
နယူးကာဆယ်အသင်းနာမည်ကျော် အီဆက်ဟေဒန် က
ချဲလ်ဆီးကို ၁-၀ နဲ့ရှုံးခဲ့တဲ့ပွဲမှာ ကွင်းလယ်ဒိုင်ရဲ့ဆုံးဖြတ်ချက်အချို့ ကိုဝေဖန်လိုက်ပြီး
၁၂ ယောက်နဲ့ကစားရသလိုဘဲလို့ ပြောလိုက်ပါတယ်။
ဒီပွဲရှုံးခဲ့လို့ နယူးကာဆယ်ဟာ ၉ ပွဲဆက်မရှုံးခဲ့တဲ့ ဘူးဆိုတဲ့
သူတို့ရဲ့မှတ်တမ်းကိုအဆုံးသတ်ခဲ့ရပေမယ့် တကယ့်ကိုအငြင်းပွားဖွယ်ဖြစ်ရပ်နှစ်ခုကြောင့်
ဟေဒန်ရဲ့ဝေဖန်မှု ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။
ချဲလ်ဆီးအတွက်တစ်လုံးတည်းသောအနိုင်ဂိုးကို ကိုင်ဟာဗက်ဇ် က
၈၉ မိနစ်မှာလှပစွာ သွင်းယူခဲ့ပေမယ့် နယူးကာဆယ်ကလည်း
ပုံစံကောင်းရခဲ့လို့ ပွဲကောင်းတစ်ခုဖြစ်ခဲ့ရပါတယ်။
ဒါပေမယ့် ကိုင်ဟာဗက်ဇ် ဟာ ဂိုးမသွင်းခင်မှာ ထုတ်ပယ်ခံရနိုင်တဲ့
ပြစ်ဒဏ်မျိုးကျူးလွန်ခဲ့လို့ ကွင်းထဲမှာဆက်ရှိနေတာ ကံကောင်းခဲ့တယ်လို့လည်း
န ယူးကာဆယ်ပရိသတ်တွေကဆိုကြပါတယ်။
သူဟာပွဲချိန်အစောပိုင်းမှာ နယူးကာဆယ်နောက်ခံလူ ဒန်ဘန်း ရဲ့
ခေါင်းကိုတံ တောင်နဲ့တွတ်ခဲ့သေးပေမယ့် ဒိုင်လူကြီးကဘာအရေးယူမှုမှမပြုလုပ်ခဲ့ပါဘူး။
ဒါ့အပြင်ဒုတိယပိုင်းမှာလည်း ချာလိုဘာ က ဂျာကော့ဘ်မာဖီကို
ပင်နယ်တီဧရိယာထဲမှာ အင်္ကျီကိုဆွဲထားတဲ့အပြင် လဲကျအောင်ပါလုပ်ခဲ့တာကြောင့်
ပင်နယ်တီရမယ် လို့ထင်မှတ်ခဲ့ကြပေမယ့် ဒိုင်ကဘာမှအရေးမလုပ်ခဲ့ပြန်ပါဘူး။
ဒါကြောင့်လည်းဒီပွဲအပြီးမှာ နယူးကာဆယ်အသင်းရဲ့တရားဝင်တွစ်တာအကောင့်မှာ
ဒီဖြစ်ရပ်ပုံတွေကိုတင်ပြီး” ဒီကနေ့ အတွက်အများကြီးဂုဏ်ယူရပါတယ်။
ကံမကောင်းခဲ့ဘူး ကောင်လေးတွေ” လို့ပို့စ်တင်ခဲ့ပါတယ်။
ဟေဒန်ကလည်း မကျေ မနပ်ဖြစ်ပြီးသူ့ရဲ့တွစ်တာမှာ ဒိုင်လူကြီးကိုအခုလိုဘဲဝေဖန်ခဲ့ပါတယ်။
