ချန်ပီယံလိဂ်အုပ်စုပွဲမတိုင်မီ မီးသတိပေးမှုခြောက်ကြိမ်တိုင်တိုင်ကြုံခဲ့ကာ အိပ်ရေးပျက်ခဲ့ရတဲ့ အတ္တလန္တာစတားများ

အတ္တလန္တာစတားများဟာဗုဒ္ဓဟူးနေ့ကအိုးထရက်ဖို့ဒ်ချန်ပီယံလိဂ်အုပ်စုပွဲမတိုင်မီ

မန်ချက်စတာတွင်နေထိုင်စဉ်အတွင်းမီးသတိပေးမှုခြောက်ကြိမ်တိုင်တိုင်ကြုံခဲ့ကာ

အိပ်ရေးပျက်ခဲ့ရကြောင်းသိရပါတယ်။ အတ္တလန္တာစတားတစ်ဦးရဲ့ Wags က

ဆိုရှယ်မီဒီယာကနေ အလွန်ဆိုးရွားလှတဲ့ဒေသခံများဆိုပြီး တိုက်ခိုက်ရေးသားသွားပါတယ်။

အတ္တလန္တာအသင်းသားများဟာမန်ချက်စတာရှိဟိုတယ်တွင်တည်းခိုနေစဉ်အတွင်း

နံနက်၄း၅၁၊နံနက်၅နာရီ၊နံနက်၅း၃၆၊နံနက်၆း၁၁၊နံနက်၆း၃၁နှင့်နံနက်ရး၁၃တို့တွင်

မီးလန့်မှုများနှင့်ကြုံခဲ့ရတာလည်းဖြစ်ပါတယ်။

ယင်းသို့မီးသတိပေးမှုနဲ့ကြုံတွေ့ရမှုနဲ့အတူ အတ္တလန္တာနည်းပြဂက်စ်ပါရီနီနဲ့

ကစားသမားတို့ဟာအကြီးအကျယ်စိတ်အနှောက်အယှက်များကြုံခဲ့ရပါတယ်။

အတ္တလန္တာဟာမနေ့ညတုန်းကအိုးထရက်ဖို့ဒ်ပွဲစဉ်မှာ၂ဂိုးအသာဖြင့်

ဦးဆောင်နိုင်ခဲ့ပေမယ့်ချေပဂိုးများပေးခဲ့ရကာ၃-၂ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။

အတ္တလန္တာအလယ်တန်းကစားသမားရူစလန်မာလီနိုစကီးရဲ့ဇနီးသည်

ရိုဆာနာကအတ္တလန္တာပရိသတ်များအနေဖြင့်လာမယ့်လမှာမန်ယူအား

ဧည့်ခံကစားရမယ့်ပွဲစဉ်တွင်လည်းအီတလီသို့လာရောက်မယ့်မန်ယူကစားသမားများကို

တူညီတဲ့ကလဲ့စားချေနှောက်ယှက်မှုပြုလုပ်ရန်တိုက်တွန်းမှုပြုလုပ်သွားခဲ့ပါတယ်။

ရိုဆာနာက “မန်ချက်စတာကငရဲညပါ။ဟိုတယ်မှာတည်းခဲ့တဲ့တစ်ညလုံး

မီးသတိပေးသံနဲ့နေခဲ့ရတယ်။အသင်းရောက်လာမှဖြစ်တာ။ညကျမှဖြစ်တာ။

မတော်တဆဖြစ်တာလို့ထင်ကြလား။ကျွန်မကတော့မထင်ဘူး။

ဒေသခံတွေရဲ့နွေးနွေးထွေးထွေးကြိုဆိုမှုပေါ့ရှင်၊။အရမ်းဆိုးတယ်။

ကျွန်မတို့ပရိသတ်တွေလည်းကျွန်မတို့အိမ်ကွင်းပွဲကျရင်အီတလျှံဟိုတယ်မှာ

အဲဒီလိုလုပ်လာကြဖို့မျှော်လင့်ပါတယ်”လို့ရေးသားသွားပါတယ်။

zawgyi

ခ်န္ပီယံလိဂ္အုပ္စုပြဲမတိုင္မီ မီးသတိေပးမႈေျခာက္ႀကိမ္တိုင္တိုင္ႀကဳံခဲ့ကာ အိပ္ေရးပ်က္ခဲ့ရတဲ့ အတၱလႏၲာစတားမ်ား

