ချိုးဖျက်ခံရဖို့ စံချိန်တွေ ဖြစ်ပေါ်လာရတယ်ဆိုတဲ့အဆိုကို သက်သေပြနေသူ လီဝန်ဒေါစကီး

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီးဟာ

ဂန္ထဝင်တိုက်စစ်မှူး ဂတ်မူလာရဲ့နောက်ထပ်စံချိန်တစ်ခုကို
လိုက်မီနိုင်ခဲ့ပြီး ဘွန်ဒက်စ်လီဂါသမိုင်းတစ်လျှောက်
အနည်းဆုံး ဂိုး ၃၀ သွင်းယူနိုင်တဲ့ ဘောလုံးရာသီအများဆုံးအဖြစ်
၅ကြိမ်နဲ့ လိုက်မီနိုင်ခဲ့တာဖြစ်ပါတယ်။
ပိုလန်လက်ရွေးစင် လီဝန်ဒေါစကီးဟာ ဟာသာဘာလင်ကို

၄-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဘိုင်ယန်အတွက်
တတိယမြောက်နဲ့ စတုတ္ထမြောက်ဂိုးတွေ
သွင်းယူနိုင်ခဲ့တာဖြစ်ပြီး အသင်းကလည်း ဒုတိယနေရာက
ဒေါ့မွန်ကို တစ်ပွဲပို ၇ မှတ်ပြန်ဖြတ်ကာ
အမှတ်ပေးဇယားထိပ်ဆုံးမှာ ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။

လီဝန်ဒေါစကီးအနေနဲ့ ယခုရာသီဘွန်ဒက်စ်လီဂါမှာ
၃၁ဂိုးသွင်းယူထားပြီးဖြစ်သလို ပြိုင်ပွဲစုံအနေနဲ့ဆိုရင်
၄၅ဂိုးရှိနေပြီဖြစ်ကာ ပိုပြီးအံ့အားသင့်စရာကောင်းတာက
အဲဒီ ၄၅ဂိုးကို ၃၇ပွဲတည်းကစားကာ ရယူခဲ့တာဖြစ်ပါတယ်။
လီဝန်ဒေါစကီးဟာ ကစားသမားဘဝတစ်လျှောက်

ဘွန်ဒက်စ်လီဂါမှာ တစ်ရာသီအတွင်း အနည်းဆုံး
ဂိုး ၃၀ သွင်းနိုင်တာ ၅ရာသီအထိ ရှိနေပြီဖြစ်ရာ
ဂတ်မူလာရဲ့ စံချိန်ကို လိုက်မီနိုင်ခဲ့တာဖြစ်ပြီး
အဲဒီစံချိန်ကို ချိုးဖျက်နိုင်ဖို့ကလည်း ရာခိုင်နှုန်းများနေပါတယ်။
အသက် ၃၃ နှစ်အရွယ်ရှိ လီဝန်ဒေါစကီးဟာ ၂၀၁၄ ခုနှစ်က

ဒေါ့မွန်ကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်လာခဲ့သူဖြစ်ပြီး
ယခုအခါ ဘိုင်ယန်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးဖို့
တစ်နှစ်ကျော်ပဲ လိုတော့သလို စာချုပ်သစ်ချုပ်ဆိုဖို့လည်း
အဆင်မပြေဖြစ်နေသေးလို့ သူ့ရဲ့အနာဂတ်နဲ့ပတ်သက်လို
သတင်းတွေ အမျိုးမျိုးထွက်ပေါ်နေပါတယ်။

ဘိုင်ယန်ဂိုးသမား နူအာကလည်း ဟာသာဘာလင်နဲ့ပွဲမှာ
ပါဝင်ကစားပြီးနောက် စံချိန်သစ်တစ်ခု တင်နိုင်ခဲ့ပြီး
ဘိုင်ယန်ဂန္ထဝင်ဂိုးသမားကြီး အိုလီဗာခန်းကို
ကျော်ဖြတ်ကာ ဘွန်ဒက်စ်လီဂါသမိုင်းတစ်လျှောက်
နိုင်ပွဲအများဆုံးရရှိသူအဖြစ် ၃၁၁ ပွဲနဲ့ စံချိန်သစ်တင်နိုင်ခဲ့တာဖြစ်ပါတယ်။

အသက် ၃၅ နှစ်အရွယ်ရှိ နူအာဟာ ဘွန်ဒက်စ်လီဂါမှာ
ဘိုင်ယန်အတွက် Clean Sheets ၁၅၀ ပွဲအထိ ရယူနိုင်ခဲ့ပြီး
နူအာအနေနဲ့ ပွဲပေါင်း ၄၆၀ မှာ ၃၁၁ ပွဲ အနိုင်ရခဲ့တာဖြစ်ပါတယ်။

