ချဲလ်ဆီးကိုရောင်းပြီး ရသမျှအကျိုးအမြတ်ကို ယူကရိန်းစစ်ပွဲဒဏ်သင့်ခဲ့တဲ့တွေအတွက် လှူဒါန်းသွားမယ့် မိုဗစ်ချ်

ချဲလ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ချ် ဟာသူ့ပိုင်ဆိုင်မှုတွေကို

ဗြိတိန်အစိုးရက ထိန်းချုပ်မယ့်အရေးနဲ့ကြုံ တွေ့နေရချိန်မှာ

သူပိုင်တဲ့ချဲလ်ဆီးကိုရောင်းချတော့မယ်လို့ အတည်ပြုလိုက်ပါတယ်။

ရုရှားရေနံသူဌေးဖြစ်တဲ့ မိုဗစ်ချ် ဟာအသက် ၅၅ နှစ်ရှိပြီဖြစ်ပြီး

ချဲလ်ဆီးကိုပေါင် ၃ ဘီလီယံနဲ့ရောင်းချမှာဖြစ်ပြီး သူရသမျှအကျိုးအမြတ် ကို

ယူကရိန်းစစ်ပွဲဒဏ်သင့်ခဲ့တဲ့တွေအတွက်

လှူဒါန်းသွားမယ်လို့လည်း ကတိပြုခဲ့ပါတယ်။

ဒါပေမယ့် မိုဗစ်ချ် ကသူနဲ့နီးစပ်သူလို့ သတင်းကြီးနေတဲ့

ရှရုားသမ္မတ ပူတင် ကိုတော့ရှုတ်ချခဲ့ခြင်းမရှိပါဘူး။

အကျိုးအမြတ်တွေကို စစ်ပွဲဒဏ်သင့်သူတွေအတွက်လှူဒါန်းမယ်လို့ဆိုပေမယ့်

ရုရှားရဲ့ကျူးကျော်စစ်ကြောင့် ခံစားခဲ့ရတဲ့ယူကရိန်း ပြည်သူတွေကို

လှူမှာလားဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းမဖော်ပြခဲ့ပါဘူး။

မိုဗစ်ချ်ဟာချဲလ်ဆီးအသင်းကို ပြီးခဲ့တဲ့ ၁၉ နှစ်က

ပေါင်သန်း ၁၄၀ နဲ့ဝယ်ယူခဲ့တာဖြစ်ပြီး အခုလိုရောင်းဖို့အတွက်

မယုံနိုင်စရာကောင်းလောက် အောင်ခက်ခဲစွာဆုံးဖြတ်ခဲ့ရတယ်လို့လည်း

ကြေညာချက်ထဲမှာဖော်ပြခဲ့ပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင် ကမိုဗစ်ချ်ကိုပိတ်ပင်အရေးယူမှု

