ချဲလ်ဆီးနောက်ခံလူရူဒီဂါကို အလွတ်ခေါ်နိုင်ဖို့ စိတ်အားထက်နေတဲ့ မန်ယူ

မန်ယူအသင်းဟာ လာမယ့်နွေရာသီဈေးကွက်မှာ ချဲလ်ဆီးနောက်ခံလူရူဒီဂါကို

အလွတ်ခေါ်နိုင်ဖို့ စိတ်အားထက်နေကြောင်း သိရပါတယ်။

ရူဒီဂါဟာ ချဲလ်ဆီးနဲ့ စာချုပ်သက်တမ်းနောက်ဆုံး ၆ လထဲရောက်ရှိနေပြီး

သူ့ရဲ့အနာဂါတ်အတွက် ဆုံးဖြတ်ချက်ချဖို့ကို ရာသီကုန်အထိ ရွှေ့ဆိုင်ထားပါတယ်။

အဲဒီဂျာမန်လက်ရွေးစင်ဟာ ချဲလ်ဆီးဘက်က စာချုပ်သစ်ကမ်းလှမ်းမှုကို

တစ်ကြိမ်ပယ်ချထားပြီဖြစ်ပြီး သူ့ကို စိတ်ဝင်စားတဲ့အသင်းတွေထဲမှာ

ရီးရဲလ်နဲ့ပီအက်စ်ဂျီတို့လည်း ပါဝင်ကြတာပါ။

မန်ယူယာယီနည်းပြရန်းနစ်ဟာ ၂၈ နှစ်အရွယ် ရူဒီဂါရဲ့ခြေစွမ်းကို

အထူးကြိုက်နှစ်သက်သူတစ်ယောက်လို့ အင်္ဂလန်က

The Mirror သတင်းစာက ဖော်ပြခဲ့တာဖြစ်ပါတယ်။

ရူဒီဂါအပေါ် ယူနိုက်တက်ရဲ့စိတ်ဝင်စားမှုဟာ မက်ဂွိုင်းယားရဲ့အနာဂါတ်ကို

မသေမချာဖြစ်စေတယ်လို့လည်း The Mirror က ဆက်လက်ဖော်ပြခဲ့ပါတယ်။

မန်ယူဟာ မကြာသေးခင်နှစ်တွေအတွင်းမှာ နောက်ခံလူတွေအတွက်

ပေါင်သန်းပေါင်းများစွာသုံးစွဲမှုလုပ်ခဲ့ပေမယ့်

အခုချိန်ထိ ခံစစ်ပြသနာကို မဖြေရှင်းနိုင်သေးပါဘူး။

ဒါကြောင့်လည်း အခုရာသီထိပ်ဆုံး ၄ သင်းထဲမှာ ပေးဂိုးအများဆုံးဖြစ်ပြီး

ထိပ်ဆုံး ၆ သင်းထဲမှာ ပူးတွဲပေးဂိုးအများဆုံးဖြစ်ပါတယ်။

မန်ယူခံစစ်မှာ ဗာရာနီက ပိုပြီးအသားတကျရှိလာပေမယ့်

သူ့ရဲ့ဒဏ်ရာမှတ်တမ်းက စိုးရိမ်စရာဖြစ်နေတာပါ။

အသင်းခေါင်းဆောင်မက်ဂွိုင်းယားဆိုရင် ခြေစွမ်းပိုင်းရုန်းကန်နေပြီး

အမှားတွေထပ်တလဲလဲလုပ်နေပါတယ်။

လင်ဒီလော့ဖ်က ကစားခွင့်ရတဲ့ပွဲတွေမှာ ခြေစွမ်းပြလာပေမယ့်

သူ့ရဲ့အရည်အသွေးက အကန့်အသတ်နဲ့ပါ။

ဘိုင်လီနဲ့ ဖီးလ်ဂျုံးစ်တို့ဟာ စိတ်ချအားကိုရတဲ့သူတွေမဟုတ်ပါဘူး။

ရူဒီဂါကိုသာ အလွတ်ခေါ်နိုင်မယ်ဆိုရင် မန်ယူအနေနဲ့ ဈေးကွက်ထဲမှာ

ပေါင်သန်းပေါင်းများစွာ ကာမိနိုင်မှာ ဖြစ်ပါတယ်။

