ချဲလ်ဆီးထက် ဂျာမနီအတွက် ကစားရတာ ပိုပြီးသက်သောင့်သက်သာဖြစ်တယ်လို့ ဗာနာ ဝန်ခံ

ချဲလ်ဆီးအသင်းတိုက်စစ်မှူး တီမိုဗာနာက ကစားပုံကွာခြားမှုကြောင့်

ကလပ်အသင်းမှာ ကစားရတာထက် ဂျာမနီအသင်းမှာ
ကစားရတာ ပိုပြီးသက်သောင့်သက်သာရှိကြောင်း ဝန်ခံပါတယ်။
အသက် ၂၆ နှစ်အရွယ်ရှိ ဗာနာဟာ ၂၀၂၀ နွေရာသီက
လိုက်ပ်ဇစ်ကနေ ပြောင်းရွှေ့ကြေး ပေါင် ၅၃သန်းနဲ့
ရောက်လာပြီးချိန်ကတည်းက မျှော်လင့်ထားသလို

ခြေစွမ်းပြနိုင်ခြင်းမရှိသေးဘဲ ပုံမှန်ဂိုးသွင်းနိုင်ဖို့
ရုန်းကန်နေရပေမယ့် လက်ရွေးစင်အသင်းမှာတော့
ခြေစွမ်းပြနေပြီး စနေညက အစ္စရေးကို
၂-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ခြေစမ်းပွဲမှာလည်း ဂျာမနီအသင်းအတွက်
ဂိုးသွင်းနိုင်ခဲ့ပြီး ဂျာမနီလည်း နည်းပြသစ် ဟန်ဆီဖလစ်လက်ထက်

၈ပွဲ ကစား၊ ၈ပွဲအနိုင်ရတဲ့မှတ်တမ်း တင်နိုင်ခဲ့ပါတယ်။
”ကျွန်တော်က တိုက်စစ်မှူးဖြစ်ပြီး ဂိုးလည်း အမြဲတမ်းသွင်းချင်ပါတယ်။
ချဲလ်ဆီးမှာကျတော့ ကိုယ်ကစားချင်သလိုမကစားရပါဘူး။
ဂျာမနီမှာကျတော့ နည်းပြဖလစ်လက်ထက် ကစားရတာ ပိုအဆင်ပြေပါတယ်။
ဘယ်အသင်းမှာပဲ ကစားရ ကစားရ ဘောလုံးပွဲကစားရတာကို ပျော်ရွှင်နေချင်ပါတယ်။

ချဲလ်ဆီးနဲ့ ဂျာမနီအသင်းတို့ကြား ကစားပုံစတိုင် ကွဲပြားခြားနားပါတယ်။
ဖြစ်နိုင်တာကတော့ လက်ရွေးစင်အသင်းရဲ့ကစားပုံက
ကျွန်တော်နဲ့ ပိုအံဝင်နေတယ်ထင်ပါတယ်။
ဂျာမနီအသင်းမှာဆို ကျွန်တော့်အနေနဲ့ ဂိုးသွင်းနိုင်ဖို့
အခွင့်အရေးတွေ အမြဲတမ်းရတတ်ပြီး ဂိုးတွေလည်းသွင်းနိုင်ပါတယ်။

ဂျာမနီအသင်းမှာကစားရတာ အရမ်းကိုသက်သောင့်သက်သာခံစားရပါတယ်”လို့ ဗာနာက ပြောပါတယ်။
ဗာနာဟာ လိုက်ပ်ဇစ်ကစားသမားဘ၀ နောက်ဆုံးရာသီမှာ
ပြိုင်ပွဲစုံ ၄၅ပွဲကစား ၃၄ဂိုးသွင်းယူကာ အလားအလာ
အကောင်းဆုံးတိုက်စစ်မှူးတစ်ဦးအဖြစ် ချဲလ်ဆီးကို
ရောက်လာခဲ့ပေမယ့် စတမ်းဖို့ဒ်ဘရစ်ချ်မှာ မျှော်လင့်ထားသလို

ဖြစ်မလာသေးဘဲ ယခုရာသီ ၂၈ပွဲမှာ ၇ဂိုးပဲ သွင်းယူထားနိုင်ပါတယ်။
ဒီလိုရုန်းကန်နေရတာကြောင့် မွေးရပ်မြေ ဂျာမနီကို
ဗာနာ ပြန်ဖို့ သတင်းတွေထွက်ပေါ်နေပြီး ဒေါ့မွန်က
ဗာနာကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
ဒါပေမဲ့ ဗာနာအနေနဲ့ ဒေါ့မွန်ကို ပြောင်းမယ်ဆိုရင်

ချဲလ်ဆီးမှာ လက်ရှိရနေတဲ့ လစာထက် လျှော့ယူမှ
အဆင်ပြေဖွယ်ရှိပြီး သူက ချဲလ်ဆီးမှာ တစ်နှစ်လုပ်ခလစာ
ပေါင် ၁၃.၃ သန်းရရှိနေပေမယ့် ဒေါ့မွန်ရဲ့လစာအများဆုံးရ
ကစားသမားဖြစ်တဲ့ အသင်းခေါင်းဆောင် မာကိုရူးစ်က
တစ်နှစ်လုပ်ခလစာ ပေါင် ၁၀သန်းစွန်းစွန်းပဲရရှိနေပါတယ်။

Zawgyi

ခ်ဲလ္ဆီးထက္ ဂ်ာမနီအတြက္ ကစားရတာ ပိုၿပီးသက္ေသာင့္သက္သာျဖစ္တယ္လုိ႔ ဗာနာ ၀န္ခံ
ခ်ဲလ္ဆီးအသင္းတုိက္စစ္မွဴး တီမိုဗာနာက ကစားပုံကြာျခားမႈေၾကာင့္

