ချန်ပီယံလောင်းစာရင်းထဲထည့်ဖို့ အာကြီးက ဘောင်မဝင်သေး ဘူးဆိုတဲ့ ဂယ်ရီနဗီးလ်

ဒီရာသီ ပရီးမီးယားလိဂ် ပွဲစဉ်တွေထဲမှာ မန်ယူတစ်သင်းတည်းကိုပဲ ရှုံးထားပြီး တည်ငြိမ်တဲ့ခြေစွမ်းကို ပြသနေသလို အမှတ်ပေးဇယားကိုလည်း ၂ မှတ်

အသာနဲ့ ဦးဆောင်ထားပေမဲ့ အာဆင်နယ်ဟာ ချန်ပီယံလောင်းအသင်း ဖြစ် နေပြီလို့ ပြောဖို့ စောလွန်းနေသေးတယ်လို့ မန်ယူနောက်ခံလူဟောင်း

ဂယ်ရီနဗီးလ်က ဆိုလိုက်ပါတယ်။ ၂၀၂၂-၂၃ ဘောလုံးရာသီဟာ ပုံမှန်ဘောလုံးရာသီတွေနဲ့မတူတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကြီး ရှိနေလို့ ကမ္ဘာ့ဖလားအလွန် ကာလတွေမှာ

အာဆင်နယ်ကစားသမားတွေဟာ ဘယ်လိုအခြေအနေ မျိုး ရှိနေနိုင်တယ်ဆိုတာကို ကြိုတင်ခန့်မှန်းဖို့ ခက်ခဲလွန်းတာကြောင့် ချန်ပီယံ ဆုအတွက်

ပြောဖို့ စောလွန်းနေသေးတယ်လို့ Sky Sport ရဲ့ အစီအစဉ် တင်ဆက်သူ နဗီးလ်က ဆိုပါတယ်။ ပုံမှန်အတိုင်း ကျင်းပခဲ့တဲ့ ဘောလုံးရာသီတွေမှာတောင်

အာဆင်နယ်လိုအသင်းမျိုးက အဆင့် ၄ နေရာရဖို့ ရုန်းကန်ခဲ့ ရတာဖြစ်တဲ့အတွက် ဒီရာသီမှာ မန်စီးတီးရဲ့နောက် အဆင့် ၂ နေရာ ရခဲ့မယ် ဆိုရင်တောင်

လန်ဒန်ကလပ်နဲ့ နည်းပြ အာတီတာအတွက် ကြီးမားတဲ့ အောင်မြင်မှုမျိုးပဲလို့ အင်္ဂလန်နောက်ခံလူဟောင်းက ပြောပါတယ်။ နောက်ပြီး ပရီးမီးယားလိဂ်ပွဲစဉ် ၃၈ အပြီးရောက်မှပဲ

ဒီအကြောင်းအရာကိုလည်း ဆွေး နွေးပြောဆိုချင်တယ်လို့ နဗီးလ်က ဆိုခဲ့ပါတယ်။ ‘’ရာသီက အစောကြီးပဲရှိပါ သေးတယ်။ နောက်ပြီး ကျွန်တော်တို့မှာ ပုံမှန်မဟုတ်တဲ့

ကမ္ဘာ့ဖလားပြိုင်ပွဲ ကြီးရှိနေပါတယ်။ အဲဒီအတွက် ကစားသမားတွေဟာ ဘယ်လို တုံ့ပြန်ကြမလဲဆိုတာ ကျွန်တော်တို့ မသိဘူး။ မေးခွန်းထုတ်စရာတွေ ရှိနေပါတယ်။

ဘာကြောင့်လဲဆိုတော့ အဲဒါပြီးရင် ဘာတွေဖြစ်လာမယ်ဆိုတာ ကျွန်တော်တို့ မသိဘူးလေ။ ရာသီရဲ့ ပထမပိုင်းကိုတော့ အာဆင်နယ်က အံ့အားသင့်ဖွယ်ရာ လုပ်ပြနိုင်ခဲ့ပါတယ်။

သူတို့က တကယ့်ကို အဖိုးတန်အသင်းပါ။ သူတို့က တကယ့်ကောင်းမွန်တဲ့ ကစားပုံရှိပြီး သူတို့အသင်း တိုက်စစ်ကစားသမားတွေကို ကျွန်တော်ကြည့်ရတာ ကြိုက်ပါတယ်။

ဂျီးဆပ်စ်၊ ဆာကာ၊ မာတင်နယ်လီနဲ့ တန်းဝင်တဲ့ အိုဒီဂတ်တို့ပေါ့။ ဒါပေမဲ့ ၃၈ ပွဲအပြီးကျမှ အဲဒါ ကို ကျွန်တော် ကြည့်ချင်ပါတယ်။ ကျွန်တော့်အထင် သူတို့ဟာ

မန်စီးတီး နောက်ကိုရောက်ပြီး ဒုတိယနေရာနဲ့ အဆုံးသတ်လိမ့်မယ်လို့ ထင်ပါတယ်။ အဲဒီလိုဖြစ်ခဲ့ရင်တောင် အာဆင်နယ်နဲ့ နည်းပြ အာတီတာအတွက်

ကြီးမားတဲ့ မဟာအောင်မြင်မှုပါပဲ’’ လို့ နဗီးလ်က ပြောဆိုသွားခဲ့ပါတယ်။

(Zawgyi)

