ချဲလ်ဆီးထက် ယူနိုက်တက်ကိုပြောင်းရွှေ့သင့်တယ်လို့ ဂျော်ဒန်ပစ်ဖို့ဒ်ကို ဒေးဗစ်ဂျိမ်းစ် အကြံပေး

လီဗာပူးဂိုးသမားဟောင်းဒေးဗစ်ဂျိမ်းစ်က အဲဗာတန်ကြယ်ပွင့်ဂျော်ဒန်ပစ်ဖို့ဒ်အနေနဲ့ ယူနိုက်တက်အသင်းကိုပြောင်းရွှေ့သင့်တယ်လို့ အကြံပေးပြောဆိုခဲ့ပါတယ်။

အသက် ၂၈နှစ်အရွယ် အင်္ဂလန်နံပါတ် ၁ ဂိုးသမားဟာ ၂၀၁၇ မှာ ဆန်းဒါးလန်းကနေ မာဆေးဆိုက်ဒ်ကလပ်ကို ရောက်ရှိခဲ့တာဖြစ်ပြီး

အဲဗာတန်အသင်းအတွက်ပြိုင်ပွဲစုံ ၂၁၃ပွဲ မှာ clean sheets ၅၇ပွဲ ရအောင်ကစားပေးထားနိုင်ပါတယ်။

ဂိုးသမားတစ်ယောက်အနေနဲ့ တုံ့ပြန်မှုမြန်ဆန်တဲ့ ပစ်ဖို့ဒ်ဟာ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ၄၈ ပွဲ ပါဝင်ကစားပေးထားပြီး ချဲလ်ဆီးအသင်းပစ်မှတ်ထဲရှိနေသူဖြစ်တယ်။

ကစားသမားအပြောင်းအရွှေ့တွေမှာ ဆရာတစ်ဆူဖြစ်တဲ့ အီတလီနာမည်ကျော်ဂျာနယ်လစ်ရိုမာနိုရဲ့အဆိုအရ

ချဲလ်ဆီးအသင်းဟာ ကီပါနဲ့ မန်ဒီ တို့နေရာမှာ ပစ်ဖို့ဒ်ကိုဦးစားပေးအဖြစ်အစားထိုးသွားဖို့ရှိနေတယ်လို့ သိရပါတယ်။

ဒါပေမဲ့ အင်္ဂလန်ရဲ့နံပါတ်တစ်ဂိုးသမားဖြစ်ခဲ့ဖူးတဲ့ ဒေးဗစ်ဂျိမ်းစ်က

“သူပြောင်းရွှေ့သင့်တဲ့ နေရာနဲ့ပတ်သတ်လို့ အကြံပေးရရင်တော့ ယူနိုက်တက်ဟာ အခုအချိန်မှာ ချန်ပီယံလိဂ်ကစားခွင့်မရသေးပါဘူး။

တကယ်လို့ပစ်ဖို့ဒ်လိုကစားသမားတစ်ယောက်ကိုခေါ်ယူခဲ့ရင် ငြင်းခုံစရာတွေရှိလာနိုင်ပေမဲ့ အဲ့ဒါကပိုကောင်းတဲ့အဆင့်မှာယှဉ်ပြိုင်နိုင်စွမ်းရှိစေမှာပါ” လို့ အကြံပေးသွားခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာလည်း အသင်းရဲ့ဂိုးသမား ဒေးဗစ်ဒီဂီယာရဲ့နေရာကို အစားထိုးဖို့ အလောတကြီး ပြင်ဆင်လာနေသလို

ဒီနှစ်ရာသီကုန်ရင် စာချုပ်သက်တမ်းပြီးတော့မယ့် ဒီဂီယာကိုလည်း တစ်စုံတစ်ရာဆွေနွေးမှုမရှိသေးပါဘူး။