ကလပ္အသင္းမွာ ကစားရတာထက္ ဂ်ာမနီအသင္းမွာ
ကစားရတာ ပိုၿပီးသက္ေသာင့္သက္သာရွိေၾကာင္း ၀န္ခံပါတယ္။
အသက္ ၂၆ ႏွစ္အရြယ္ရွိ ဗာနာဟာ ၂၀၂၀ ေႏြရာသီက
လုိက္ပ္ဇစ္ကေန ေျပာင္းေရႊ႕ေၾကး ေပါင္ ၅၃သန္းနဲ႔
ေရာက္လာၿပီးခ်ိန္ကတည္းက ေမွ်ာ္လင့္ထားသလုိ

ေျခစြမ္းျပႏိုင္ျခင္းမရွိေသးဘဲ ပုံမွန္ဂိုးသြင္းႏုိင္ဖို႔
ရုန္းကန္ေနရေပမယ့္ လက္ေရြးစင္အသင္းမွာေတာ့
ေျခစြမ္းျပေနၿပီး စေနညက အစၥေရးကို
၂-၀ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ေျခစမ္းပြဲမွာလည္း ဂ်ာမနီအသင္းအတြက္
ဂိုးသြင္းႏိုင္ခဲ့ၿပီး ဂ်ာမနီလည္း နည္းျပသစ္ ဟန္ဆီဖလစ္လက္ထက္

၈ပြဲ ကစား၊ ၈ပြဲအႏိုင္ရတဲ့မွတ္တမ္း တင္ႏိုင္ခဲ့ပါတယ္။
”ကၽြန္ေတာ္က တုိက္စစ္မွဴးျဖစ္ၿပီး ဂိုးလည္း အၿမဲတမ္းသြင္းခ်င္ပါတယ္။
ခ်ဲလ္ဆီးမွာက်ေတာ့ ကိုယ္ကစားခ်င္သလုိမကစားရပါဘူး။
ဂ်ာမနီမွာက်ေတာ့ နည္းျပဖလစ္လက္ထက္ ကစားရတာ ပိုအဆင္ေျပပါတယ္။
ဘယ္အသင္းမွာပဲ ကစားရ ကစားရ ေဘာလုံးပြဲကစားရတာကို ေပ်ာ္ရႊင္ေနခ်င္ပါတယ္။

ခ်ဲလ္ဆီးနဲ႔ ဂ်ာမနီအသင္းတို႔ၾကား ကစားပုံစတုိင္ ကြဲျပားျခားနားပါတယ္။
ျဖစ္ႏိုင္တာကေတာ့ လက္ေရြးစင္အသင္းရဲ႕ကစားပုံက
ကၽြန္ေတာ္နဲ႔ ပုိအံ၀င္ေနတယ္ထင္ပါတယ္။
ဂ်ာမနီအသင္းမွာဆို ကၽြန္ေတာ့္အေနနဲ႔ ဂိုးသြင္းႏုိင္ဖုိ႔
အခြင့္အေရးေတြ အၿမဲတမ္းရတတ္ၿပီး ဂိုးေတြလည္းသြင္းႏိုင္ပါတယ္။

ဂ်ာမနီအသင္းမွာကစားရတာ အရမ္းကိုသက္ေသာင့္သက္သာခံစားရပါတယ္”လုိ႔ ဗာနာက ေျပာပါတယ္။
ဗာနာဟာ လုိက္ပ္ဇစ္ကစားသမားဘ၀ ေနာက္ဆုံးရာသီမွာ
ၿပိဳင္ပြဲစုံ ၄၅ပြဲကစား ၃၄ဂိုးသြင္းယူကာ အလားအလာ
အေကာင္းဆုံးတုိက္စစ္မွဴးတစ္ဦးအျဖစ္ ခ်ဲလ္ဆီးကို
ေရာက္လာခဲ့ေပမယ့္ စတမ္းဖုိ႔ဒ္ဘရစ္ခ်္မွာ ေမွ်ာ္လင့္ထားသလုိ

ျဖစ္မလာေသးဘဲ ယခုရာသီ ၂၈ပြဲမွာ ၇ဂိုးပဲ သြင္းယူထားႏုိင္ပါတယ္။
ဒီလုိရုန္းကန္ေနရတာေၾကာင့္ ေမြးရပ္ေျမ ဂ်ာမနီကို
ဗာနာ ျပန္ဖို႔ သတင္းေတြထြက္ေပၚေနၿပီး ေဒါ့မြန္က
ဗာနာကို ေခၚယူဖုိ႔ စိတ္၀င္စားေနတယ္လုိ႔ သိရပါတယ္။
ဒါေပမဲ့ ဗာနာအေနနဲ႔ ေဒါ့မြန္ကို ေျပာင္းမယ္ဆုိရင္

ခ်ဲလ္ဆီးမွာ လက္ရွိရေနတဲ့ လစာထက္ ေလွ်ာ့ယူမွ
အဆင္ေျပဖြယ္ရွိၿပီး သူက ခ်ဲလ္ဆီးမွာ တစ္ႏွစ္လုပ္ခလစာ
ေပါင္ ၁၃.၃ သန္းရရွိေနေပမယ့္ ေဒါ့မြန္ရဲ႕လစာအမ်ားဆုံးရ
ကစားသမားျဖစ္တဲ့ အသင္းေခါင္းေဆာင္ မာကုိရူးစ္က
တစ္ႏွစ္လုပ္ခလစာ ေပါင္ ၁၀သန္းစြန္းစြန္းပဲရရွိေနပါတယ္။