ချိုင်းထောက်နဲ့ ဒစ္စကိုပွဲမှာ ကဲလိုက်တာမှ လန်ထွက်နေတဲ့ နေမာ

ပီအက်စ်ဂျီအသင်းတိုက်စစ်မှူးနေမာဟာ ဒဏ်ရာကြောင့်လူကသာ

ချိုင်းထောက်နဲ့ နေရပေမယ့်ဘရာဇီးမှာရှိတဲ့သူ့ရဲ့နေအိမ်မှာ

၃ ရက်တောင်ကျင်းပခဲ့တဲ့ ဒစ္စကိုပွဲမှာအရမ်းကိုကဲခဲ့တယ်လို့ သိရပါတယ်။

ဘရာဇီးလက်ရွေးစင်ဖြစ်တဲ့ နေမာဟာခြေချင်းဝတ် ဒဏ်ရာရခဲ့လို့

၈ ပတ်ကြာအနားယူနေရသူဖြစ်ပြီး လက်ရှိအချိန်အထိချိုင်းထောက်နဲ့

သွားလာနေရတာဖြစ်ပါတယ်။ ဒါပေမယ့် နယူးရီးယားအထိမ်းအမှတ်အဖြစ်

သူ့ရဲ့ဘရာဇီးကပေါင် ၂.၅ သန်းတန်နေအိမ်ရဲ့ ဘန်ကာထဲမှာ ၃ ရက်တာ

လျှို့ဝှက်ကျင်းပခဲ့တဲ့ပါတီပွဲမှာ မိသားစုဝင်တွေ၊ မိတ်ဆွေတွေနဲ့

ပျော်ရွှင်မြူးတူးခဲ့တာဖြစ်ပါတယ်။

ဒီနယူးရီးယားပါတီပွဲမှာ မီးရှူးမီးပန်းတွေပစ်ဖောက်တာ၊

နာမည်ကျော်ဂီတဝိုင်းငှားပြီးဖျော်ဖြေခိုင်းတာ၊ ရေကူးကန်ပါတီပွဲ

ကျင်းပတာတွေကိုပြုလုပ်ခဲ့ပါတယ်။

အသက် ၂၉ နှစ်ရှိတဲ့နေမာ ဟာသူ့ကိုပါတီပွဲတွေမက်မောသူ(partygoer) လို့

စွပ်စွဲခံရမှုတွေကို ကာကွယ်စကားဆိုခဲ့ဘူးပေမယ့်

အခုချိန်အထိ ပါတီပွဲကျင်းပတာကိုတပ်မက်နေဆဲဖြစ်ပြီး

ဘယ်တော့မှရပ်တန့်မှာမဟုတ်ဘူးဆိုတာကို နောက်ဆုံးဖြစ်ရပ်က

သက်သေပြနေပါတယ်။ ဒါကြောင့်လည်း ဒီပါတီပွဲကိုသတင်းမပေါက်ကြားအောင်

သူ့အိမ်က ဘန်ကာထဲမှာလျှို့ဝှက်ကျင်းပခဲ့ပေမယ့်

စပိန်မီဒီယာတစ်ခုဖြစ်တဲ့ Mundo Deportivo ကသတင်းဖော်ပြနိုင်ခဲ့ပါတယ်။

ဒီသတင်းစာရဲ့ဖော်ပြချက်အရ နေမာဟာ လာတဲ့ဧည့်သည်တွေကို

စည်းကမ်းတင်းကျပ်ထားပြီး ဘန်ကာထဲကို ဖုန်းနဲ့ကင်မရာတွေယူလာတာကို

တားမြစ်ခဲ့ပေမယ့် ဒီပါတီပွဲကပုံရိပ်တွေပေါက်ကြားလာခဲ့ပြီး

ပါတီပွဲကိုလာတဲ့သူတွေအားလုံးဟာ နယူးရီးယားမှာကံကောင်းခြင်းကို

ကိုယ်စားပြုတယ်ဆိုတဲ့ဘရာဇီးသားတွေအယူရှိတဲ့ အဖြူရောင်ကိုသာ

ဝတ်ဆင်လာခဲ့တာ နေမာ ကိုယ်တိုင်လည်းပါဝင်ခဲ့ပါတယ်။

ထွက်ပေါ်လာတဲ့ပုံရိပ်တွေအရ ဘန်ကာထဲမှာဂီတဖျော်ဖြေပွဲအတွက်စင်မြင့်ရှိပြီး

ဒါကိုထပ်ဆင့်ဖော်ပြထားတဲ့ ရုပ်သံတစ်ခုကိုလည်းတပ်ဆင်ထားတာတွေ့ခဲ့ရပါတယ်။

ဒီပါတီပွဲမှာနေမာ ဟာသူ့ရဲ့နောက်ဆုံးရည်းစားဖြစ်တဲ့

ဘရူနာဘီယန်ကာဒီကိုလည်းပွဲထုတ်ခဲ့တယ်လို့ သိရပါတယ်။

