





ပြင်သစ်ကြယ်ပွင့်အန်တိုနီဂရိဇ်မန်းက ဇနီးသည်ချိုပရီနာရဲ့အချစ်ကိုရဖို့အတွက် ကြိုးစားပမ်းစားလုပ်ဆောင်ခဲ့ရပုံကို လူသိရှင်ကြားထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့လမှာ
ဘာစီလိုနာကနေ အသင်းဟောင်းအက်သလက်ဆီကို အပြီးသတ်ပြောင်းရွှေ့ခဲ့တဲ့ ဂရိဇ်မန်းဟာ ဆိုစီဒက်ကစားသမားအဖြစ်ရှိစဉ် ကာလအတွင်း ချိုပရီနာနဲ့ဆုံတွေ့ခဲ့တာဖြစ်တယ်။





၂၀၁၈ ကမ္ဘာ့ချန်ပီယံပြင်သစ်အသင်းသားဟာ အသက် ၃၂နှစ်အရွယ် ချိုပရီနာနဲ့ ၂၀၁၁ မှာစတင်ဒိတ်လုပ်ခဲ့တာဖြစ်ပြီး ၂၀၁၇ မှာ သူတို့နှစ်ဦးလက်ထပ်ခဲ့သလို လက်ရှိကလေး ၃
ယောက်ပိုင်ဆိုင်ထားပြီးဖြစ်တယ်။ ကလေးစိတ်ပညာရှင်ဘွဲ့ရဖြစ်တဲ့ ချိုပရီနာဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ပြင်သစ်ဗိုလ်စွဲခဲ့ချိန်မှာ ဂရိဇ်မန်းရဲ့ဇနီးသည်အဖြစ်အားလုံးရဲ့ မြင်ကွင်းရှေ့ကိုထွက်ပေါ်လာခဲ့သူဖြစ်တယ်။





သူတို့နှစ်ဦးစတင်တွေ့ဆုံတဲ့အချိန်မှာတော့ ချိုပရီနာစာသင်ပေးနေတဲ့ကျောင်းဟာ ဂရိဇ်မန်းလေ့ကျင့်ရေး လုပ်တဲ့ကွင်းအနီးနားမှာရှိခဲ့ပြီး ပြင်သစ်တိုက်စစ်မှူးဟာ အကြိမ်ကြိမ်လမ်းဖြတ်ကူးပြီး
ချိုပရီနာ ဆီကိုလူပျိုလှည့်လေ့ရှိတယ် လို့သိရပါတယ်။ ပြင်သစ်တိုက်စစ်မှူး ဟာ သူမနဲ့အပြန်အလှန်မက်ဆေ့ချ်တွေပေးပို့နေခဲ့ပြီး ချိန်းတွေ့ဖို့အတွက်ကိုတော့ တစ်နှစ်ခွဲလောက်အထိသွေးဆောင်ခဲ့ရတယ်လို့





ရင်ဖွင့်ခဲ့ပါတယ်။ “သူမရဲ့ စာသင်ကျောင်းက ကျွန်တော့်လေ့ကျင့်ရေးကွင်းနားမှာရှိပါတယ်။ ကျွန်တော်တို့နှစ်ယောက် လမ်းမကိုအကြိမ်ကြိမ်ဖြတ်ကူးခဲ့သလို နောက်တော့ မက်ဆေ့ချ်တွေအပြန်အလှန်ပို့ခဲ့ကြတယ်။
တစ်နှစ်ခွဲလောက်ကြာတော့ သူမကိုသွေးဆောင်တဲ့ မက်ဆေ့ချ်ပေးပို့လိုက်ပါတယ်” လို့ ပြင်သစ်တိုက်စစ်မှူးက ဖွင့်ဟခဲ့ပါတယ်။





(Zawgyi)
ခ်ိဳပရီနာနဲ႔ ဒိတ္လုပ္ခြင့္ရဖို႔အတြက္ တစ္ႏွစ္ခြဲေလာက္အခ်ိန္ယူ ေသြးေဆာင္ခဲ့ရတယ္လို႔ ဂရိဇ္မန္း ရင္ဖြင့္





