ချဲလ်ဆီးနည်းပြ တူချယ်ကို ယူနိုက်တက်အသင်း ခေါ်ယူသင့်တယ်လို့ ကာရေဂါ တိုက်တွန်း

ယူနိုက်တက်အနေနဲ့ ချဲလ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်

ပိတ်ဆို့အရေးယူခံရမှုကြောင့် အနာဂတ်မသေမချာ
ဖြစ်နေတဲ့ နည်းပြ သောမတ်စ်တူချယ်ကို
ခေါ်ယူဖို့ ကြိုးစားသင့်တယ်လို့ လီဗာပူးနောက်ခံလူဟောင်း
ဂျေမီကာရေဂါက တိုက်တွန်းလိုက်ပါတယ်။
ယူကရိန်းနိုင်ငံထဲ ရုရှားက အကြမ်းဖက်

ဝင်ရောက်ကျူးကျော်ပြီးနောက် ဗြိတိန်အစိုးရက
ရုရှားဘီလျံနာ မိုဗစ်ချ်ကို စီးပွားရေးပိတ်ဆို့
အရေးယူခဲ့တာဖြစ်ပြီး အသင်းရဲ့အနာဂတ်ကလည်း
မသေမချာနဲ့ စိုးရိမ်စရာဖြစ်နေပါတယ်။


ကာရေဂါက အဲဒီလိုမိုဗစ်ချ် ပိတ်ဆို့အရေးယူခဲ့ရတာက
နည်းပြတူချယ်ရဲ့အနာဂတ်အပေါ် ကြီးမားတဲ့
ရိုက်ခတ်မှုရှိနိုင်တယ်လို့ ယုံကြည်နေပြီး
ယူနိုက်တက်အနေနဲ့ တူချယ်ကို

ရအောင် ခေါ်ယူသင့်တယ်လို့ တိုက်တွန်းပါတယ်။
”ယူနိုက်တက်အနေနဲ့ တူချယ်ကို
နည်းပြသစ်ရာထူးအတွက် နံပါတ် ၁
ဦးစားပေးခေါ်ယူမှုအဖြစ် ကြိုးစားသင့်ပါတယ်။
တူချယ်က ကမ္ဘာ့အကောင်းဆုံးနည်းပြတစ်ဦးဖြစ်သလို

လက်ရှိ ဖီဖာတစ်နှစ်တာအကောင်းဆုံးနည်းပြလည်း ဖြစ်ပါတယ်။
ဒီလိုနည်းပြမျိုးက ယူနိုက်တက်ရဲ့နည်းပြရှာပုံတော်
စာရင်းမှာ ထိပ်ဆုံးနေရာ ရောက်နေရပါမယ်။
တူချယ်လည်း ချဲလ်ဆီးအသင်းသားတွေလိုပဲ
လက်ရှိအချိန်မှာ အနာဂတ်နဲ့ပတ်သက်လို့

ဘာမှရေရေရာရာရှိမှာမဟုတ်ပါဘူး။
ရာသီသစ်မှာ ဘယ်လိုလုပ်ရမလဲဆိုတာ
တူချယ်လည်း သိမှာမဟုတ်ပါဘူး။
ဒီလိုအခြေအနေမျိုးကို ဘယ်နည်းပြကမှ
လိုချင်မှာမဟုတ်ပါဘူး။ တကယ်လို့

ချဲလ်ဆီးကနေ ယူနိုက်တက်ကို လာမယ်ဆိုရင်
တူချယ်လည်းလက်ခံလိမ့်မယ်လို့ထင်ပါတယ်”လို့
ကာရေဂါက ပြောပါတယ်။
လက်ရှိအချိန်မှာ ယူနိုက်တက်ရဲ့ယာယီနည်းပြအဖြစ်
ရန်းနစ်က တာဝန်ယူထားပြီး နွေရာသီမှာ

အသင်းက အမြဲတမ်းနည်းပြခန့်အပ်မှာဖြစ်ပါတယ်။
ချဲလ်ဆီးဟာ အသင်းပိုင်ရှင်ရဲ့ပိတ်ဆို့
အရေးယူခံရမှုကြောင့် ကစားသမားတွေကို
ခေါ်ယူခွင့်ရမှာမဟုတ်သလို အသင်းသားတွေနဲ့
ဝန်ထမ်းတွေကိုလည်း စာချုပ်သစ်

ချုပ်ဆိုခွင့် ရရှိမှာမဟုတ်ပါဘူး။