ခ်န္ပီယံေလာင္းစာရင္းထဲထည့္ဖို႔ အာႀကီးက ေဘာင္မဝင္ေသး ဘူးဆိုတဲ့ ဂယ္ရီနဗီးလ္

ဒီရာသီ ပရီးမီးယားလိဂ္ ပြဲစဥ္ေတြထဲမွာ မန္ယူတစ္သင္းတည္းကိုပဲ ရႈံးထားၿပီး တည္ၿငိမ္တဲ့ေျခစြမ္းကို ျပသေနသလို အမွတ္ေပးဇယားကိုလည္း ၂ မွတ္

အသာနဲ႔ ဦးေဆာင္ထားေပမဲ့ အာဆင္နယ္ဟာ ခ်န္ပီယံေလာင္းအသင္း ျဖစ္ ေနၿပီလို႔ ေျပာဖို႔ ေစာလြန္းေနေသးတယ္လို႔ မန္ယူေနာက္ခံလူေဟာင္း ဂယ္

ရီနဗီးလ္က ဆိုလိုက္ပါတယ္။ ၂၀၂၂-၂၃ ေဘာလုံးရာသီဟာ ပုံမွန္ေဘာလုံး ရာသီေတြနဲ႔မတူတဲ့ ကမာၻ႔ဖလားၿပိဳင္ပြဲႀကီး ရွိေနလို႔ ကမာၻ႔ဖလားအ လြန္ကာလေတြမွာ

အာဆင္နယ္ကစားသမားေတြဟာ ဘယ္လိုအေျခအေန မ်ိဳး ရွိေနႏိုင္တယ္ဆိုတာကို ႀကိဳတင္ခန႔္မွန္းဖို႔ ခက္ခဲလြန္းတာေၾကာင့္ ခ်န္ပီယံ ဆုအတြက္ ေျပာဖို႔

ေစာလြန္းေနေသးတယ္လို႔ Sky Sport ရဲ႕ အစီအစဥ္ တင္ဆက္သူ နဗီးလ္က ဆိုပါတယ္။ ပုံမွန္အတိုင္း က်င္းပခဲ့တဲ့ ေဘာလုံးရာသီ ေတြမွာေတာင္ အာဆင္နယ္လိုအသင္းမ်ိဳးက

အဆင့္ ၄ ေနရာရဖို႔ ႐ုန္းကန္ခဲ့ ရတာျဖစ္တဲ့အတြက္ ဒီရာသီမွာ မန္စီးတီးရဲ႕ေနာက္ အဆင့္ ၂ ေနရာ ရခဲ့မယ္ ဆိုရင္ေတာင္ လန္ဒန္ကလပ္နဲ႔ နည္းျပ အာတီတာအတြက္

ႀကီးမားတဲ့ ေအာင္ျမင္မႈမ်ိဳးပဲလို႔ အဂၤလန္ေနာက္ခံလူေဟာင္းက ေျပာပါတယ္။ ေနာက္ၿပီး ပရီးမီးယားလိဂ္ပြဲစဥ္ ၃၈ အၿပီးေရာက္မွပဲ ဒီအေၾကာင္းအရာကိုလည္း ေဆြး

ေႏြးေျပာဆိုခ်င္တယ္လို႔ နဗီးလ္က ဆိုခဲ့ပါတယ္။ ‘’ရာသီက အေစာႀကီးပဲရွိပါ ေသးတယ္။ ေနာက္ၿပီး ကြၽန္ေတာ္တို႔မွာ ပုံမွန္မဟုတ္တဲ့ ကမာၻ႔ဖလားၿပိဳင္ပြဲ ႀကီးရွိေနပါတယ္။

အဲဒီအတြက္ ကစားသမားေတြဟာ ဘယ္လို တုံ႔ျပန္ၾကမလဲ ဆိုတာ ကြၽန္ေတာ္တို႔ မသိဘူး။ ေမးခြန္းထုတ္စရာေတြ ရွိေနပါတယ္။ ဘာ ေၾကာင့္လဲဆိုေတာ့ အဲဒါၿပီးရင္

ဘာေတြျဖစ္လာမယ္ဆိုတာ ကြၽန္ေတာ္တို႔ မသိဘူးေလ။ ရာသီရဲ႕ ပထမပိုင္းကိုေတာ့ အာဆင္နယ္က အံ့အားသင့္ဖြယ္ ရာ လုပ္ျပႏိုင္ခဲ့ပါတယ္။ သူတို႔က တကယ့္ကို အဖိုးတန္အသင္းပါ။

သူတို႔က တကယ့္ေကာင္းမြန္တဲ့ ကစားပုံရွိၿပီး သူတို႔အသင္း တိုက္စစ္ကစားသမားေတြ ကို ကြၽန္ေတာ္ၾကည့္ရတာ ႀကိဳက္ပါတယ္။ ဂ်ီးဆပ္စ္၊ ဆာကာ၊ မာတင္နယ္ လီနဲ႔ တန္းဝင္တဲ့ အိုဒီဂတ္တို႔ေပါ့။

ဒါေပမဲ့ ၃၈ ပြဲအၿပီးက်မွ အဲဒါ ကို ကြၽန္ေတာ္ ၾကည့္ခ်င္ပါတယ္။ ကြၽန္ေတာ့္အထင္ သူတို႔ဟာ မန္စီးတီး ေနာက္ကိုေရာက္ၿပီး ဒုတိယေနရာနဲ႔ အဆုံးသတ္လိမ့္မယ္လို႔ ထင္ပါတယ္။

အဲဒီလိုျဖစ္ခဲ့ရင္ေတာင္ အာဆင္နယ္နဲ႔ နည္းျပ အာတီတာအတြက္ ႀကီးမားတဲ့ မဟာေအာင္ျမင္မႈပါပဲ’’ လို႔ နဗီးလ္က ေျပာဆိုသြားခဲ့ပါတယ္။