ချယ်လ်ဆီးအသင်း လက်ရှိဖြစ်နေတဲ့ အခြေအနေတွေက “လူတစ်ဦးတည်း” မှာသာ တာဝန်ရှိတယ်လို့လီဗာပူးနည်းပြပြောကြား

ချဲလ်ဆီးအသင်းပိုင်ရှင် ရိုမန် အေဘရာမိုဗစ်ချ်ကို ဗြိတိန်အစိုးရက

အရေးယူပိတ်ဆို့မှုတွေပြုလုပ်ခဲ့တာနဲ့ပတ်သက်ပြီးလီဗာပူးလ်အသင်းနည်းပြ

ယာဂန်ကလော့ပ်က ချယ်လ်ဆီးအသင်းရဲ့လက်ရှိဖြစ်နေတဲ့ အခြေအနေအတွက်

“လူတစ်ဦးတည်း” မှာသာ တာဝန်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

အေဘရာမိုဗစ်ချ်ရဲ့ ပိုင်ဆိုင်မှုတွေကို ဗြိတိန်အစိုးရကထိန်းချုပ်ထားလိုက်ပြီး

ကလပ်အသင်းရဲ့ကစားသမားရောင်းချမှု၊ စာချုပ်သစ်ချုပ်ဆိုမှုတွေအပေါ်

သက်ရောက်မှုရှိစေမယ့် ကန့်သတ်မှုတွေ ဆက်တိုက်ချမှတ်လာခဲ့ပါတယ်။

နောက်ဆုံးသတင်းတွေအရ ဆိုရင် အသင်းရဲ့ ဘဏ်စာရင်းတွေကိုပါ

ဗြိတိန်အစိုးရက ယာယီရပ်ဆိုင်းထားလိုက်ပြီလို့ သတင်းတွေမှာဖော်ပြနေကြပါတယ်။

အေဘရာမိုဗစ်ချ်ဟာ ယူကရိန်းကို ကျူးကျော်စစ်လုပ်ခဲ့ပြီး

ယူကရိန်းနိုင်ငံရဲ့လွတ်လပ်မှုကို ခြိမ်းခြောက်နေတဲ့ ရုရှားသမ္မတ ပူတင်နဲ့

ဆယ်စုနှစ်များစွာကတည်းက ရင်းနှီးတဲ့ဆက်ဆံရေးရှိနေတာကြောင့်

ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်က “ယူကရိန်းအပေါ် ပူတင်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့

ချေမှုန်းမှုကို ထောက်ခံအားပေးသူတွေ အတွက် ဗြိတိန်မှာ

လုံခြုံစိတ်ချရတဲ့ နေရာ မရှိရဘူး” ဆိုပြီး အစိုးရရဲ့ ပိတ်ဆို့အရေးယူမှု စာရင်းမှာ

အေဘရာမိုဗစ်ချ်ကို ထည့်သွင်းထားခဲ့တာပါ။

ရုရှားသူဌေးတွေကိုလည်း ကမ္ဘာတဝန်းက ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်လျက်ရှိပါတယ်။

ချဲလ်ဆီးရဲ့အနေအထားက တော်တော်လေးလှုပ်ခတ်နေပြီး

ပရိသတ်တွေကလည်း အသင်းနဲ့ပတ်သက်လို့ စိုးရိမ်နေကြပါတယ်။

ယာဂင်ကလော့ပ်က” ဗြိတိသျှအစိုးရလုပ်ခဲ့တာတွေဟာ

ရာနှုန်းပြည့်မှန်ကန်တယ်လို့ ကျွန်တော်ထင်ပါတယ်။

ဒါပေမယ့် ချဲလ်ဆီးကလူတွေနဲ့ ပရိသတ်တွေအတွက်ကတော့

ဒီအခြေအနေဟာ အဆင်ပြေနေမှာမဟုတ်ဘူးလို့ ကျွန်တော်နားလည်ပါတယ်။

အခုဖြစ်နေတာတွေအတွက် ချဲလ်ဆီးအသင်းက

ဝန်ထမ်းတွေ အားလုံးမှာ တာဝန် မရှိပါဘူး။

ဒီကိစ္စအတွက် တာဝန်ရှိသူက ပူတင် တစ်ဦးတည်းပါ။

ဒီကိစ္စမှာ ရိုမန် အေဘရာမိုဗစ်ရဲ့ အနေအထားက

ဘယ်လိုရှိတယ်ဆိုတာ ကျွန်တော် မသိဘူး။

ဒါပေမယ့် သူက ပူတင်နဲ့ နီးစပ်တယ်လို့တော့ ခင်ဗျားတို့ ပြောနိုင်တာပေါ့။”

အေဘရာမိုဗစ်ခ်ျဟာ ၂၀၀၃ ခုနှစ်မှာ ချဲလ်ဆီးကို ဝယ်ယူပြီးနောက်

ပထမဆုံးအင်တာဗျူးမှာကတည်းက ပူတင်နဲ့ ဆက်စပ်ပတ်သက်မှုတွေကို

အကြိမ်ကြိမ်ငြင်းဆိုခဲ့သူပါ။

ကလော့ပ်ကတော့ ချယ်လ်ဆီးကြုံနေရတဲ့ ပြဿနာတွေရဲ့အရင်းမြစ်အတွက်

ရုရှားသမ္မတကိုပဲ အပြစ်တင်နေပါတယ်။

zawgyi

ခ်ယ္လ္ဆီးအသင္း လက္ရွိျဖစ္ေနတဲ့ အေျခအေနေတြက “လူတစ္ဦးတည္း” မွာသာ တာဝန္ရွိတယ္လို႔လီဗာပူးနည္းျပေျပာၾကား

