ချန်ပီယံလိဂ် ၁၆သင်းအဆင့်မဲခွဲပွဲပြုလုပ်ပြီးစီးခဲ့ပြီး ရီးရဲလ်-လီဗာပူးနဲ့ ဘိုင်ယန်မြူးနစ်-ပီအက်စ်ဂျီပွဲစဉ်တွေကခံတွင်းအတွေ့ဆုံးဖြစ်လာနိုင်

ချန်ပီယံလိဂ် ၁၆သင်းအဆင့်မဲခွဲပွဲကို ယနေ့(တနင်္လာနေ့)မှာ ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။ ထူးခြားချက်ကတော့ ပြီးခဲ့တဲ့ရာသီဗိုလ်လုပွဲမှာ​ ပြိုင်ဘက်တွေဖြစ်ခဲ့တဲ့ ရီးရဲလ်နဲ့

လီဗာပူးတို့အစောဆုံး ထိပ်တိုက်တွေ့ဆုံခဲ့တာဖြစ်တယ်။ ပဲရစ်က ဗိုလ်လုပွဲမှာ ရီးရဲလ်က အနိုင်ရခဲ့သလို ကလော့ပ်အသင်းဟာသူတို့အတွက်အခက်ခဲဆုံးနဲ့

အားအကောင်းဆုံး ပြိုင်ဘက်ကိုရင်ဆိုင်သွားရမှာဖြစ်ပြီး ကြိုးကြာတွေနီတွေဟာ တော်ဝင်ကလပ်နဲ့တွေ့ဆုံတဲ့ ချန်ပီယံလိဂ် ၃ ပွဲစလုံးရှုံးထားပါတယ်။

နောက်ထပ်ခံတွင်းတွေ့စေမယ့် ပွဲစဉ်ကတော့ ဘိုင်ယန်မြူးနစ်နဲ့ ပီအက်စ်ဂျီတို့တွေ့ဆုံမှုဖြစ်ပါတယ်။ ချဲလ်ဆီးက ဒေါ့တ်မန်နဲ့တွေ့ဆုံနေပြီး မန်စီးတီးက

လိုက်ပ်ဇစ်ကိုရင်ဆိုင်ရမယ့်ပွဲတွေကတော့ ပရီးမီးယားလိဂ်နဲ့ ဘွန်ဒက်စ်လီဂါအားပြိုင်မှုတွေကိုစောင့်ကြည့်ရမှာဖြစ်တယ်။ မန်စီးတီးဟာ

ဂျာမန်အသင်းတွေနဲ့ ချန်ပီယံလိဂ်နောက်ဆုံး ၁၇ပွဲမှာ တစ်ပွဲသာရှုံးထားပါတယ်။ အုပ်စုတွင်းမှာ ချဲလ်ဆီးနောက် ဒုတိယနေရာရပ်တည်ခဲ့တဲ့ အေစီမီလန်ကတော့

စပါးနဲ့ရင်ဆိုင်ရမှာ ဖြစ်တယ်။ စပါးနည်းပြကွန်တီကတော့ သူ့ရဲ့နည်းပြဘ၀ပြိုင်ပွဲစုံမှာ မှာအနိုင်အရဆုံး(၁၀ပွဲ)ဖြစ်တဲ့ အေစီမီလန်နဲ့ရင်ဆိုင်ရမှာဖြစ်တယ်။

အခြားပွဲစဉ်တွေမှာတော့ ဘရုဂျက်နဲ့ ဘင်ဖီကာ၊ ဖရန့်ဖတ်နဲ့ နာပိုလီ၊ အင်တာမီလန်နဲ့ ပေါ်တိုတို့ ထိပ်တိုက်တွေ့ဆုံနေပါတယ်။ ရီးရဲလ်-လီဗာပူး၊

ဘိုင်ယန်မြူးနစ်-ပီအက်စ်ဂျီ ပွဲစဉ်တွေကတော့ ၁၆သင်းအဆင့်ရဲ့စိတ်လှုပ်ရှားစရာအကောင်းဆုံးနဲ့ ပရိသတ်စိတ်ဝင်အစားဆုံးပွဲစဉ်တွေအဖြစ်ရှိနေတာပါ။

၁၆သင်းအဆင့် ပထမအကျော့ပွဲစဉ်တွေကိုတော့ ဖေဖော်ဝါရီ (၁၄၊၁၅) နဲ့ ဖေဖော်ဝါရီ (၂၁၊၂၂) တို့မှာကစားသွားဖို့ရှိနေပြီး

ဒုတိယအကျော့ပွဲစဉ်တွေကိုတော့ မတ်လ (၇၊၈) နဲ့ မတ်လ (၁၄၊၁၅) တို့မှာ ယှဉ်ပြိုင်သွားဖို့ရှိနေပါတယ်။

(Zawgyi)

