ချန်ပီယံလိဂ်အရေးကြီးပွဲမတိုင်ခင် ရော်နယ်ဒိုနဲ့ပတ်သက်လို့ ဟောကိန်းထုတ်လိုက်တဲ့ ဗာရန်း

ယူနိုက်တက်အသင်းတိုက်စစ်မှူး ရော်နယ်ဒိုအနေနဲ့

ယနေ့ည အက်သလက်နဲ့ကစားရမယ့် ချန်ပီယံလိဂ်
၁၆သင်းအဆင့် ဒု-အကျော့ပွဲမှာ နောက်ထပ်ပွဲကြီး
စွမ်းဆောင်ရည်မျိုး ပြသနိုင်လိမ့်မယ်လို့ အသင်းဖော်
နောက်ခံလူ ဗာရန်းက ဟောကိန်းထုတ်လိုက်ပါတယ်။
ယူနိုက်တက်ဟာ ပ-အကျော့ အဝေးကွင်းမှာ

၁-၁ဂိုးသရေကစားခဲ့ပြီး ရော်နယ်ဒိုကလည်း
အသင်းရဲ့ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဂိုးမြူးနေပါတယ်။
သူဟာ ချန်ပီယံလိဂ်မှာ ၆ပွဲကစား ၆ဂိုးသွင်းယူထားတဲ့အနက်
အတ္တလန္တာနဲ့ကစားခဲ့တဲ့နှစ်ကျော့စလုံးမှာ နောက်ကျဂိုးတွေ
သွင်းနိုင်ခဲ့တဲ့အပြင် ဗီလာရီးရဲလ်ကို ၃-၂ဂိုးနဲ့

အနိုင်ရခဲ့တဲ့ပွဲမှာလည်း ၉၅ မိနစ်အရောက်
အသင်းအတွက် အရေးပါတဲ့အနိုင်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
ပ-အကျော့မှာ လူစားဝင်လူငယ်တောင်ပံကစားသမား
အီလန်ဂါက အသင်းအတွက် နောက်ကျချေပဂိုး
သွင်းယူနိုင်ခဲ့ပေမယ့် ပြင်သစ်နိုင်ငံသား ဗာရန်းက

ဒီညပွဲမှာ ရော်နယ်ဒိုက စောင့်ကြည့်ချင်စရာ
အကောင်းဆုံးကစားသမားဖြစ်တယ်လို့ ဆိုပါတယ်။
သူတု့ိနှစ်ယောက်ဟာ အသင်းဟောင်းရီးရဲလ်မှာ
၂၀၁၄ ကနေ ၂၀၁၈ အတွင်း ချန်ပီယံလိဂ်ဖလား
၄ကြိမ်အထိ အတူတူရယူနိုင်ခဲ့ပါတယ်။

”ရော်နယ်ဒိုက အရမ်းကိုကြီးကျယ်တဲ့ပလေယာဖြစ်ပြီး
ဖိအားတွေ မြင့်မားလာတဲ့အချိန်မှာ သူက
ကွဲပြားခြားနားမှု ပိုလုပ်ပြနိုင်လေပါပဲ။
အခုလို ကြီးမားတဲ့ကာလမျိုးမှာ သူဟာ အကောင်းဆုံး
ခံစားနိုင်စွမ်းရှိပြီး ဒါကလည်း ဘယ်အချက်က

သူ့ကို တွန်းအားပေးလဲဆိုတာတော့ ကျွန်တော်လည်း မသိပါဘူး။
ဒါပေမဲ့ သူဟာ အခုလိုစပယ်ရှယ်ပွဲကြီးမျိုးတွေအတွက်
အမြဲတမ်းအဆင်သင့်ဖြစ်နေတတ်မှန်း ကျွန်တော်တို့သိထားပါတယ်။
ရော်နယ်ဒိုက ကျွန်တော်တို့အသင်းအတွက်
အရမ်းအရေးပါတဲ့ကစားသမားဖြစ်လာပါလိမ့်မယ်”လို့

ဗာရန်းက ပြောခဲ့ပါတယ်။

Zawgyi

ခ်န္ပီယံလိဂ္အေရးႀကီးပြဲမတိုင္ခင္ ေရာ္နယ္ဒိုနဲ႔ပတ္သက္လုိ႔ ေဟာကိန္းထုတ္လုိက္တဲ့ ဗာရန္း