မပြုလုပ်သေးတာနဲ့ ပတ်သက်ပြီးဝေဖန်မှုတွေခံခဲ့ရပြီးနောက်

သူ့ပိုင် ဆိုင်မှုတွေမကြာခင်ထိန်းချုပ်ခံရမယ်ဆိုတဲ့ သတင်းတွေထွက်လာတာပါ။

ဒါကြောင့်လည်း မိုဗစ်ချ်က ချဲလ်ဆီး ကိုထိခိုက်မှာစိုးလို့

အမြန်ဆုံးရောင်းချင်နေပြီးကမ်းလှမ်းမှုရှိတာနဲ့

ရက်ပိုင်းအတွင်းဖြစ်နိုင်တယ်လို့ လည်း သုံး သပ်ထားကြပါတယ်။

သူ့ကြေညာချက်ထွက်ပေါ်လာပြီးချိန်မှာ UFC မီဂါစတားတစ်ယောက်ဖြစ်တဲ့

မက်ဂရီဂေါ ကချဲလ်ဆီးကိုဝယ် ဖို့စိတ်ဝင်စားနေတယ်လို့ ဆိုလိုက်ပါတယ်။

အသက် ၃၃ နှစ်ရှိတဲ့ မက်ဂရီဂေါကသူ့တွစ်တာကနေတစ်ဆင့်

”ချဲလ်ဆီးကိုဝယ်ဖို့ ကျုပ်စူးစမ်းကြည့်ဖို့ ဆန္ဒရှိနေတယ်” လို့ပို့စ်တင်ခဲ့ပါတယ်။

မက်ဂရီဂေါဟာ မန်ယူအသင်း ကိုအားပေးတဲ့သူဖြစ်ပြီး

ဘောလုံးကလပ်တစ်ခုကိုဝယ်ဖို့ဆန္ဒရှိတာဟာ အခုကပထမဆုံးအကြိမ်မဟုတ်‌ပါ ဘူး။

သူဟာအရင်တုန်းကလည်း မန်ယူကိုပိုင်ဆိုင်ချင်တဲ့အကြောင်းဖွင့်ဟခဲ့ဘူးသလို

ဆဲလ်တစ်အသင်းကို လည်းဝယ်ဖို့ ကြိုးစားခဲ့ဘူးပါတယ်။

မက်ဂရီဂေါဟာပေါင်သန်း ၁၈၀ သာကြွယ်ဝသူဖြစ်ပြီး

Proper Twelve ဝီစကီကုမ္ပဏီကသူ့ရှယ်ယာတွေကိုထုတ်ရောင်းမယ်ဆိုရင်တောင်

နောက်ထပ်ပေါင် ၄၂၃ သန်းသာထပ်ရမှာ ဖြစ်လို့

ဘယ်လိုပုံစံနဲ့ဝယ်ချင်တာလဲဆိုတာကိုတော့ မသိရသေးပါဘူး။

ချဲလ်ဆီးကိုဝယ်ဖို့အတွက် ဆွစ်ဇာလန် ဘီလျံနာ ဟန်ဂျော့ဝစ် နဲ့

ဗြိတိန်လုပ်ငန်းရှင်ဖြစ်တဲ့ ရက်ဖ်ကလစ်ဖီ တို့ကလည်း

ဝယ်ဖို့စိတ်ဝင်စားနေကြောင်း သိရပါတယ်။

zawgyi

ခ်ဲလ္ဆီးကိုေရာင္းၿပီး ရသမွ်အက်ိဳးအျမတ္ကို ယူကရိန္းစစ္ပြဲဒဏ္သင့္ခဲ့တဲ့ေတြအတြက္ လႉဒါန္းသြားမယ့္ မိုဗစ္ခ်္