ဒါပေမယ့် ဒီဂီယာနဲ့ချုပ်ဆိုထားတဲ့စာချုပ်မှော အသင်းနဲ့ လက်စွမ်းပြနိုင်တယ်ဆိုရင်

သက်တမ်း တစ်နှစ် ထပ်မံတိုးဖို့ပါရှိတယ်လို့လည်း ယူနိုက်တက်နဲနီးစပ်တဲ့ သတင်းတွေအရ သိရပါတယ်။

ဒီရာသီမှာ အဲဗာတန်အသင်းရဲ့ပွဲအားလုံးကို ပါဝင်ခွင့်ရရှိထားတဲ့ ပစ်ဖိုဒ့်ဟာ Clean Sheets 3 ပွဲ ရယူထားနိုင်ပြီး

ကွင်းအတွင်းကသူ့ရဲ့စွမ်းဆောင်ရည်တွေစာလည်း သိသာထင်ရှားလှပါတယ်။

သူဟာ အသင်းနိမ့်ပါးခဲ့တဲ့ ရာသီတွေမှာတောင် သူ့ရဲ့လက်စွမ်းတွေက ကျဆင်းသွားခြင်းမရှိပေ။

ပစ်ဖို့ဒ်ဟာ အင်္ဂလန်အသင်းနဲ့အတူ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲဝင်ရောက်ကစားနေပြီး

အုပ်စုတွင်း ၃ပွဲမှာ ၂ပွဲ ပေးဂိုးမဲ့စွမ်းဆောင်ထားပြီး အသင်းကို ၁၆ သင်းအဆင့်ရောက်အောင်ပို့ဆောင်ပေးထားနိုင်ပါတယ်။

zawgyi

ခ်ဲလ္ဆီးထက္ ယူႏိုက္တက္ကိုေျပာင္းေ႐ႊ႕သင့္တယ္လို႔ ေဂ်ာ္ဒန္ပစ္ဖို႔ဒ္ကို ေဒးဗစ္ဂ်ိမ္းစ္ အႀကံေပး

လီဗာပူးဂိုးသမားေဟာင္းေဒးဗစ္ဂ်ိမ္းစ္က အဲဗာတန္ၾကယ္ပြင့္ေဂ်ာ္ဒန္ပစ္ဖို႔ဒ္အေနနဲ႔ ယူႏိုက္တက္အသင္းကိုေျပာင္းေ႐ႊ႕သင့္တယ္လို႔ အႀကံေပးေျပာဆိုခဲ့ပါတယ္။

အသက္ ၂၈ႏွစ္အ႐ြယ္ အဂၤလန္နံပါတ္ ၁ ဂိုးသမားဟာ ၂၀၁၇ မွာ ဆန္းဒါးလန္းကေန မာေဆးဆိုက္ဒ္ကလပ္ကို ေရာက္ရွိခဲ့တာျဖစ္ၿပီး

အဲဗာတန္အသင္းအတြက္ၿပိဳင္ပြဲစုံ ၂၁၃ပြဲ မွာ clean sheets ၅၇ပြဲ ရေအာင္ကစားေပးထားႏိုင္ပါတယ္။

ဂိုးသမားတစ္ေယာက္အေနနဲ႔ တုံ႔ျပန္မႈျမန္ဆန္တဲ့ ပစ္ဖို႔ဒ္ဟာ အဂၤလန္လက္ေ႐ြးစင္အသင္းအတြက္ ၄၈ ပြဲ ပါဝင္ကစားေပးထားၿပီး ခ်ဲလ္ဆီးအသင္းပစ္မွတ္ထဲရွိေနသူျဖစ္တယ္။

ကစားသမားအေျပာင္းအေ႐ႊ႕ေတြမွာ ဆရာတစ္ဆူျဖစ္တဲ့ အီတလီနာမည္ေက်ာ္ဂ်ာနယ္လစ္႐ိုမာႏိုရဲ႕အဆိုအရ