ယူႏုိက္တက္အသင္းတုိက္စစ္မွဴး ေရာ္နယ္ဒိုအေနနဲ႔
ယေန႔ည အက္သလက္နဲ႔ကစားရမယ့္ ခ်န္ပီယံလိဂ္
၁၆သင္းအဆင့္ ဒု-အေက်ာ့ပြဲမွာ ေနာက္ထပ္ပြဲႀကီး
စြမ္းေဆာင္ရည္မ်ိဳး ျပသႏိုင္လိမ့္မယ္လုိ႔ အသင္းေဖာ္
ေနာက္ခံလူ ဗာရန္းက ေဟာကိန္းထုတ္လုိက္ပါတယ္။

ယူႏုိက္တက္ဟာ ပ-အေက်ာ့ အေ၀းကြင္းမွာ
၁-၁ဂိုးသေရကစားခဲ့ၿပီး ေရာ္နယ္ဒိုကလည္း
အသင္းရဲ႕ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ဂိုးျမဴးေနပါတယ္။
သူဟာ ခ်န္ပီယံလိဂ္မွာ ၆ပြဲကစား ၆ဂိုးသြင္းယူထားတဲ့အနက္
အတၱလႏၱာနဲ႔ကစားခဲ့တဲ့ႏွစ္ေက်ာ့စလုံးမွာ ေနာက္က်ဂိုးေတြ

သြင္းႏုိင္ခဲ့တဲ့အျပင္ ဗီလာရီးရဲလ္ကို ၃-၂ဂိုးနဲ႔
အႏိုင္ရခဲ့တဲ့ပြဲမွာလည္း ၉၅ မိနစ္အေရာက္
အသင္းအတြက္ အေရးပါတဲ့အႏိုင္ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။
ပ-အေက်ာ့မွာ လူစား၀င္လူငယ္ေတာင္ပံကစားသမား
အီလန္ဂါက အသင္းအတြက္ ေနာက္က်ေခ်ပဂိုး

သြင္းယူႏိုင္ခဲ့ေပမယ့္ ျပင္သစ္ႏိုင္ငံသား ဗာရန္းက
ဒီညပြဲမွာ ေရာ္နယ္ဒိုက ေစာင့္ၾကည့္ခ်င္စရာ
အေကာင္းဆုံးကစားသမားျဖစ္တယ္လုိ႔ ဆုိပါတယ္။
သူတု႔ိႏွစ္ေယာက္ဟာ အသင္းေဟာင္းရီးရဲလ္မွာ
၂၀၁၄ ကေန ၂၀၁၈ အတြင္း ခ်န္ပီယံလိဂ္ဖလား

၄ႀကိမ္အထိ အတူတူရယူႏိုင္ခဲ့ပါတယ္။
”ေရာ္နယ္ဒိုက အရမ္းကိုႀကီးက်ယ္တဲ့ပေလယာျဖစ္ၿပီး
ဖိအားေတြ ျမင့္မားလာတဲ့အခ်ိန္မွာ သူက
ကြဲျပားျခားနားမႈ ပိုလုပ္ျပႏိုင္ေလပါပဲ။
အခုလို ႀကီးမားတဲ့ကာလမ်ိဳးမွာ သူဟာ အေကာင္းဆုံး

ခံစားႏိုင္စြမ္းရွိၿပီး ဒါကလည္း ဘယ္အခ်က္က
သူ႕ကို တြန္းအားေပးလဲဆုိတာေတာ့ ကၽြန္ေတာ္လည္း မသိပါဘူး။
ဒါေပမဲ့ သူဟာ အခုလိုစပယ္ရွယ္ပြဲႀကီးမ်ိဳးေတြအတြက္
အၿမဲတမ္းအဆင္သင့္ျဖစ္ေနတတ္မွန္း ကၽြန္ေတာ္တုိ႔သိထားပါတယ္။
ေရာ္နယ္ဒိုက ကၽြန္ေတာ္တုိ႔အသင္းအတြက္

အရမ္းအေရးပါတဲ့ကစားသမားျဖစ္လာပါလိမ့္မယ္”လုိ႔
ဗာရန္းက ေျပာခဲ့ပါတယ္။