သူက” ချာတိတ်တွေရဲ့စွမ်းဆောင်ရည်ကောင်းအချို့ နဲ့ လူကြီး ၁၂ ယောက်ကိုရင်ဆိုင်ခဲ့ရတာပါ။
ကလပ်ရဲ့ထုတ်ပြန်ချက်နဲ့လည်းထပ်တူကျခဲ့လို့ ဂုဏ်ယူရတယ်” လို့ဆိုခဲ့ပါ တယ်။
နယူးကာဆယ်နည်းပြ ဟိုဝီကလည်းဒေါသထွက်နေပြီး ရှင်းလင်းတဲ့ပင်နယ်တီကို
ဒိုင်ကမမြင်ရင်တောင်မှ VAR က အသိပေးသင့်တယ်လို့ဆိုခဲ့ပါတယ်။
သူက” ပင်နယ်တီနဲ့ပတ်သက်ပြီးဘာမှတော့လုပ်လို့မရတော့ဘူးဗျ။
ဒါပေမယ့်သူတို့ ကြားမှာ ဘယ်လိုဆုံးဖြတ်လိုက်သလဲတော့မသိဘူး။
ဂျာကော့ဘ်ဟာ အင်္ကျီဆွဲခံရပြီးလှဲချခံရတာအရှင်းကြီးလေဗျာ။
ဒါက ပင်နယ်တီပေါ့။ ဒိုင်ကဒါကိုပင်နယ်တီမပေးခဲ့တာ နားလည်နိုင်ပေမယ့်
VAR ကဘာမှတုံ့ပြန်ခြင်းမရှိတာကိုတော့ နားမလည် နိုင်ဘူးဗျာ” လို့ပြောသွားပါတယ်။
zawgyi
ခ်ာတိတ္ေတြရဲ႕စြမ္းေဆာင္ရည္ေကာင္းအခ်ိဳ႕ နဲ႔ လူႀကီး ၁၂ ေယာက္ပါတဲ့ခ်ဲလ္ဆီးကို ရင္ဆိုင္ခဲ့ရတာပါလို႔ ေဟဒန္ေဝဖန္
နယူးကာဆယ္အသင္းနာမည္ေက်ာ္ အီဆက္ေဟဒန္ က
ခ်ဲလ္ဆီးကို ၁-၀ နဲ႔ရႈံးခဲ့တဲ့ပြဲမွာ ကြင္းလယ္ဒိုင္ရဲ႕ဆုံးျဖတ္ခ်က္အခ်ိဳ႕ ကိုေဝဖန္လိုက္ၿပီး
၁၂ ေယာက္နဲ႔ကစားရသလိုဘဲလို႔ ေျပာလိုက္ပါတယ္။
ဒီပြဲရႈံးခဲ့လို႔ နယူးကာဆယ္ဟာ ၉ ပြဲဆက္မရႈံးခဲ့တဲ့ ဘူးဆိုတဲ့
သူတို႔ရဲ႕မွတ္တမ္းကိုအဆုံးသတ္ခဲ့ရေပမယ့္ တကယ့္ကိုအျငင္းပြားဖြယ္ျဖစ္ရပ္ႏွစ္ခုေၾကာင့္
ေဟဒန္ရဲ႕ေဝဖန္မႈ ထြက္ေပၚလာခဲ့တာျဖစ္ပါတယ္။
ခ်ဲလ္ဆီးအတြက္တစ္လုံးတည္းေသာအႏိုင္ဂိုးကို ကိုင္ဟာဗက္ဇ္ က
၈၉ မိနစ္မွာလွပစြာ သြင္းယူခဲ့ေပမယ့္ နယူးကာဆယ္ကလည္း
ပုံစံေကာင္းရခဲ့လို႔ ပြဲေကာင္းတစ္ခုျဖစ္ခဲ့ရပါတယ္။
ဒါေပမယ့္ ကိုင္ဟာဗက္ဇ္ ဟာ ဂိုးမသြင္းခင္မွာ ထုတ္ပယ္ခံရႏိုင္တဲ့
