ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ မဲအိုး ၂ထဲ ရောက်သွားတဲ့ လီဗာပူး၊ ချဲလ်ဆီးနဲ့ စပါး

ပရီးမီးယားလိဂ်အင်အားကြီး

ကလပ်တွေဖြစ်တဲ့ ချဲလဆီး၊
လီဗာပူးနဲ့ စပါးအသင်းတို့ဟာ
ရာသီသစ် ချန်ပီယံလိဂ်အုပ်စုအဆင့်
မဲခွဲပွဲမှာ နိုင်ခြေအဆင့် ၂ အဖြစ်
သတ်မှတ်ခြင်း ခံလိုက်ရပါတယ်။

အဲဒီအသင်းတွေဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း
ချန်ပီယံလိဂ်မှာ ပုံမှန်ပါဝင်ခွင့်ရနေပေမယ့်
မဲအိုး ၂ ထဲ ရောက်သွားခဲ့ရပြီး
ချန်ပီယံလိဂ်အုပ်စုအဆင့်မဲခွဲပွဲကို
သြဂုတ်လ ၂၅ ရက်နေ့မှာ

ကျင်းပမှာဖြစ်ပါတယ်။
ဒီအတွက်ကြောင့် ချဲလ်ဆီး၊
လီဗာပူးနဲ့ စပါးတို့ဟာ အုပ်စုအဆင့်မှာ
ရီးရဲလ်၊ ဘိုင်ယန်၊ ပီအက်စ်ဂျီ တစ်သင်းသင်းနဲ့
တွေ့ဆုံနိုင်သလို မဲအိုး ၁ ထဲမှာ

ကျရောက်နေတဲ့ အေစီမီလန်၊ ပေါ်တို၊
အေဂျက်စ်တို့လို အခြားအသင်းတွေနဲ့လည်း
တစ်အုပ်စုတည်း ကျရောက်နိုင်ပါတယ်။
ရီးရဲလ်က လာလီဂါချန်ပီယံလည်းဖြစ်၊
ချန်ပီယံလိဂ်ချန်ပီယံလည်းဖြစ်လို့ မဲအိုး ၁ မှာ

တစ်နေရာလွတ်သွားတာတဲ့အတွက်
နယ်သာလန်အမှတ်ပေးချန်ပီယံ အေဂျက်စ်က
မဲအိုး ၁ ထဲ ရောက်လာတာပါ။
ယူရိုပါလိဂ်ချန်ပီယံ ဖရန့်ဖတ်လည်း
မဲအိုး ၁ ထဲမှာ ပရီးမီးယားလိဂ်ချန်ပီယံ

မန်စီးတီးနဲ့အတူ ကျရောက်နေပြီး
မန်စီးတီးက မဲအိုး ၂ထဲက ပြည်တွင်းပြိုင်ဘက်တွေနဲ့
တွေ့ဆုံရမှာမဟုတ်လို့ ကျန်မဲအိုး ၂ က
ပြိုင်ဘက် ၅သင်းထဲက တစ်သင်းသင်းနဲ့
ရင်ဆိုင်ရမှာဖြစ်ပါတယ်။

အဲဒီမှာ ဘာစီလိုနာ၊ အက်သလက်တီကို၊
ဆီဗီလာ၊ ဂျူဗင်တပ်နဲ့ လိုက်ပ်ဇစ်တို့ဖြစ်နေလို့
ဘယ်အသင်းနဲ့ပဲ ကျကျ ပွဲကျပ်ဖြစ်လာနိုင်ပါတယ်။
မဲအိုး ၃ ထဲမှာလည်း အဖြေထွက်ပေါ်ပြီးဖြစ်တဲ့
၇သင်းအနက် အသင်းကြီးတွေပါဝင်နေပြီး

အင်တာ၊ ဒေါ့မွန်၊ နာပိုလီတို့ ပါဝင်နေပါတယ်။
တကယ်လို့ ဘင်ဖီကာအသင်းအနေနဲ့
ပလေးအော့ဖ်အဆင့်ကို ကျော်ဖြတ်နိုင်ခဲ့ရင်
မဲအိုး ၃ထဲ ကျရောက်မှာဖြစ်ပြီး
တကယ်လို့ အဲဒီလိုဖြစ်မလာရင်

မဲအိုး ၃ထဲက လက်ကျန်တစ်နေရာအတွက်
ရိန်းဂျားစ်၊ မာဆေးလ်နဲ့ ဒိုင်နမိုဇာဂရက်တို့ထဲက
တစ်သင်းသင်း ရဖွယ်ရှိနေပါတယ်။

