
ပေါ်တူဂီကြယ်ပွင့် ဂျာအိုဖိလစ်ကတော့ ချဲလ်ဆီးနဲ့ပွဲဦးထွက်မှာတင်





အနီကတ်နဲ့ထုတ်ပယ်ခံလိုက်ရပြီဖြစ်တယ်။ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့
မွန်းလွဲပိုင်းမှာ ပေါင် ၉ သန်းတန်အငှားစာချုပ်နဲ့ လန်ဒန်ကလပ်ကို





ရောက်လာတဲ့ ဖိလစ်ဟာ ၂၄ နာရီအကြာမှာ ချဲလ်ဆီးအတွက်
ပရီးမီးယားလိဂ်ပွဲထွက်ခွင့်ရခဲ့ပြီး ဖူလ်ဟမ်နဲ့ အနောက်ပိုင်း
လန်ဒန်ဒါဘီမှာ အနီကတ်နဲ့ထုတ်ပယ်ခံလိုက်ရပါတယ်။





ပွဲအပိုင်းမိနစ်တွေမှာ ပေါ်တူဂီကြယ်ပွင့်ရဲ့ခြေစွမ်းကောင်းခဲ့ပေမဲ့
ပွဲချိန် ၅၈ မိနစ် အရောက်မှာတော့ ပြိုင်ဘက်ညာနောက်ခံလူ





ကန်နီတီတီနဲ့ ဘောလုံးယဉ်လုရာမှာတော့ ကြောက်စရာ
ကောင်းလွန်းတဲ့လျှောထိုးဝင်ရောက်မှုနဲ့အတူ ထုတ်ပယ်
ခံလိုက်ရတာဖြစ်တယ်။ “အားလုံးပြီးသွားတဲ့နောက်တော့





ဂျာအိုဖိလစ်ဟာ ဆီမြွန်နီ လိုချင်တဲ့ပုံစံအတိုင်းကစားနေပါတယ်”
လောင်းကစားကုမ္ပဏီ Paddy Power ကဆီမြွန်နီရဲ့တပည့်ဟောင်းကို





အရွှန်းဖောက်ပါတော့တယ်။ ဂျာနယ်လစ်တစ်ယောက်ဖြစ်တဲ့
ဘန်ဂျာကော့စ်ကတော့ “ဂျာအိုဖိလစ်ဟာ ဘယ်လိုမှစောဒက
တက်လို့မရပါဘူး။ မဆင်မခြင် စိန်ခေါ်မှုတစ်ရပ်ပါ။





သူက ဂိမ်းအားလုံးကိုအထင်ကြီးစေဖို့ စိတ်အားထက်သန်နေပြီး
တကယ်လည်းအသက်ဝင်ပေမဲ့ ဒီတစ်ကြိမ်မှာတော့





အနီကတ်ပြခံလိုက်ရပါတယ်။ သူ့ရဲ့ပွဲဦးထွက်အဆုံးသတ်က
ဝမ်းနည်းစရာပါ” လို့ မှတ်ချက်ပေးခဲ့ပါတယ်။
ပရိသတ်တစ်ယောက်ကတော့ ပရီးမီးယားလိဂ်ပွဲ ၂၀ အတွက်





အငှားခေါ်ခဲ့ပေမဲ့ ၃ပွဲ ကအလိုအလျောက်ပျောက်ဆုံးသွားပြီလို့
စိတ်ပျက်လက်ပျက် မှတ်ချက်ပေးခဲ့တာဖြစ်တယ်။





ပွဲအစောပိုင်းမိနစ်တွေမှာ ပေါ်တူဂီသားရဲ့ဘောလုံးနဲ့အတူ
ပြေးလွှားမှုကို တားဆီးရင်းဖူလ်ဟမ်ကစားသမား နှစ်ယောက်အထိ
အဝါကတ်မိခဲ့ပေမဲ့ တကယ်တမ်းထုတ်ပယ်ခံရသူကတော့ ဂျာအိုဖိလစ်ဖြစ်နေခဲ့ပါတယ်။





zawgyi
ခ်ဲလ္ဆီးကစားသမားအျဖစ္ခံယူၿပီး ၂၄ နာရီအၾကာမွာ အနီကတ္နဲ႔ညားခဲ့တဲ့ ဂ်ာအိုဖိလစ္ ၃ပြဲ ပယ္ခံရေတာ့မယ္





