ချယ်လ်ဆီးက အကယ်ဒမီထွက် လူငယ်ကစားသမားချာလိုဘက်ကို နှစ်ရှည်စာချုပ်

ချယ်လ်ဆီးအသင်းဟာ သူတို့အကယ်ဒမီထွက် လူငယ်ကစားချာလိုဘက်ကို

လစာတိုးပြီးနောက်(၅)နှစ်ကြာကာလရှည်စာချုပ် ချုပ်ဆိုသက်တမ်းတိုးခဲ့ပါပြီ။
ချာလိုဘက်ဟာ ယခုနှစ် ဘောလုံးရာသီမှာ ချယ်လ်ဆီးအသင်း အတွက် ပြိုင်ပွဲစုံမှာ

၁၀ပွဲ ပါဝင် ကစားပေးထားကာ သွင်းဂိုး ၂ဂိုး အထိ သွင်းယူထားနိုင်ပြီး သူ့ရဲ့

သွင်းဂိုးတွေကလည်း ဂိုးဧရိယာ အပြင်ဘက် ကနေ သွင်းယူထားတဲ့ သွင်းဂိုးတွေ

ဖြစ်ပါတယ်။

ချာလိုဘက်က “ အခုလို စာချုပ်သက်တမ်း တိုးနိုင်ခဲ့တာက အတော်လေး

အိပ်မက်ဆန်တယ်လို့ ပြောရမှာပါ။ ကျွန်တော် ငယ်ငယ်ထဲက အားပေးလာတဲ့

အသင်းနဲ့ ကာလရှည် စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ ဆိုတာက ကျွန်တော့်ရဲ့ အိပ်မက်

တစ်ခုပါ။ ပြီးတော့ အသင်းမှာ အချိန်အကြာကြီး ဆက်နေနိုင်ရမယ် ဆိုတဲ့

အိပ်မက်လည်း ရှိပါသေးတယ်။

ဒီရာသီအစက ကျွန်တော့် အတွက် အတော်လေးကို ကောင်းခဲ့ပါတယ်။

အဲဒီလို ကစားနိုင် လိမ့်မယ်လို့လည်း တစ်ခါမှ မမျှော်မှန်းခဲ့မိပါဘူး။

ဒါပေမယ့် ဒါတွေ အားလုံးက ကျွန်တော့်ရဲ့ အလုပ်ကြိုးစားမှုနဲ့ အငှားထွက်ကစားတဲ့

အချိန်မှာ အကောင်းဆုံး ကစားပြနိုင်ခဲ့လို့ ရလာတဲ့ ဆုလာဘ်တွေလို့ ထင်ပါတယ်။

ကျွန်တော်က ရာသီကြို အစီအစဉ်မှာကတည်းကနည်းပြ သဘောကျအောင်

ကြိုးစားခဲ့တယ်။ အဲဒါကြောင့်ပဲ ပွဲကစားခွင့်တွေ ရလာခဲ့တာပါ။ အခုတော့

ကျွန်တော့်ရဲ့ ခြေစွမ်းကို ဆက်ပြီး ထိန်းသိမ်းဖို့ပဲ ကျန်ပါတော့တယ်” လို့ ပြောဆိုပါတယ်။

Zawgyi

ခ်ယ္လ္ဆီးက အကယ္ဒမီထြက္ လူငယ္ကစားသမားခ်ာလိုဘက္ကို ႏွစ္ရွည္စာခ်ဳပ္

ခ်ယ္လ္ဆီးအသင္းဟာ သူတို႔အကယ္ဒမီထြက္ လူငယ္ကစားခ်ာလိုဘက္ကို

လစာတိုးၿပီးေနာက္(၅)ႏွစ္ၾကာကာလရွည္စာခ်ဳပ္ ခ်ဳပ္ဆိုသက္တမ္းတိုးခဲ့ပါၿပီ။

ခ်ာလိုဘက္ဟာ ယခုႏွစ္ ေဘာလုံးရာသီမွာ ခ်ယ္လ္ဆီးအသင္း အတြက္ ၿပိဳင္ပြဲစုံမွာ

၁၀ပြဲ ပါဝင္ ကစားေပးထားကာ သြင္းဂိုး ၂ဂိုး အထိ သြင္းယူထားႏိုင္ၿပီး သူ႔ရဲ႕

သြင္းဂိုးေတြကလည္း ဂိုးဧရိယာ အျပင္ဘက္ ကေန သြင္းယူထားတဲ့ သြင္းဂိုးေတြ

ျဖစ္ပါတယ္။

ခ်ာလိုဘက္က “ အခုလို စာခ်ဳပ္သက္တမ္း တိုးႏိုင္ခဲ့တာက အေတာ္ေလး

အိပ္မက္ဆန္တယ္လို႔ ေျပာရမွာပါ။ ကြၽန္ေတာ္ ငယ္ငယ္ထဲက အားေပးလာတဲ့

အသင္းနဲ႔ ကာလရွည္ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုႏိုင္ဖို႔ ဆိုတာက ကြၽန္ေတာ့္ရဲ႕ အိပ္မက္

တစ္ခုပါ။ ၿပီးေတာ့ အသင္းမွာ အခ်ိန္အၾကာႀကီး ဆက္ေနႏိုင္ရမယ္ ဆိုတဲ့

အိပ္မက္လည္း ရွိပါေသးတယ္။ ဒီရာသီအစက ကြၽန္ေတာ့္ အတြက္ အေတာ္ေလးကို

ေကာင္းခဲ့ပါတယ္။ အဲဒီလို ကစားႏိုင္ လိမ့္မယ္လို႔လည္း တစ္ခါမွ မေမွ်ာ္မွန္းခဲ့မိပါဘူး။

ဒါေပမယ့္ ဒါေတြ အားလုံးက ကြၽန္ေတာ့္ရဲ႕ အလုပ္ႀကိဳးစားမႈနဲ႔ အငွားထြက္ကစားတဲ့

အခ်ိန္မွာ အေကာင္းဆုံး ကစားျပႏိုင္ခဲ့လို႔ ရလာတဲ့ ဆုလာဘ္ေတြလို႔ ထင္ပါတယ္။

ကြၽန္ေတာ္က ရာသီႀကိဳ အစီအစဥ္မွာကတည္းကနည္းျပ သေဘာက်ေအာင္

ႀကိဳးစားခဲ့တယ္။ အဲဒါေၾကာင့္ပဲ ပြဲကစားခြင့္ေတြ ရလာခဲ့တာပါ။ အခုေတာ့

ကြၽန္ေတာ့္ရဲ႕ ေျခစြမ္းကို ဆက္ၿပီး ထိန္းသိမ္းဖို႔ပဲ က်န္ပါေတာ့တယ္” လို႔ ေျပာဆိုပါတယ္။