Zawgyi

ခ်န္ပီယံလိဂ္အုပ္စုအဆင့္မွာ မဲအိုး ၂ထဲ ေရာက္သြားတဲ့ လီဗာပူး၊ ခ်ဲလ္ဆီးနဲ႔ စပါး
ပရီးမီးယားလိဂ္အင္အားႀကီး
ကလပ္ေတြျဖစ္တဲ့ ခ်ဲလဆီး၊
လီဗာပူးနဲ႔ စပါးအသင္းတုိ႔ဟာ

ရာသီသစ္ ခ်န္ပီယံလိဂ္အုပ္စုအဆင့္
မဲခြဲပြဲမွာ ႏိုင္ေျခအဆင့္ ၂ အျဖစ္
သတ္မွတ္ျခင္း ခံလုိက္ရပါတယ္။
အဲဒီအသင္းေတြဟာ ၿပီးခဲ့တဲ့ႏွစ္အနည္းငယ္အတြင္း
ခ်န္ပီယံလိဂ္မွာ ပုံမွန္ပါ၀င္ခြင့္ရေနေပမယ့္

မဲအိုး ၂ ထဲ ေရာက္သြားခဲ့ရၿပီး
ခ်န္ပီယံလိဂ္အုပ္စုအဆင့္မဲခြဲပြဲကို
ၾသဂုတ္လ ၂၅ ရက္ေန႔မွာ
က်င္းပမွာျဖစ္ပါတယ္။
ဒီအတြက္ေၾကာင့္ ခ်ဲလ္ဆီး၊

လီဗာပူးနဲ႔ စပါးတို႔ဟာ အုပ္စုအဆင့္မွာ
ရီးရဲလ္၊ ဘုိင္ယန္၊ ပီအက္စ္ဂ်ီ တစ္သင္းသင္းနဲ႔
ေတြ႕ဆုံႏိုင္သလုိ မဲအိုး ၁ ထဲမွာ
က်ေရာက္ေနတဲ့ ေအစီမီလန္၊ ေပၚတို၊
ေအဂ်က္စ္တုိ႔လို အျခားအသင္းေတြနဲ႔လည္း

တစ္အုပ္စုတည္း က်ေရာက္ႏုိင္ပါတယ္။
ရီးရဲလ္က လာလီဂါခ်န္ပီယံလည္းျဖစ္၊
ခ်န္ပီယံလိဂ္ခ်န္ပီယံလည္းျဖစ္လုိ႔ မဲအုိး ၁ မွာ
တစ္ေနရာလြတ္သြားတာတဲ့အတြက္
နယ္သာလန္အမွတ္ေပးခ်န္ပီယံ ေအဂ်က္စ္က

မဲအိုး ၁ ထဲ ေရာက္လာတာပါ။
ယူရိုပါလိဂ္ခ်န္ပီယံ ဖရန္႔ဖတ္လည္း
မဲအုိး ၁ ထဲမွာ ပရီးမီးယားလိဂ္ခ်န္ပီယံ
မန္စီးတီးနဲ႔အတူ က်ေရာက္ေနၿပီး
မန္စီးတီးက မဲအိုး ၂ထဲက ျပည္တြင္းၿပိဳင္ဘက္ေတြနဲ႔

ေတြ႕ဆုံရမွာမဟုတ္လို႔ က်န္မဲအိုး ၂ က
ၿပိဳင္ဘက္ ၅သင္းထဲက တစ္သင္းသင္းနဲ႔
ရင္ဆုိင္ရမွာျဖစ္ပါတယ္။
အဲဒီမွာ ဘာစီလုိနာ၊ အက္သလက္တီကို၊
ဆီဗီလာ၊ ဂ်ဴဗင္တပ္နဲ႔ လုိက္ပ္ဇစ္တုိ႔ျဖစ္ေနလုိ႔

ဘယ္အသင္းနဲ႔ပဲ က်က် ပြဲက်ပ္ျဖစ္လာႏိုင္ပါတယ္။
မဲအိုး ၃ ထဲမွာလည္း အေျဖထြက္ေပၚၿပီးျဖစ္တဲ့
၇သင္းအနက္ အသင္းႀကီးေတြပါ၀င္ေနၿပီး
အင္တာ၊ ေဒါ့မြန္၊ နာပိုလီတို႔ ပါ၀င္ေနပါတယ္။
တကယ္လုိ႔ ဘင္ဖီကာအသင္းအေနနဲ႔

ပေလးေအာ့ဖ္အဆင့္ကို ေက်ာ္ျဖတ္ႏိုင္ခဲ့ရင္
မဲအုိး ၃ထဲ က်ေရာက္မွာျဖစ္ၿပီး
တကယ္လုိ႔ အဲဒီလုိျဖစ္မလာရင္
မဲအိုး ၃ထဲက လက္က်န္တစ္ေနရာအတြက္
ရိန္းဂ်ားစ္၊ မာေဆးလ္နဲ႔ ဒိုင္နမိုဇာဂရက္တို႔ထဲက

တစ္သင္းသင္း ရဖြယ္ရွိေနပါတယ္။