ခ်ဲလ္ဆီးအသင္းဟာ ကီပါနဲ႔ မန္ဒီ တို႔ေနရာမွာ ပစ္ဖို႔ဒ္ကိုဦးစားေပးအျဖစ္အစားထိုးသြားဖို႔ရွိေနတယ္လို႔ သိရပါတယ္။

ဒါေပမဲ့ အဂၤလန္ရဲ႕နံပါတ္တစ္ဂိုးသမားျဖစ္ခဲ့ဖူးတဲ့ ေဒးဗစ္ဂ်ိမ္းစ္က

“သူေျပာင္းေ႐ႊ႕သင့္တဲ့ ေနရာနဲ႔ပတ္သတ္လို႔ အႀကံေပးရရင္ေတာ့ ယူႏိုက္တက္ဟာ အခုအခ်ိန္မွာ ခ်န္ပီယံလိဂ္ကစားခြင့္မရေသးပါဘူး။

တကယ္လို႔ပစ္ဖို႔ဒ္လိုကစားသမားတစ္ေယာက္ကိုေခၚယူခဲ့ရင္ ျငင္းခုံစရာေတြရွိလာႏိုင္ေပမဲ့ အဲ့ဒါကပိုေကာင္းတဲ့အဆင့္မွာယွဥ္ၿပိဳင္ႏိုင္စြမ္းရွိေစမွာပါ” လို႔ အႀကံေပးသြားခဲ့ပါတယ္။

ယူႏိုက္တက္အသင္းဟာလည္း အသင္းရဲ႕ဂိုးသမား ေဒးဗစ္ဒီဂီယာရဲ႕ေနရာကို အစားထိုးဖို႔ အေလာတႀကီး ျပင္ဆင္လာေနသလို

ဒီႏွစ္ရာသီကုန္ရင္ စာခ်ဳပ္သက္တမ္းၿပီးေတာ့မယ့္ ဒီဂီယာကိုလည္း တစ္စုံတစ္ရာေဆြေႏြးမႈမရွိေသးပါဘူး။

ဒါေပမယ့္ ဒီဂီယာနဲ႔ခ်ဳပ္ဆိုထားတဲ့စာခ်ဳပ္ေမွာ အသင္းနဲ႔ လက္စြမ္းျပႏိုင္တယ္ဆိုရင္

သက္တမ္း တစ္ႏွစ္ ထပ္မံတိုးဖို႔ပါရွိတယ္လို႔လည္း ယူႏိုက္တက္နဲနီးစပ္တဲ့ သတင္းေတြအရ သိရပါတယ္။

ဒီရာသီမွာ အဲဗာတန္အသင္းရဲ႕ပြဲအားလုံးကို ပါဝင္ခြင့္ရရွိထားတဲ့ ပစ္ဖိုဒ့္ဟာ Clean Sheets 3 ပြဲ ရယူထားႏိုင္ၿပီး

ကြင္းအတြင္းကသူ႔ရဲ႕စြမ္းေဆာင္ရည္ေတြစာလည္း သိသာထင္ရွားလွပါတယ္။

သူဟာ အသင္းနိမ့္ပါးခဲ့တဲ့ ရာသီေတြမွာေတာင္ သူ႔ရဲ႕လက္စြမ္းေတြက က်ဆင္းသြားျခင္းမရွိေပ။

ပစ္ဖို႔ဒ္ဟာ အဂၤလန္အသင္းနဲ႔အတူ ကာတာကမာၻ႔ဖလားၿပိဳင္ပြဲဝင္ေရာက္ကစားေနၿပီး

အုပ္စုတြင္း ၃ပြဲမွာ ၂ပြဲ ေပးဂိုးမဲ့စြမ္းေဆာင္ထားၿပီး အသင္းကို ၁၆ သင္းအဆင့္ေရာက္ေအာင္ပို႔ေဆာင္ေပးထားႏိုင္ပါတယ္။