ချဲလ်ဆီးထက်စာရင် မန်စီးတီးနဲ့ လီဗာပူးက ပိုခက်နိုင်မယ်လို့ ရီးရဲလ်အသင်းသားတွေ ယုံကြည်

ရီးရဲလ်အသင်းဟာ ချဲလ်ဆီးနဲ့ကစားရမယ့်

ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ လက်စားပြန်ချေနိုင်ဖို့
စိတ်အားတက်ကြွနေပြီး အသင်းသားအများစုက
ချဲလ်ဆီးဟာ မန်စီးတီး၊ လီဗာပူးတို့နဲ့ ယှဉ်ရင်
ပိုလွယ်တဲ့ပြိုင်ဘက်ဖြစ်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။
ဒီနှစ်သင်းဟာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်

ဆီမီးဖိုင်နယ်မှာ တွေ့ဆုံခဲ့တဲ့အနက် ချန်ပီယံလောင်း
ချဲလ်ဆီးက နှစ်ကျော့ပေါင်း ၃-၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။
ဒါပေမဲ့ ရီးရဲလ်အသင်းသားတွေကတော့ ဒီတစ်ခါမှာ
ချဲလ်ဆီးကို သူတို့ ကျော်ဖြတ်နိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။
The Athletic သတင်းဌာနရဲ့ဖော်ပြချက်အရ ရီးရဲလ်အသင်းသားတွေဟာ

ချဲလ်ဆီးနဲ့ တွေ့ဆုံမှုအပေါ် ပျော်ရွှင်နေပြီး လီဗာပူး ဒါမှမဟုတ်
မန်စီးတီးတို့က ချဲလ်ဆီးထက် ပိုခက်တဲ့ပြိုင်ဘက်ဖြစ်လိမ့်မယ်လို့
ယုံကြည်နေကြောင်း သိရပါတယ်။
ရီးရဲလ်အသင်းသားတွေက ယမန်နှစ်ရာသီမှာ
ချဲလ်ဆီးအသင်းဘက်က ရုပ်ပိုင်းဆိုင်ရာနဲ့

နည်းစနစ်ပိုင်းအရ အသာရခဲ့တယ်ဆိုတာ သိနားလည်ထားပေမယ့်
ဒီတစ်ခါမှာတော့ လက်စားပြန်ချေနိုင်ရေးအတွက်
စိတ်အားတက်ကြွနေပြီး ဒီနှစ်မှာ ကွဲပြားခြားနားလိမ့်မယ်လို့ ယုံကြည်နေတာပါ။
ရီးရဲလ်ဟာ စနေညက ဘန်ဇီးမားရဲ့ပင်နယ်တီသွင်းဂိုးတွေကြောင့်
ဆယ်လ်တာဗီဂိုကို ၁-၂ ဂိုးနဲ့ အနိုင်ယူကာ ရာသီကုန်ဖို့

၈ပွဲပဲ လိုတော့ချိန်မှာ ဒုတိယနေရာက ဘာစီလိုနာကို
၁ပွဲပို ၁၂ မှတ်ဖြတ်ကာ ထိပ်ဆုံးကနေ ဦးဆောင်နေပါတယ်။
လာလီဂါမှာ ချန်ပီယံဖြစ်ဖို့ အခြေအနေပိုကောင်းနေတာကြောင့်
ရီးရဲလ်အနေနဲ့ သမိုင်းတစ်လျှောက် ၁၄ကြိမ်မြောက်
ချန်ပီယံလိဂ်ဖလား ရယူနိုင်ဖို့ ပိုမိုအာရုံစိုက်နိုင်ပြီး

၂၀၁၈ နောက်ပိုင်း ပထမဆုံးအကြိမ်လည်း ဖြစ်လာမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီက ဇီဒန်း ကိုင်တွယ်ခဲ့တဲ့ရီးရဲလ်ဟာ ပ-အကျော့
အိမ်ကွင်းမှာ ၁-၁ ဂိုးသရေကစားခဲ့ပေမယ့် စတမ်းဖို့ဒ်ဘရစ်ချ်မှာတော့
၂-၀ ဂိုးနဲ့ အရေးနိမ့်ခဲ့ရပြီး ချဲလ်ဆီးအတွက် ဗာနာနဲ့
မေဆင်မောင့်တို့က ဂိုးတွေ သွင်းယူခဲ့ပါတယ်။

Zawgyi

ခ်ဲလ္ဆီးထက္စာရင္ မန္စီးတီးနဲ႔ လီဗာပူးက ပုိခက္ႏိုင္မယ္လုိ႔ ရီးရဲလ္အသင္းသားေတြ ယုံၾကည္
ရီးရဲလ္အသင္းဟာ ခ်ဲလ္ဆီးနဲ႔ကစားရမယ့္