ေပၚတူဂီၾကယ္ပြင့္ ဂ်ာအိုဖိလစ္ကေတာ့ ခ်ဲလ္ဆီးနဲ႔ပြဲဦးထြက္မွာတင္
အနီကတ္နဲ႔ထုတ္ပယ္ခံလိုက္ရၿပီျဖစ္တယ္။ ၿပီးခဲ့တဲ့ဗုဒၶဟူးေန႔
မြန္းလြဲပိုင္းမွာ ေပါင္ ၉ သန္းတန္အငွားစာခ်ဳပ္နဲ႔ လန္ဒန္ကလပ္ကို





ေရာက္လာတဲ့ ဖိလစ္ဟာ ၂၄ နာရီအၾကာမွာ ခ်ဲလ္ဆီးအတြက္
ပရီးမီးယားလိဂ္ပြဲထြက္ခြင့္ရခဲ့ၿပီး ဖူလ္ဟမ္နဲ႔ အေနာက္ပိုင္း





လန္ဒန္ဒါဘီမွာ အနီကတ္နဲ႔ထုတ္ပယ္ခံလိုက္ရပါတယ္။
ပြဲအပိုင္းမိနစ္ေတြမွာ ေပၚတူဂီၾကယ္ပြင့္ရဲ႕ေျခစြမ္းေကာင္းခဲ့ေပမဲ့
ပြဲခ်ိန္ ၅၈ မိနစ္ အေရာက္မွာေတာ့ ၿပိဳင္ဘက္ညာေနာက္ခံလူ





ကန္နီတီတီနဲ႔ ေဘာလုံးယဥ္လုရာမွာေတာ့ ေၾကာက္စရာ
ေကာင္းလြန္းတဲ့ေလွ်ာထိုးဝင္ေရာက္မႈနဲ႔အတူ ထုတ္ပယ္





ခံလိုက္ရတာျဖစ္တယ္။ “အားလုံးၿပီးသြားတဲ့ေနာက္ေတာ့
ဂ်ာအိုဖိလစ္ဟာ ဆီႁမြန္နီ လိုခ်င္တဲ့ပုံစံအတိုင္းကစားေနပါတယ္”
ေလာင္းကစားကုမၸဏီ Paddy Power ကဆီႁမြန္နီရဲ႕တပည့္ေဟာင္းကို





အ႐ႊန္းေဖာက္ပါေတာ့တယ္။ ဂ်ာနယ္လစ္တစ္ေယာက္ျဖစ္တဲ့
ဘန္ဂ်ာေကာ့စ္ကေတာ့ “ဂ်ာအိုဖိလစ္ဟာ ဘယ္လိုမွေစာဒက





တက္လို႔မရပါဘူး။ မဆင္မျခင္ စိန္ေခၚမႈတစ္ရပ္ပါ။
သူက ဂိမ္းအားလုံးကိုအထင္ႀကီးေစဖို႔ စိတ္အားထက္သန္ေနၿပီး
တကယ္လည္းအသက္ဝင္ေပမဲ့ ဒီတစ္ႀကိမ္မွာေတာ့





အနီကတ္ျပခံလိုက္ရပါတယ္။ သူ႔ရဲ႕ပြဲဦးထြက္အဆုံးသတ္က
ဝမ္းနည္းစရာပါ” လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။





ပရိသတ္တစ္ေယာက္ကေတာ့ ပရီးမီးယားလိဂ္ပြဲ ၂၀ အတြက္
အငွားေခၚခဲ့ေပမဲ့ ၃ပြဲ ကအလိုအေလ်ာက္ေပ်ာက္ဆုံးသြားၿပီလို႔
စိတ္ပ်က္လက္ပ်က္ မွတ္ခ်က္ေပးခဲ့တာျဖစ္တယ္။





ပြဲအေစာပိုင္းမိနစ္ေတြမွာ ေပၚတူဂီသားရဲ႕ေဘာလုံးနဲ႔အတူ
ေျပးလႊားမႈကို တားဆီးရင္းဖူလ္ဟမ္ကစားသမား ႏွစ္ေယာက္အထိ





အဝါကတ္မိခဲ့ေပမဲ့ တကယ္တမ္းထုတ္ပယ္ခံရသူကေတာ့ ဂ်ာအိုဖိလစ္ျဖစ္ေနခဲ့ပါတယ္။