အတၱလႏၲာစတားမ်ားဟာဗုဒၶဟူးေန႔ကအိုးထရက္ဖို႔ဒ္ခ်န္ပီယံလိဂ္အုပ္စုပြဲမတိုင္မီ

မန္ခ်က္စတာတြင္ေနထိုင္စဥ္အတြင္းမီးသတိေပးမႈေျခာက္ႀကိမ္တိုင္တိုင္ႀကဳံခဲ့ကာ

အိပ္ေရးပ်က္ခဲ့ရေၾကာင္းသိရပါတယ္။ အတၱလႏၲာစတားတစ္ဦးရဲ႕ Wags က

ဆိုရွယ္မီဒီယာကေန အလြန္ဆိုး႐ြားလွတဲ့ေဒသခံမ်ားဆိုၿပီး တိုက္ခိုက္ေရးသားသြားပါတယ္။

အတၱလႏၲာအသင္းသားမ်ားဟာမန္ခ်က္စတာရွိဟိုတယ္တြင္တည္းခိုေနစဥ္အတြင္း

နံနက္၄း၅၁၊နံနက္၅နာရီ၊နံနက္၅း၃၆၊နံနက္၆း၁၁၊နံနက္၆း၃၁ႏွင့္နံနက္ရး၁၃တို႔တြင္

မီးလန႔္မႈမ်ားႏွင့္ႀကဳံခဲ့ရတာလည္းျဖစ္ပါတယ္။

ယင္းသို႔မီးသတိေပးမႈနဲ႔ႀကဳံေတြ႕ရမႈနဲ႔အတူ အတၱလႏၲာနည္းျပဂက္စ္ပါရီနီနဲ႔

ကစားသမားတို႔ဟာအႀကီးအက်ယ္စိတ္အေႏွာက္အယွက္မ်ားႀကဳံခဲ့ရပါတယ္။

အတၱလႏၲာဟာမေန႔ညတုန္းကအိုးထရက္ဖို႔ဒ္ပြဲစဥ္မွာ၂ဂိုးအသာျဖင့္

ဦးေဆာင္ႏိုင္ခဲ့ေပမယ့္ေခ်ပဂိုးမ်ားေပးခဲ့ရကာ၃-၂ဂိုးျဖင့္ရႈံးနိမ့္ခဲ့ပါတယ္။

အတၱလႏၲာအလယ္တန္းကစားသမား႐ူစလန္မာလီႏိုစကီးရဲ႕ဇနီးသည္

႐ိုဆာနာကအတၱလႏၲာပရိသတ္မ်ားအေနျဖင့္လာမယ့္လမွာမန္ယူအား

ဧည့္ခံကစားရမယ့္ပြဲစဥ္တြင္လည္းအီတလီသို႔လာေရာက္မယ့္မန္ယူကစားသမားမ်ားကို

တူညီတဲ့ကလဲ့စားေခ်ေႏွာက္ယွက္မႈျပဳလုပ္ရန္တိုက္တြန္းမႈျပဳလုပ္သြားခဲ့ပါတယ္။

႐ိုဆာနာက “မန္ခ်က္စတာကငရဲညပါ။ဟိုတယ္မွာတည္းခဲ့တဲ့တစ္ညလုံး

မီးသတိေပးသံနဲ႔ေနခဲ့ရတယ္။အသင္းေရာက္လာမွျဖစ္တာ။ညက်မွျဖစ္တာ။

မေတာ္တဆျဖစ္တာလို႔ထင္ၾကလား။ကြၽန္မကေတာ့မထင္ဘူး။

ေဒသခံေတြရဲ႕ေႏြးေႏြးေထြးေထြးႀကိဳဆိုမႈေပါ့ရွင္၊။အရမ္းဆိုးတယ္။

ကြၽန္မတို႔ပရိသတ္ေတြလည္းကြၽန္မတို႔အိမ္ကြင္းပြဲက်ရင္အီတလွ်ံဟိုတယ္မွာ

အဲဒီလိုလုပ္လာၾကဖို႔ေမွ်ာ္လင့္ပါတယ္”လို႔ေရးသားသြားပါတယ္။