zawgyi

ခ်ိဳင္းေထာက္နဲ႔ ဒစၥကိုပြဲမွာ ကဲလိုက္တာမွ လန္ထြက္ေနတဲ့ ေနမာ

ပီအက္စ္ဂ်ီအသင္းတိုက္စစ္မႉးေနမာဟာ ဒဏ္ရာေၾကာင့္လူကသာ

ခ်ိဳင္းေထာက္နဲ႔ ေနရေပမယ့္ဘရာဇီးမွာရွိတဲ့သူ႔ရဲ႕ေနအိမ္မွာ

၃ ရက္ေတာင္က်င္းပခဲ့တဲ့ ဒစၥကိုပြဲမွာအရမ္းကိုကဲခဲ့တယ္လို႔ သိရပါတယ္။

ဘရာဇီးလက္ေ႐ြးစင္ျဖစ္တဲ့ ေနမာဟာေျခခ်င္းဝတ္ ဒဏ္ရာရခဲ့လို႔

၈ ပတ္ၾကာအနားယူေနရသူျဖစ္ၿပီး လက္ရွိအခ်ိန္အထိခ်ိဳင္းေထာက္နဲ႔

သြားလာေနရတာျဖစ္ပါတယ္။ ဒါေပမယ့္ နယူးရီးယားအထိမ္းအမွတ္အျဖစ္

သူ႔ရဲ႕ဘရာဇီးကေပါင္ ၂.၅ သန္းတန္ေနအိမ္ရဲ႕ ဘန္ကာထဲမွာ ၃ ရက္တာ

လွ်ိဳ႕ဝွက္က်င္းပခဲ့တဲ့ပါတီပြဲမွာ မိသားစုဝင္ေတြ၊ မိတ္ေဆြေတြနဲ႔

ေပ်ာ္႐ႊင္ျမဴးတူးခဲ့တာျဖစ္ပါတယ္။

ဒီနယူးရီးယားပါတီပြဲမွာ မီးရႉးမီးပန္းေတြပစ္ေဖာက္တာ၊

နာမည္ေက်ာ္ဂီတဝိုင္းငွားၿပီးေဖ်ာ္ေျဖခိုင္းတာ၊ ေရကူးကန္ပါတီပြဲ

က်င္းပတာေတြကိုျပဳလုပ္ခဲ့ပါတယ္။

အသက္ ၂၉ ႏွစ္ရွိတဲ့ေနမာ ဟာသူ႔ကိုပါတီပြဲေတြမက္ေမာသူ(partygoer) လို႔

စြပ္စြဲခံရမႈေတြကို ကာကြယ္စကားဆိုခဲ့ဘူးေပမယ့္

အခုခ်ိန္အထိ ပါတီပြဲက်င္းပတာကိုတပ္မက္ေနဆဲျဖစ္ၿပီး

ဘယ္ေတာ့မွရပ္တန႔္မွာမဟုတ္ဘူးဆိုတာကို ေနာက္ဆုံးျဖစ္ရပ္က

သက္ေသျပေနပါတယ္။ ဒါေၾကာင့္လည္း ဒီပါတီပြဲကိုသတင္းမေပါက္ၾကားေအာင္

သူ႔အိမ္က ဘန္ကာထဲမွာလွ်ိဳ႕ဝွက္က်င္းပခဲ့ေပမယ့္

စပိန္မီဒီယာတစ္ခုျဖစ္တဲ့ Mundo Deportivo ကသတင္းေဖာ္ျပႏိုင္ခဲ့ပါတယ္။

ဒီသတင္းစာရဲ႕ေဖာ္ျပခ်က္အရ ေနမာဟာ လာတဲ့ဧည့္သည္ေတြကို

စည္းကမ္းတင္းက်ပ္ထားၿပီး ဘန္ကာထဲကို ဖုန္းနဲ႔ကင္မရာေတြယူလာတာကို

တားျမစ္ခဲ့ေပမယ့္ ဒီပါတီပြဲကပုံရိပ္ေတြေပါက္ၾကားလာခဲ့ၿပီး

ပါတီပြဲကိုလာတဲ့သူေတြအားလုံးဟာ နယူးရီးယားမွာကံေကာင္းျခင္းကို

ကိုယ္စားျပဳတယ္ဆိုတဲ့ဘရာဇီးသားေတြအယူရွိတဲ့ အျဖဴေရာင္ကိုသာ

ဝတ္ဆင္လာခဲ့တာ ေနမာ ကိုယ္တိုင္လည္းပါဝင္ခဲ့ပါတယ္။

ထြက္ေပၚလာတဲ့ပုံရိပ္ေတြအရ ဘန္ကာထဲမွာဂီတေဖ်ာ္ေျဖပြဲအတြက္စင္ျမင့္ရွိၿပီး

ဒါကိုထပ္ဆင့္ေဖာ္ျပထားတဲ့ ႐ုပ္သံတစ္ခုကိုလည္းတပ္ဆင္ထားတာေတြ႕ခဲ့ရပါတယ္။

ဒီပါတီပြဲမွာေနမာ ဟာသူ႔ရဲ႕ေနာက္ဆုံးရည္းစားျဖစ္တဲ့

ဘ႐ူနာဘီယန္ကာဒီကိုလည္းပြဲထုတ္ခဲ့တယ္လို႔ သိရပါတယ္။