ျပစ္ဒဏ္မ်ိဳးက်ဴးလြန္ခဲ့လို႔ ကြင္းထဲမွာဆက္ရွိေနတာ ကံေကာင္းခဲ့တယ္လို႔လည္း
န ယူးကာဆယ္ပရိသတ္ေတြကဆိုၾကပါတယ္။
သူဟာပြဲခ်ိန္အေစာပိုင္းမွာ နယူးကာဆယ္ေနာက္ခံလူ ဒန္ဘန္း ရဲ႕
ေခါင္းကိုတံ ေတာင္နဲ႔တြတ္ခဲ့ေသးေပမယ့္ ဒိုင္လူႀကီးကဘာအေရးယူမႈမွမျပဳလုပ္ခဲ့ပါဘူး။
ဒါ့အျပင္ဒုတိယပိုင္းမွာလည္း ခ်ာလိုဘာ က ဂ်ာေကာ့ဘ္မာဖီကို
ပင္နယ္တီဧရိယာထဲမွာ အက်ႌကိုဆြဲထားတဲ့အျပင္ လဲက်ေအာင္ပါလုပ္ခဲ့တာေၾကာင့္
ပင္နယ္တီရမယ္ လို႔ထင္မွတ္ခဲ့ၾကေပမယ့္ ဒိုင္ကဘာမွအေရးမလုပ္ခဲ့ျပန္ပါဘူး။
ဒါေၾကာင့္လည္းဒီပြဲအၿပီးမွာ နယူးကာဆယ္အသင္းရဲ႕တရားဝင္တြစ္တာအေကာင့္မွာ
ဒီျဖစ္ရပ္ပုံေတြကိုတင္ၿပီး” ဒီကေန႔ အတြက္အမ်ားႀကီးဂုဏ္ယူရပါတယ္။
ကံမေကာင္းခဲ့ဘူး ေကာင္ေလးေတြ” လို႔ပို႔စ္တင္ခဲ့ပါတယ္။
ေဟဒန္ကလည္း မေက် မနပ္ျဖစ္ၿပီးသူ႔ရဲ႕တြစ္တာမွာ ဒိုင္လူႀကီးကိုအခုလိုဘဲေဝဖန္ခဲ့ပါတယ္။
သူက” ခ်ာတိတ္ေတြရဲ႕စြမ္းေဆာင္ရည္ေကာင္းအခ်ိဳ႕ နဲ႔ လူႀကီး ၁၂ ေယာက္ကိုရင္ဆိုင္ခဲ့ရတာပါ။
ကလပ္ရဲ႕ထုတ္ျပန္ခ်က္နဲ႔လည္းထပ္တူက်ခဲ့လို႔ ဂုဏ္ယူရတယ္” လို႔ဆိုခဲ့ပါ တယ္။
နယူးကာဆယ္နည္းျပ ဟိုဝီကလည္းေဒါသထြက္ေနၿပီး ရွင္းလင္းတဲ့ပင္နယ္တီကို
ဒိုင္ကမျမင္ရင္ေတာင္မွ VAR က အသိေပးသင့္တယ္လို႔ဆိုခဲ့ပါတယ္။
သူက” ပင္နယ္တီနဲ႔ပတ္သက္ၿပီးဘာမွေတာ့လုပ္လို႔မရေတာ့ဘူးဗ်။
ဒါေပမယ့္သူတို႔ ၾကားမွာ ဘယ္လိုဆုံးျဖတ္လိုက္သလဲေတာ့မသိဘူး။
ဂ်ာေကာ့ဘ္ဟာ အက်ႌဆြဲခံရၿပီးလွဲခ်ခံရတာအရွင္းႀကီးေလဗ်ာ။
ဒါက ပင္နယ္တီေပါ့။ ဒိုင္ကဒါကိုပင္နယ္တီမေပးခဲ့တာ နားလည္ႏိုင္ေပမယ့္
VAR ကဘာမွတုံ႔ျပန္ျခင္းမရွိတာကိုေတာ့ နားမလည္ ႏိုင္ဘူးဗ်ာ” လို႔ေျပာသြားပါတယ္။