ခ်န္ပီယံလိဂ္ ၁၆သင္းအဆင့္မဲခြဲပြဲျပဳလုပ္ၿပီးစီးခဲ့ၿပီး ရီးရဲလ္-လီဗာပူးနဲ႔ ဘိုင္ယန္ျမဴးနစ္-ပီအက္စ္ဂ်ီပြဲစဥ္ေတြကခံတြင္းအေတြ႕ဆုံးျဖစ္လာႏိုင္

ခ်န္ပီယံလိဂ္ ၁၆သင္းအဆင့္မဲခြဲပြဲကို ယေန႔(တနလၤာေန႔)မွာျပဳလုပ္ခဲ့ၿပီးျဖစ္ပါတယ္။ ထူးျခားခ်က္ကေတာ့ ၿပီးခဲ့တဲ့ရာသီဗိုလ္လုပြဲမွ

ာ​ ၿပိဳင္ဘက္ေတြျဖစ္ခဲ့တဲ့ ရီးရဲလ္နဲ႔ လီဗာပူးတို႔အေစာဆုံးထိပ္တိုက္ေတြ႕ဆုံခဲ့တာျဖစ္တယ္။ ပဲရစ္ကဗိုလ္လုပြဲမွာ ရီးရဲလ္က အႏိုင္ရခဲ့သလို

ကေလာ့ပ္အသင္းဟာသူတို႔အတြက္အခက္ခဲဆုံးနဲ႔ အားအေကာင္းဆုံး ၿပိဳင္ဘက္ကိုရင္ဆိုင္သြားရမွာျဖစ္ၿပီး ႀကိဳးၾကာေတြနီေတြဟာ

ေတာ္ဝင္ကလပ္နဲ႔ေတြ႕ဆုံတဲ့ ခ်န္ပီယံလိဂ္ ၃ပြဲစလုံးရႈံးထားပါတယ္။ေနာက္ထပ္ခံတြင္းေတြ႕ေစမယ့္ ပြဲစဥ္ကေတာ့ ဘိုင္ယန္ျမဴးနစ္နဲ႔ ပီအက္စ္ဂ်ီတို႔ေတြ႕ဆုံမႈျဖစ္ပါတယ္။

ခ်ဲလ္ဆီးက ေဒါ့တ္မန္နဲ႔ေတြ႕ဆုံေနၿပီး မန္စီးတီးက လိုက္ပ္ဇစ္ကိုရင္ဆိုင္ရမယ့္ပြဲေတြကေတာ့ ပရီးမီးယားလိဂ္နဲ႔ ဘြန္ဒက္စ္လီဂါအားၿပိဳင္မႈေတြကိုေစာင့္ၾကည့္ရမွာျဖစ္တယ္။

မန္စီးတီးဟာ ဂ်ာမန္အသင္းေတြနဲ႔ ခ်န္ပီယံလိဂ္ေနာက္ဆုံး ၁၇ပြဲမွာ တစ္ပြဲသာရႈံးထားပါတယ္။ အုပ္စုတြင္းမွာ ခ်ဲလ္ဆီးေနာက္ဒုတိယေနရာရပ္တည္ခဲ့တဲ့

ေအစီမီလန္ကေတာ့ စပါးနဲ႔ရင္ဆိုင္ရမွာ ျဖစ္တယ္။ စပါးနည္းျပကြန္တီကေတာ့ သူ႔ရဲ႕နည္းျပဘ၀ၿပိဳင္ပြဲစုံမွာ မွာအႏိုင္အရဆုံး(၁၀ပြဲ)ျဖစ္တဲ့ ေအစီမီလန္နဲ႔ရင္ဆိုင္ရမွာျဖစ္တယ္။

အျခားပြဲစဥ္ေတြမွာေတာ့ ဘ႐ုဂ်က္နဲ႔ ဘင္ဖီကာ၊ ဖရန႔္ဖတ္နဲ႔ နာပိုလီ၊ အင္တာမီလန္နဲ႔ ေပၚတိုတို႔ထိပ္တိုက္ေတြ႕ဆုံေနပါတယ္။

ရီးရဲလ္-လီဗာပူး၊ ဘိုင္ယန္ျမဴးနစ္-ပီအက္စ္ဂ်ီ ပြဲစဥ္ေတြကေတာ့ ၁၆သင္းအဆင့္ရဲ႕စိတ္လႈပ္ရွားစရာအေကာင္းဆုံးနဲ႔ ပရိသတ္စိတ္ဝင္အစားဆုံးပြဲစဥ္ေတြအျဖစ္ရွိေနတာပါ။

၁၆သင္းအဆင့္ ပထမအေက်ာ့ပြဲစဥ္ေတြကိုေတာ့ ေဖေဖာ္ဝါရီ (၁၄၊၁၅) နဲ႔ ေဖေဖာ္ဝါရီ (၂၁၊၂၂) တို႔မွာကစားသြားဖို႔ရွိေနၿပီး

ဒုတိယအေက်ာ့ပြဲစဥ္ေတြကိုေတာ့ မတ္လ (၇၊၈) နဲ႔ မတ္လ (၁၄၊၁၅) တို႔မွာယွဥ္ၿပိဳင္သြားဖို႔ရွိေနပါတယ္။