zawgyi

ခ်ဲလ္ဆီးေနာက္ခံလူ႐ူဒီဂါကို အလြတ္ေခၚႏိုင္ဖို႔ စိတ္အားထက္ေနတဲ့ မန္ယူ

မန္ယူအသင္းဟာ လာမယ့္ေႏြရာသီေဈးကြက္မွာ ခ်ဲလ္ဆီးေနာက္ခံလူ႐ူဒီဂါကို

အလြတ္ေခၚႏိုင္ဖို႔ စိတ္အားထက္ေနေၾကာင္း သိရပါတယ္။

႐ူဒီဂါဟာ ခ်ဲလ္ဆီးနဲ႔ စာခ်ဳပ္သက္တမ္းေနာက္ဆုံး ၆ လထဲေရာက္ရွိေနၿပီး

သူ႔ရဲ႕အနာဂါတ္အတြက္ ဆုံးျဖတ္ခ်က္ခ်ဖို႔ကို ရာသီကုန္အထိ ေ႐ႊ႕ဆိုင္ထားပါတယ္။

အဲဒီဂ်ာမန္လက္ေ႐ြးစင္ဟာ ခ်ဲလ္ဆီးဘက္က စာခ်ဳပ္သစ္ကမ္းလွမ္းမႈကို

တစ္ႀကိမ္ပယ္ခ်ထားၿပီျဖစ္ၿပီး သူ႔ကို စိတ္ဝင္စားတဲ့အသင္းေတြထဲမွာ

ရီးရဲလ္နဲ႔ပီအက္စ္ဂ်ီတို႔လည္း ပါဝင္ၾကတာပါ။

မန္ယူယာယီနည္းျပရန္းနစ္ဟာ ၂၈ ႏွစ္အ႐ြယ္ ႐ူဒီဂါရဲ႕ေျခစြမ္းကို

အထူးႀကိဳက္ႏွစ္သက္သူတစ္ေယာက္လို႔ အဂၤလန္က

The Mirror သတင္းစာက ေဖာ္ျပခဲ့တာျဖစ္ပါတယ္။

႐ူဒီဂါအေပၚ ယူႏိုက္တက္ရဲ႕စိတ္ဝင္စားမႈဟာ မက္ဂြိဳင္းယားရဲ႕အနာဂါတ္ကို

မေသမခ်ာျဖစ္ေစတယ္လို႔လည္း The Mirror က ဆက္လက္ေဖာ္ျပခဲ့ပါတယ္။

မန္ယူဟာ မၾကာေသးခင္ႏွစ္ေတြအတြင္းမွာ ေနာက္ခံလူေတြအတြက္

ေပါင္သန္းေပါင္းမ်ားစြာသုံးစြဲမႈလုပ္ခဲ့ေပမယ့္

အခုခ်ိန္ထိ ခံစစ္ျပသနာကို မေျဖရွင္းႏိုင္ေသးပါဘူး။

ဒါေၾကာင့္လည္း အခုရာသီထိပ္ဆုံး ၄ သင္းထဲမွာ ေပးဂိုးအမ်ားဆုံးျဖစ္ၿပီး

ထိပ္ဆုံး ၆ သင္းထဲမွာ ပူးတြဲေပးဂိုးအမ်ားဆုံးျဖစ္ပါတယ္။

မန္ယူခံစစ္မွာ ဗာရာနီက ပိုၿပီးအသားတက်ရွိလာေပမယ့္

သူ႔ရဲ႕ဒဏ္ရာမွတ္တမ္းက စိုးရိမ္စရာျဖစ္ေနတာပါ။

အသင္းေခါင္းေဆာင္မက္ဂြိဳင္းယားဆိုရင္ ေျခစြမ္းပိုင္း႐ုန္းကန္ေနၿပီး

အမွားေတြထပ္တလဲလဲလုပ္ေနပါတယ္။

လင္ဒီေလာ့ဖ္က ကစားခြင့္ရတဲ့ပြဲေတြမွာ ေျခစြမ္းျပလာေပမယ့္

သူ႔ရဲ႕အရည္အေသြးက အကန႔္အသတ္နဲ႔ပါ။

ဘိုင္လီနဲ႔ ဖီးလ္ဂ်ဳံးစ္တို႔ဟာ စိတ္ခ်အားကိုရတဲ့သူေတြမဟုတ္ပါဘူး။

႐ူဒီဂါကိုသာ အလြတ္ေခၚႏိုင္မယ္ဆိုရင္ မန္ယူအေနနဲ႔ ေဈးကြက္ထဲမွာ

ေပါင္သန္းေပါင္းမ်ားစြာ ကာမိႏိုင္မွာ ျဖစ္ပါတယ္။