ခ်ဲလ္ဆီးအသင္းပိုင္ရွင္ ေအဘရာမိုဗစ္ခ်္ ဟာသူ႔ပိုင္ဆိုင္မႈေတြကို

ၿဗိတိန္အစိုးရက ထိန္းခ်ဳပ္မယ့္အေရးနဲ႔ႀကဳံ ေတြ႕ေနရခ်ိန္မွာ

သူပိုင္တဲ့ခ်ဲလ္ဆီးကိုေရာင္းခ်ေတာ့မယ္လို႔ အတည္ျပဳလိုက္ပါတယ္။

႐ုရွားေရနံသူေဌးျဖစ္တဲ့ မိုဗစ္ခ်္ ဟာအသက္ ၅၅ ႏွစ္ရွိၿပီျဖစ္ၿပီး

ခ်ဲလ္ဆီးကိုေပါင္ ၃ ဘီလီယံနဲ႔ေရာင္းခ်မွာျဖစ္ၿပီး သူရသမွ်အက်ိဳးအျမတ္ ကို

ယူကရိန္းစစ္ပြဲဒဏ္သင့္ခဲ့တဲ့ေတြအတြက္

လႉဒါန္းသြားမယ္လို႔လည္း ကတိျပဳခဲ့ပါတယ္။

ဒါေပမယ့္ မိုဗစ္ခ်္ ကသူနဲ႔နီးစပ္သူလို႔ သတင္းႀကီးေနတဲ့

ရွ႐ုားသမၼတ ပူတင္ ကိုေတာ့ရႈတ္ခ်ခဲ့ျခင္းမရွိပါဘူး။

အက်ိဳးအျမတ္ေတြကို စစ္ပြဲဒဏ္သင့္သူေတြအတြက္လႉဒါန္းမယ္လို႔ဆိုေပမယ့္

႐ုရွားရဲ႕က်ဴးေက်ာ္စစ္ေၾကာင့္ ခံစားခဲ့ရတဲ့ယူကရိန္း ျပည္သူေတြကို

လႉမွာလားဆိုတာကိုေတာ့ ရွင္းရွင္းလင္းလင္းမေဖာ္ျပခဲ့ပါဘူး။

မိုဗစ္ခ်္ဟာခ်ဲလ္ဆီးအသင္းကို ၿပီးခဲ့တဲ့ ၁၉ ႏွစ္က

ေပါင္သန္း ၁၄၀ နဲ႔ဝယ္ယူခဲ့တာျဖစ္ၿပီး အခုလိုေရာင္းဖို႔အတြက္

မယုံႏိုင္စရာေကာင္းေလာက္ ေအာင္ခက္ခဲစြာဆုံးျဖတ္ခဲ့ရတယ္လို႔လည္း

ေၾကညာခ်က္ထဲမွာေဖာ္ျပခဲ့ပါတယ္။

ၿဗိတိန္ဝန္ႀကီးခ်ဳပ္ ေဘာရစ္ ဂြၽန္ဆင္ ကမိုဗစ္ခ်္ကိုပိတ္ပင္အေရးယူမႈ

မျပဳလုပ္ေသးတာနဲ႔ ပတ္သက္ၿပီးေဝဖန္မႈေတြခံခဲ့ရၿပီးေနာက္

သူ႔ပိုင္ ဆိုင္မႈေတြမၾကာခင္ထိန္းခ်ဳပ္ခံရမယ္ဆိုတဲ့ သတင္းေတြထြက္လာတာပါ။

ဒါေၾကာင့္လည္း မိုဗစ္ခ်္က ခ်ဲလ္ဆီး ကိုထိခိုက္မွာစိုးလို႔

အျမန္ဆုံးေရာင္းခ်င္ေနၿပီးကမ္းလွမ္းမႈရွိတာနဲ႔

ရက္ပိုင္းအတြင္းျဖစ္ႏိုင္တယ္လို႔ လည္း သုံး သပ္ထားၾကပါတယ္။

သူ႔ေၾကညာခ်က္ထြက္ေပၚလာၿပီးခ်ိန္မွာ UFC မီဂါစတားတစ္ေယာက္ျဖစ္တဲ့

မက္ဂရီေဂါ ကခ်ဲလ္ဆီးကိုဝယ္ ဖို႔စိတ္ဝင္စားေနတယ္လို႔ ဆိုလိုက္ပါတယ္။

အသက္ ၃၃ ႏွစ္ရွိတဲ့ မက္ဂရီေဂါကသူ႔တြစ္တာကေနတစ္ဆင့္

”ခ်ဲလ္ဆီးကိုဝယ္ဖို႔ က်ဳပ္စူးစမ္းၾကည့္ဖို႔ ဆႏၵရွိေနတယ္” လို႔ပို႔စ္တင္ခဲ့ပါတယ္။

မက္ဂရီေဂါဟာ မန္ယူအသင္း ကိုအားေပးတဲ့သူျဖစ္ၿပီး

ေဘာလုံးကလပ္တစ္ခုကိုဝယ္ဖို႔ဆႏၵရွိတာဟာ အခုကပထမဆုံးအႀကိမ္မဟုတ္‌ပါ ဘူး။

သူဟာအရင္တုန္းကလည္း မန္ယူကိုပိုင္ဆိုင္ခ်င္တဲ့အေၾကာင္းဖြင့္ဟခဲ့ဘူးသလို

ဆဲလ္တစ္အသင္းကို လည္းဝယ္ဖို႔ ႀကိဳးစားခဲ့ဘူးပါတယ္။

မက္ဂရီေဂါဟာေပါင္သန္း ၁၈၀ သာႂကြယ္ဝသူျဖစ္ၿပီး

Proper Twelve ဝီစကီကုမၸဏီကသူ႔ရွယ္ယာေတြကိုထုတ္ေရာင္းမယ္ဆိုရင္ေတာင္

ေနာက္ထပ္ေပါင္ ၄၂၃ သန္းသာထပ္ရမွာ ျဖစ္လို႔

ဘယ္လိုပုံစံနဲ႔ဝယ္ခ်င္တာလဲဆိုတာကိုေတာ့ မသိရေသးပါဘူး။

ခ်ဲလ္ဆီးကိုဝယ္ဖို႔အတြက္ ဆြစ္ဇာလန္ ဘီလ်ံနာ ဟန္ေဂ်ာ့ဝစ္ နဲ႔

ၿဗိတိန္လုပ္ငန္းရွင္ျဖစ္တဲ့ ရက္ဖ္ကလစ္ဖီ တို႔ကလည္း

ဝယ္ဖို႔စိတ္ဝင္စားေနေၾကာင္း သိရပါတယ္။