ပါတယ်။


အခုတော့ ချဲလ်ဆီးဟာ ပရီးမီးယားလိဂ်ဘက်ကို ပြန်လည်အာရုံစိုက်ရတော့မှာဖြစ်ပြီး

လာမယ့်စနေမှာ သူတို့ဟာ ပဲလေ့စ်နဲ့လန်ဒန်ဒါဘီအဝေးကွင်းပွဲစဉ်ကစားရမှာပါ။

တူချယ်ရဲ့အသင်းဟာ ဇယားထိပ်က မန်စီးတီးနဲ့ ၁၆ မှတ်ကွာနေပေမယ့် တစ်ပွဲပိုလျော့ပါတယ်။

ဒါပေမဲ့ ပွဲအရေအတွက်တူတဲ့ဒုတိယနေရာက လီဗာပူးနဲ့လည်း ၇ မှတ်ကွာနေတာပါ။

Zawgyi

ခ်ဲလ္ဆီးေနာက္ခံလူေဟာင္းဂါးလက္စ္ရဲ့ ခရိတ္ဘာေလအေပၚ တံု႔ျပန္ခ်က္

မန္စီးတီးက ပရီးမီးယားလိဂ္မွာ အမွတ္ျဖတ္ဦးေဆာင္ေနခ်ိန္

ခ်ဲလ္ဆီးဟာ ကလပ္ကမာၻ႔ဖလားေအာင္ပြဲမွာ သာယာေနတယ္ဆိုတဲ့

ေျပာဆိုမႈကို အသင္းေနာက္ခံလူေဟာင္းဂါးလက္စ္က ျပန္လည္တုံ႔ျပန္လိုက္ပါတယ္။
ကလပ္ကမာၻ႔ဖလားေအာင္ပြဲေၾကာင့္ ခ်ဲလ္ဆီးဟဟာ အသင္းပိုင္ရွင္မိုဗစ္ခ်္လက္ထက္

ရရွိႏိုင္မယ့္ဆုဖလားအားလုံးကို သိမ္းပိုက္ႏိုင္ခဲ့ပါတယ္။
ခ်ဲလ္ဆီးအေနနဲ႔ အဲဒီၿပိဳင္ပြဲအတြက္ ဒူဘိုင္းမွာ သြားေရာက္ယွဥ္ၿပိဳင္ေနရခ်ိန္ မန္စီးတီးက

ပရီးမီးယားလိဂ္မွာ သူတို႔ကို ၁၆ မွတ္ျဖတ္လိုက္ပါတယ္။
ဒါေၾကာင့္လည္း ခ်ဲလ္ဆီးၾကယ္ပြင့္ေဟာင္းခရိတ္ဘာေလက ဘာမွမဟုတ္တဲ့ၿပိဳင္ပြဲတစ္ခုမွာ

ေအာင္ပြဲခံရမလားဆိုၿပီး သူ႔အသင္းေဟာင္းကို ႐ုပ္သံကေန ေဝဖန္မႈလုပ္ခဲ့တာပါ။
ဒါေပမဲ့ ခ်ဲလ္ဆီးၾကယ္ပြင့္ေဟာင္းပဲျဖစ္တဲ့ဂါးလက္စ္ကေတာ့ ဘာေလေျပာခဲ့တာကို

လက္မခံႏိုင္ခဲ့ဘဲ ျပန္လည္တုံ႔ျပန္မႈလုပ္ခဲ့ပါတယ္။
”ၿပိဳင္ပြဲတစ္ခုမွာ အႏိုင္ရလို႔ ေအာင္ပြဲခံတာကို ေဝဖန္တာက် ဘာေၾကာင့္မွန္း

ကြၽန္ေတာ္မသိပါဘူး။ ဒါက သူတို႔ရဲ႕ေအာင္ျမင္မႈမွာ ထပ္ေပါင္းရမယ့္ ေနာက္ထပ္ဆုဖလားတစ္ခုပါ။

ဒီလိုေျပာဆိုမႈမ်ိဳးက မကစားရတဲ့လူေတြဆီက လာတာလို႔ ထင္ပါတယ္။ အက္ဖ္ေအဖလား၊

လိဂ္ဖလားနဲ႔ ကလပ္ကမာၻ႔ဖလားတို႔လို ဖလားၿပိဳင္ပြဲေတြမွာ ကစားရၿပီဆိုရင္ ကစားသမားေတြဟာ

ဗိုလ္လုပြဲေရာက္ဖို႔နဲ႔ အဲဒီမွာ အႏိုင္ရဖို႔ အစြမ္းကုန္ႀကိဳးစားၾကတာပါ။ ဖလားၿပိဳင္ပြဲတစ္ခုမွာ

ဗိုလ္စြဲဖို႔ဆိုတာ ဘယ္တုန္းကမွ မလြယ္ကူဘူးေလ။ ဘယ္ၿပိဳင္ပြဲပဲျဖစ္ျဖစ္ပါ”လို႔ ဂါးလက္စ္က

ေျပာၾကားခဲ့ပါတယ္။

အခုေတာ့ ခ်ဲလ္ဆီးဟာ ပရီးမီးယားလိဂ္ဘက္ကို ျပန္လည္အာ႐ုံစိုက္ရေတာ့မွာျဖစ္ၿပီး

လာမယ့္စေနမွာ သူတို႔ဟာ ပဲေလ့စ္နဲ႔လန္ဒန္ဒါဘီအေဝးကြင္းပြဲစဥ္ကစားရမွာပါ။

တူခ်ယ္ရဲ႕အသင္းဟာ ဇယားထိပ္က မန္စီးတီးနဲ႔ ၁၆ မွတ္ကြာေနေပမယ့္ တစ္ပြဲပိုေလ်ာ့ပါတယ္။

ဒါေပမဲ့ ပြဲအေရအတြက္တူတဲ့ဒုတိယေနရာက လီဗာပူးနဲ႔လည္း ၇ မွတ္ကြာေနတာပါ။