ျပင္သစ္ၾကယ္ပြင့္အန္တိုနီဂရိဇ္မန္းက ဇနီးသည္ခ်ိဳပရီနာရဲ႕အခ်စ္ကိုရဖို႔အတြက္ႀကိဳးစားပမ္းစားလုပ္ေဆာင္ခဲ့ရပုံကို လူသိရွင္ၾကားထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ ၿပီးခဲ့တဲ့လမွာ ဘာစီလိုနာကေန
အသင္းေဟာင္းအက္သလက္ဆီကို အၿပီးသတ္ေျပာင္းေ႐ႊ႕ခဲ့တဲ့ ဂရိဇ္မန္းဟာ ဆိုစီဒက္ကစားသမားအျဖစ္ရွိစဥ္ကာလအတြင္း ခ်ိဳပရီနာနဲ႔ဆုံေတြ႕ခဲ့တာျဖစ္တယ္။ ၂၀၁၈ ကမာၻ႔ခ်န္ပီယံျပင္သစ္အသင္းသားဟာ
အသက္ ၃၂ႏွစ္အ႐ြယ္ ခ်ိဳပရီနာနဲ႔ ၂၀၁၁ မွာစတင္ဒိတ္လုပ္ခဲ့တာျဖစ္ၿပီး ၂၀၁၇ မွာ သူတို႔ႏွစ္ဦးလက္ထပ္ခဲ့သလို လက္ရွိကေလး ၃ ေယာက္ပိုင္ဆိုင္ထားၿပီးျဖစ္တယ္။ ကေလးစိတ္ပညာရွင္ဘြဲ႕ရျဖစ္တဲ့ ခ်ိဳပရီနာဟာ ၂၀၁၈





ကမာၻ႔ဖလားၿပိဳင္ပြဲအတြင္း ျပင္သစ္ဗိုလ္စြဲခဲ့ခ်ိန္မွာ ဂရိဇ္မန္းရဲ႕ဇနီးသည္အျဖစ္အားလုံးရဲ႕ျမင္ကြင္းေရွ႕ကိုထြက္ေပၚလာခဲ့သူျဖစ္တယ္။ သူတို႔ႏွစ္ဦးစတင္ေတြ႕ဆုံတဲ့အခ်ိန္မွာေတာ့
ခ်ိဳပရီနာစာသင္ေပးေနတဲ့ေက်ာင္းဟာ ဂရိဇ္မန္းေလ့က်င့္ေရးလုပ္တဲ့ကြင္းအနီးနားမွာရွိခဲ့ၿပီး ျပင္သစ္တိုက္စစ္မႉးဟာ အႀကိမ္ႀကိမ္လမ္းျဖတ္ကူးၿပီး ခ်ိဳပရီနာ ဆီကိုလူပ်ိဳလွည့္ေလ့ရွိတယ္လို႔သိရပါတယ္။





ျပင္သစ္တိုက္စစ္မႉး ဟာ သူမနဲ႔အျပန္အလွန္မက္ေဆ့ခ်္ေတြေပးပို႔ေနခဲ့ၿပီး ခ်ိန္းေတြ႕ဖို႔အတြက္ကိုေတာ့ တစ္ႏွစ္ခြဲေလာက္အထိေသြးေဆာင္ခဲ့ရတယ္လို႔ ရင္ဖြင့္ခဲ့ပါတယ္။ “သူမရဲ႕
စာသင္ေက်ာင္းက ကြၽန္ေတာ့္ေလ့က်င့္ေရးကြင္းနားမွာရွိပါတယ္။ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ လမ္းမကိုအႀကိမ္ႀကိမ္ျဖတ္ကူးခဲ့သလို ေနာက္ေတာ့
မက္ေဆ့ခ်္ေတြအျပန္အလွန္ပို႔ခဲ့ၾကတယ္။ တစ္ႏွစ္ခြဲေလာက္ၾကာေတာ့ သူမကိုေသြးေဆာင္တဲ့ မက္ေဆ့ခ်္ေပးပို႔လိုက္ပါတယ္” လို႔ ျပင္သစ္တိုက္စစ္မႉးက ဖြင့္ဟခဲ့ပါတယ္။