ခ်ဲလ္ဆီးအသင္းပိုင္ရွင္ ႐ိုမန္ ေအဘရာမိုဗစ္ခ်္ကို ၿဗိတိန္အစိုးရက

အေရးယူပိတ္ဆို႔မႈေတြျပဳလုပ္ခဲ့တာနဲ႔ပတ္သက္ၿပီးလီဗာပူးလ္အသင္းနည္းျပ

ယာဂန္ကေလာ့ပ္က ခ်ယ္လ္ဆီးအသင္းရဲ႕လက္ရွိျဖစ္ေနတဲ့ အေျခအေနအတြက္

“လူတစ္ဦးတည္း” မွာသာ တာဝန္ရွိတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ေအဘရာမိုဗစ္ခ်္ရဲ႕ ပိုင္ဆိုင္မႈေတြကို ၿဗိတိန္အစိုးရကထိန္းခ်ဳပ္ထားလိုက္ၿပီး

ကလပ္အသင္းရဲ႕ကစားသမားေရာင္းခ်မႈ၊ စာခ်ဳပ္သစ္ခ်ဳပ္ဆိုမႈေတြအေပၚ

သက္ေရာက္မႈရွိေစမယ့္ ကန႔္သတ္မႈေတြ ဆက္တိုက္ခ်မွတ္လာခဲ့ပါတယ္။

ေနာက္ဆုံးသတင္းေတြအရ ဆိုရင္ အသင္းရဲ႕ ဘဏ္စာရင္းေတြကိုပါ

ၿဗိတိန္အစိုးရက ယာယီရပ္ဆိုင္းထားလိုက္ၿပီလို႔ သတင္းေတြမွာေဖာ္ျပေနၾကပါတယ္။

ေအဘရာမိုဗစ္ခ်္ဟာ ယူကရိန္းကို က်ဴးေက်ာ္စစ္လုပ္ခဲ့ၿပီး

ယူကရိန္းႏိုင္ငံရဲ႕လြတ္လပ္မႈကို ၿခိမ္းေျခာက္ေနတဲ့ ႐ုရွားသမၼတ ပူတင္နဲ႔

ဆယ္စုႏွစ္မ်ားစြာကတည္းက ရင္းႏွီးတဲ့ဆက္ဆံေရးရွိေနတာေၾကာင့္

ဝန္ႀကီးခ်ဳပ္ ေဘာရစ္ ဂြၽန္ဆင္က “ယူကရိန္းအေပၚ ပူတင္ရဲ႕ ရက္စက္ၾကမ္းၾကဳတ္တဲ့

ေခ်မႈန္းမႈကို ေထာက္ခံအားေပးသူေတြ အတြက္ ၿဗိတိန္မွာ

လုံၿခဳံစိတ္ခ်ရတဲ့ ေနရာ မရွိရဘူး” ဆိုၿပီး အစိုးရရဲ႕ ပိတ္ဆို႔အေရးယူမႈ စာရင္းမွာ

ေအဘရာမိုဗစ္ခ်္ကို ထည့္သြင္းထားခဲ့တာပါ။

႐ုရွားသူေဌးေတြကိုလည္း ကမာၻတဝန္းက ပိတ္ဆို႔အေရးယူမႈေတြ ျပဳလုပ္လ်က္ရွိပါတယ္။

ခ်ဲလ္ဆီးရဲ႕အေနအထားက ေတာ္ေတာ္ေလးလႈပ္ခတ္ေနၿပီး

ပရိသတ္ေတြကလည္း အသင္းနဲ႔ပတ္သက္လို႔ စိုးရိမ္ေနၾကပါတယ္။

ယာဂင္ကေလာ့ပ္က” ၿဗိတိသွ်အစိုးရလုပ္ခဲ့တာေတြဟာ

ရာႏႈန္းျပည့္မွန္ကန္တယ္လို႔ ကြၽန္ေတာ္ထင္ပါတယ္။

ဒါေပမယ့္ ခ်ဲလ္ဆီးကလူေတြနဲ႔ ပရိသတ္ေတြအတြက္ကေတာ့

ဒီအေျခအေနဟာ အဆင္ေျပေနမွာမဟုတ္ဘူးလို႔ ကြၽန္ေတာ္နားလည္ပါတယ္။

အခုျဖစ္ေနတာေတြအတြက္ ခ်ဲလ္ဆီးအသင္းက

ဝန္ထမ္းေတြ အားလုံးမွာ တာဝန္ မရွိပါဘူး။

ဒီကိစၥအတြက္ တာဝန္ရွိသူက ပူတင္ တစ္ဦးတည္းပါ။

ဒီကိစၥမွာ ႐ိုမန္ ေအဘရာမိုဗစ္ရဲ႕ အေနအထားက

ဘယ္လိုရွိတယ္ဆိုတာ ကြၽန္ေတာ္ မသိဘူး။

ဒါေပမယ့္ သူက ပူတင္နဲ႔ နီးစပ္တယ္လို႔ေတာ့ ခင္ဗ်ားတို႔ ေျပာႏိုင္တာေပါ့။”

ေအဘရာမိုဗစ္ခ္်ဟာ ၂၀၀၃ ခုႏွစ္မွာ ခ်ဲလ္ဆီးကို ဝယ္ယူၿပီးေနာက္

ပထမဆုံးအင္တာဗ်ဴးမွာကတည္းက ပူတင္နဲ႔ ဆက္စပ္ပတ္သက္မႈေတြကို

အႀကိမ္ႀကိမ္ျငင္းဆိုခဲ့သူပါ။

ကေလာ့ပ္ကေတာ့ ခ်ယ္လ္ဆီးႀကဳံေနရတဲ့ ျပႆနာေတြရဲ႕အရင္းျမစ္အတြက္

႐ုရွားသမၼတကိုပဲ အျပစ္တင္ေနပါတယ္။