ချဲလ်ဆီးကိုပြောင်းရွှေ့ချင်ကြောင်း နည်းပြလမ်းပတ်ကို ဖွင့်ဟလိုက်တဲ့ ဂေါ်ဒွန်

အဲဗာတန်တောင်ပံတိုက်မှူး ဂေါ်ဒွန်က ချဲလ်ဆီးကိုပြောင်းရွှေ့ချင်ကြောင်း နည်းပြလမ်းပတ်ကို ဖွင့်ဟလိုက်ပါ တယ်။ ဂေါ်ဒွန်အတွက်နောက်ဆုံးကမ်းလှမ်းမှုကို ပယ်ချခံထားရတဲ့

ချဲလ်ဆီးကလည်း ပေါင်သန်း (၆၀)နဲ့ ထပ်မံ ကမ်းလှမ်းမှုလုပ်ဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာပဲ အဲဗာတန်ဟာ ဂေါ်ဒွန်အတွက် ချဲလ်ဆီးရဲ့ပေါင်သန်း (၅၀)နဲ့

လေးကြိမ်မြောက်ကမ်းလှမ်းမှုကို ပယ်ချထားခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးဟာ အပြောင်းအရွှေ့မပိတ်ခင် သူတို့ရဲ့နောက်ဆုံးကမ်းလှမ်းမှုအဖြစ် ပေါင်သန်း(၆၀)အထိ

ထပ်တိုးပေးလာဖို့ရှိနေပြီး အဲဗာတန်ကလည်း အဲဒီပမာဏကိုလက်ခံသွားဖို့နေတယ်လို့တော့ သတင်းတွေထွက်နေပါတယ်။ ဂေါ်ဒွန်ကိုယ် တိုင်ကလည်း ချဲလ်ဆီးကိုပြောင်းဖို့

စိတ်အားထက်သန်နေပြီး နှစ်သင်းကြား သဘောတူညီမှုရမယ်ဆိုရင် ပြောင်းရွှေ့ချင်ကြောင်း နည်းပြ လမ်းပတ် ကိုဖွင့်ဟထားပါတယ်။ ဂေါ်ဒွန်ဟာ ချဲလ်ဆီးနဲ့အတူ

ချန်ပီယံလိဂ် ပြိုင်ပွဲမှာပါဝင်ခွင့်ရချင်နေတာဖြစ်ပြီး သူ့ရဲ့အဓိကအိပ်မက်ဖြစ်တဲ့ အင်္ဂလန်လက်ရွေးစင်အသင်းကြီးအဆင့်ကို တက်လှမ်းချင်နေတာလည်းဖြစ်ပါတယ်။

နွေရာသီအပြောင်းအရွှေ့အစပိုင်းကတည်းက ဂေါ်ဒွန်ကို စပါးနဲ့ နယူးကာဆယ်တို့ကလည်း စိတ်ဝင်စားခဲ့ကြတာဖြစ်ပြီး ပေါင်သန်း(၅၀)ဆိုတဲ့ ပမာဏကြောင့် နယူးကာဆယ် ကတော့

နောက်ဆုတ်သွားခဲ့ပြီဖြစ်ပါတယ်။ မကြာခင်ကမှ အဲဗာတန်ကစားသမားတစ်ဦးဖြစ်တဲ့ ရစ်ချာလီဆင် ခေါ်ထားတဲ စပါးကတော့ ဂေါ်ဒွန်ကို ဆက်လက်စောင့်ကြည့်နေဆဲဖြစ်ပါတယ်။

(zawgyi)

အဲဗာတန္ေတာင္ပံတိုက္မႉး ေဂၚဒြန္က ခ်ဲလ္ဆီးကိုေျပာင္းေ႐ႊ႕ခ်င္ေၾကာင္း နည္းျပလမ္းပတ္ကို ဖြင့္ဟလိုက္ပါ တယ္။ ေဂၚဒြန္အတြက္ေနာက္ဆုံးကမ္းလွမ္းမႈကို ပယ္ခ်ခံထားရတဲ့

ခ်ဲလ္ဆီးကလည္း ေပါင္သန္း (၆၀)နဲ႔ ထပ္မံ ကမ္းလွမ္းမႈလုပ္ဖို႔ျပင္ဆင္ေနတာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္းမွာပဲ အဲဗာတန္ဟာ ေဂၚဒြန္အတြက္ ခ်ဲလ္ဆီးရဲ႕ေပါင္သန္း (၅၀)နဲ႔

ေလးႀကိမ္ေျမာက္ကမ္းလွမ္းမႈကို ပယ္ခ်ထားခဲ့တာျဖစ္ပါတယ္။ ခ်ဲလ္ဆီးဟာ အေျပာင္းအေ႐ႊ႕မပိတ္ခင္ သူတို႔ရဲ႕ေနာက္ဆုံးကမ္းလွမ္းမႈအျဖစ္ ေပါင္သန္း(၆၀)အထိထပ္တိုးေပးလာဖို႔ရွိေနၿပီး

အဲဗာတန္ကလည္း အဲဒီပမာဏကိုလက္ခံသြားဖို႔ေနတယ္လို႔ေတာ့ သတင္းေတြထြက္ေနပါတယ္။ ေဂၚဒြန္ကိုယ္ တိုင္ကလည္း ခ်ဲလ္ဆီးကိုေျပာင္းဖို႔ စိတ္အားထက္သန္ေနၿပီး ႏွစ္သင္းၾကား

သေဘာတူညီမႈရမယ္ဆိုရင္ ေျပာင္းေ႐ႊ႕ခ်င္ေၾကာင္း နည္းျပ လမ္းပတ္ ကိုဖြင့္ဟထားပါတယ္။ ေဂၚဒြန္ဟာ ခ်ဲလ္ဆီးနဲ႔အတူ ခ်န္ပီယံလိဂ္ ၿပိဳင္ပြဲမွာပါဝင္ခြင့္ရခ်င္ေနတာျဖစ္ၿပီး

သူ႔ရဲ႕အဓိကအိပ္မက္ျဖစ္တဲ့ အဂၤလန္လက္ေ႐ြးစင္အသင္းႀကီးအဆင့္ကို တက္လွမ္းခ်င္ေနတာလည္းျဖစ္ပါတယ္။ ေႏြရာသီအေျပာင္းအေ႐ႊ႕အစပိုင္းကတည္းက ေဂၚဒြန္ကို စပါးနဲ႔ နယူးကာဆယ္တို႔ကလည္း စိတ္ဝင္စားခဲ့ၾကတာျဖစ္ၿပီး

ေပါင္သန္း(၅၀)ဆိုတဲ့ ပမာဏေၾကာင့္ နယူးကာဆယ္ ကေတာ့ေနာက္ဆုတ္သြားခဲ့ၿပီျဖစ္ပါတယ္။ မၾကာခင္ကမွ အဲဗာတန္ကစားသမားတစ္ဦးျဖစ္တဲ့ ရစ္ခ်ာလီဆင္ ေခၚထားတဲ စပါးကေတာ့ ေဂၚဒြန္ကို ဆက္လက္ေစာင့္ၾကည့္ေနဆဲျဖစ္ပါတယ္။