ခ်န္ပီယံလိဂ္ကြာတားဖုိင္နယ္မွာ လက္စားျပန္ေခ်ႏုိင္ဖို႔
စိတ္အားတက္ၾကြေနၿပီး အသင္းသားအမ်ားစုက
ခ်ဲလ္ဆီးဟာ မန္စီးတီး၊ လီဗာပူးတို႔နဲ႔ ယွဥ္ရင္
ပိုလြယ္တဲ့ၿပိဳင္ဘက္ျဖစ္လိမ့္မယ္လုိ႔ ယုံၾကည္ေနပါတယ္။
ဒီႏွစ္သင္းဟာ ၿပီးခဲ့တဲ့ရာသီက ခ်န္ပီယံလိဂ္

ဆီမီးဖုိင္နယ္မွာ ေတြ႕ဆုံခဲ့တဲ့အနက္ ခ်န္ပီယံေလာင္း
ခ်ဲလ္ဆီးက ႏွစ္ေက်ာ့ေပါင္း ၃-၁ ဂိုးနဲ႔ အႏိုင္ရခဲ့ပါတယ္။
ဒါေပမဲ့ ရီးရဲလ္အသင္းသားေတြကေတာ့ ဒီတစ္ခါမွာ
ခ်ဲလ္ဆီးကုိ သူတုိ႔ ေက်ာ္ျဖတ္ႏိုင္လိမ့္မယ္လုိ႔ ယုံၾကည္ေနပါတယ္။
The Athletic သတင္းဌာနရဲ႕ေဖာ္ျပခ်က္အရ ရီးရဲလ္အသင္းသားေတြဟာ

ခ်ဲလ္ဆီးနဲ႔ ေတြ႕ဆုံမႈအေပၚ ေပ်ာ္ရႊင္ေနၿပီး လီဗာပူး ဒါမွမဟုတ္
မန္စီးတီးတုိ႔က ခ်ဲလ္ဆီးထက္ ပိုခက္တဲ့ၿပိဳင္ဘက္ျဖစ္လိမ့္မယ္လုိ႔
ယုံၾကည္ေနေၾကာင္း သိရပါတယ္။
ရီးရဲလ္အသင္းသားေတြက ယမန္ႏွစ္ရာသီမွာ
ခ်ဲလ္ဆီးအသင္းဘက္က ရုပ္ပိုင္းဆုိင္ရာနဲ႔

နည္းစနစ္ပိုင္းအရ အသာရခဲ့တယ္ဆုိတာ သိနားလည္ထားေပမယ့္
ဒီတစ္ခါမွာေတာ့ လက္စားျပန္ေခ်ႏုိင္ေရးအတြက္
စိတ္အားတက္ၾကြေနၿပီး ဒီႏွစ္မွာ ကြဲျပားျခားနားလိမ့္မယ္လုိ႔ ယုံၾကည္ေနတာပါ။
ရီးရဲလ္ဟာ စေနညက ဘန္ဇီးမားရဲ႕ပင္နယ္တီသြင္းဂိုးေတြေၾကာင့္
ဆယ္လ္တာဗီဂိုကို ၁-၂ ဂိုးနဲ႔ အႏိုင္ယူကာ ရာသီကုန္ဖို႔

၈ပြဲပဲ လိုေတာ့ခ်ိန္မွာ ဒုတိယေနရာက ဘာစီလုိနာကို
၁ပြဲပို ၁၂ မွတ္ျဖတ္ကာ ထိပ္ဆုံးကေန ဦးေဆာင္ေနပါတယ္။
လာလီဂါမွာ ခ်န္ပီယံျဖစ္ဖုိ႔ အေျခအေနပိုေကာင္းေနတာေၾကာင့္
ရီးရဲလ္အေနနဲ႔ သမုိင္းတစ္ေလွ်ာက္ ၁၄ႀကိမ္ေျမာက္
ခ်န္ပီယံလိဂ္ဖလား ရယူႏုိင္ဖို႔ ပိုမိုအာရုံစိုက္ႏိုင္ၿပီး

၂၀၁၈ ေနာက္ပိုင္း ပထမဆုံးအႀကိမ္လည္း ျဖစ္လာမွာျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ရာသီက ဇီဒန္း ကုိင္တြယ္ခဲ့တဲ့ရီးရဲလ္ဟာ ပ-အေက်ာ့
အိမ္ကြင္းမွာ ၁-၁ ဂိုးသေရကစားခဲ့ေပမယ့္ စတမ္းဖို႔ဒ္ဘရစ္ခ်္မွာေတာ့
၂-၀ ဂိုးနဲ႔ အေရးနိမ့္ခဲ့ရၿပီး ခ်ဲလ္ဆီးအတြက္ ဗာနာနဲ႔
ေမဆင္ေမာင့္တုိ႔က ဂိုးေတြ သြင္းယူခဲ့ပါတယ္။