Zawgyi

ခ်ိဳးဖ်က္ခံရဖို႔ စံခ်ိန္ေတြ ျဖစ္ေပၚလာရတယ္ဆိုတဲ့အဆိုကို သက္ေသျပေနသူ လီဝန္ေဒါစကီး
ဘိုင္ယန္ျမဴးနစ္တိုက္စစ္မႉး လီဝန္ေဒါစကီးဟာ
ဂႏၴဝင္တိုက္စစ္မႉး ဂတ္မူလာရဲ႕ေနာက္ထပ္စံခ်ိန္တစ္ခုကို
လိုက္မီႏိုင္ခဲ့ၿပီး ဘြန္ဒက္စ္လီဂါသမိုင္းတစ္ေလွ်ာက္

အနည္းဆုံး ဂိုး ၃၀ သြင္းယူႏိုင္တဲ့ ေဘာလုံးရာသီအမ်ားဆုံးအျဖစ္
၅ႀကိမ္နဲ႔ လိုက္မီႏိုင္ခဲ့တာျဖစ္ပါတယ္။
ပိုလန္လက္ေ႐ြးစင္ လီဝန္ေဒါစကီးဟာ ဟာသာဘာလင္ကို
၄-၀ ဂိုးနဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာ ဘိုင္ယန္အတြက္
တတိယေျမာက္နဲ႔ စတုတၳေျမာက္ဂိုးေတြ

သြင္းယူႏိုင္ခဲ့တာျဖစ္ၿပီး အသင္းကလည္း ဒုတိယေနရာက
ေဒါ့မြန္ကို တစ္ပြဲပို ၇ မွတ္ျပန္ျဖတ္ကာ
အမွတ္ေပးဇယားထိပ္ဆုံးမွာ ဆက္လက္ရပ္တည္ႏိုင္ခဲ့ပါတယ္။
လီဝန္ေဒါစကီးအေနနဲ႔ ယခုရာသီဘြန္ဒက္စ္လီဂါမွာ
၃၁ဂိုးသြင္းယူထားၿပီးျဖစ္သလို ၿပိဳင္ပြဲစုံအေနနဲ႔ဆိုရင္

၄၅ဂိုးရွိေနၿပီျဖစ္ကာ ပိုၿပီးအံ့အားသင့္စရာေကာင္းတာက
အဲဒီ ၄၅ဂိုးကို ၃၇ပြဲတည္းကစားကာ ရယူခဲ့တာျဖစ္ပါတယ္။
လီဝန္ေဒါစကီးဟာ ကစားသမားဘဝတစ္ေလွ်ာက္
ဘြန္ဒက္စ္လီဂါမွာ တစ္ရာသီအတြင္း အနည္းဆုံး
ဂိုး ၃၀ သြင္းႏိုင္တာ ၅ရာသီအထိ ရွိေနၿပီျဖစ္ရာ

ဂတ္မူလာရဲ႕ စံခ်ိန္ကို လိုက္မီႏိုင္ခဲ့တာျဖစ္ၿပီး
အဲဒီစံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္ဖို႔ကလည္း ရာခိုင္ႏႈန္းမ်ားေနပါတယ္။
အသက္ ၃၃ ႏွစ္အ႐ြယ္ရွိ လီဝန္ေဒါစကီးဟာ ၂၀၁၄ ခုႏွစ္က
ေဒါ့မြန္ကေန အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေရာက္လာခဲ့သူျဖစ္ၿပီး
ယခုအခါ ဘိုင္ယန္နဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးဖို႔

တစ္ႏွစ္ေက်ာ္ပဲ လိုေတာ့သလို စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔လည္း
အဆင္မေျပျဖစ္ေနေသးလို႔ သူ႔ရဲ႕အနာဂတ္နဲ႔ပတ္သက္လို
သတင္းေတြ အမ်ိဳးမ်ိဳးထြက္ေပၚေနပါတယ္။
ဘိုင္ယန္ဂိုးသမား ႏူအာကလည္း ဟာသာဘာလင္နဲ႔ပြဲမွာ
ပါဝင္ကစားၿပီးေနာက္ စံခ်ိန္သစ္တစ္ခု တင္ႏိုင္ခဲ့ၿပီး

ဘိုင္ယန္ဂႏၴဝင္ဂိုးသမားႀကီး အိုလီဗာခန္းကို
ေက်ာ္ျဖတ္ကာ ဘြန္ဒက္စ္လီဂါသမိုင္းတစ္ေလွ်ာက္
ႏိုင္ပြဲအမ်ားဆုံးရရွိသူအျဖစ္ ၃၁၁ ပြဲနဲ႔ စံခ်ိန္သစ္တင္ႏိုင္ခဲ့တာျဖစ္ပါတယ္။
အသက္ ၃၅ ႏွစ္အ႐ြယ္ရွိ ႏူအာဟာ ဘြန္ဒက္စ္လီဂါမွာ
ဘိုင္ယန္အတြက္ Clean Sheets ၁၅၀ ပြဲအထိ ရယူႏိုင္ခဲ့ၿပီး

ႏူအာအေနနဲ႔ ပြဲေပါင္း ၄၆၀ မွာ ၃၁၁ ပြဲ အႏိုင္ရခဲ့တာျဖစ္ပါတယ္။