ချန်ပီယံလိဂ်သမိုင်းမှာ အစောဆုံးဟက်ထရစ်အဖြစ် စံချိန်တင်သွားခဲ့တဲ့ လီဝန်ဒေါစကီးရဲ့ဟက်ထရစ်

ဘိုင်ယန်မြူးနစ်ကြယ်ပွင့်တိုက်စစ်မှုးလီဝန်ဒေါစကီးဟာ

သြစတြီးယားကလပ်ဆဲလ်ဘတ်နဲ့ ပထမအကျော့တုန်းက ခြေစွမ်းမပြနိုင်ခဲ့သလို

ဂိုးကန်သွင်းချက်တစ်ကြိမ်မှတောင် မလုပ်နိုင်ခဲ့ပါဘူး။

အဲဒီတုန်းက နောက်ကျချေပဂိုးရခဲ့လို့သာ

ဘိုင်ယန်ဟာ သြစတြီးယားမြေမှာ မရှုံးခဲ့တာပါ။

ဒါပေမဲ့ အိမ်ကွင်းမှာကစားတဲ့ ဒုတိယအကျော့မှာတော့

ဘိုင်ယန်ဟာ အကောင်းဆုံးတာထွက်နိုင်ခဲ့ပါတယ်။

ပွဲအစ ၂၃ မိနစ်ကတည်းက ဧည့်သည်အသင်းကို ၃ ဂိုးပြတ်နေတာဖြစ်ပြီး

အဲဒီ ၃ ဂိုးစလုံးကို လီဝန်ဒေါစကီးကပဲ သွင်းယူခဲ့တာပါ။

အဲဒီပိုလန်တိုက်စစ်မှုးဟာ ပွဲချိန် ၁၂ မိနစ်နဲ့ ၂၁ မိနစ်တို့မှာ ရခဲ့တဲ့

ပင်နယ်တီ ၂ လုံးစလုံးကို ဝင်အောင်ကန်နိုင်ခဲ့သလို ၂၃ မိနစ်မှာလည်း

သူ့ရဲ့ဟက်ထရစ်ဂိုးကို သွင်းနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဘိုင်ယန်ဟာ ပွဲအပြီးမှာ ဆဲလ်ဘတ်ကို ၇-၁ နဲ့တောင်နိုင်ခဲ့တာဖြစ်ပြီး

ချန်ပီယံလိဂ် ၁၆ သင်းအဆင့်သမိုင်းတစ်လျှောက်

အပြတ်သားဆုံးရလဒ်တွေထဲက တစ်ခုဖြစ်လာခဲ့တာပါ။

ဒါ့အပြင် အဲဒီပွဲက လီဝန်ဒေါစကီးရဲ့ဟက်ထရစ်ဟာလည်း

ချန်ပီယံလိဂ်သမိုင်းမှာ အစောဆုံးဟက်ထရစ်အဖြစ် စံချိန်တင်သွားခဲ့ပါတယ်။

နောက်ပြီး လီဝန်ဒေါစကီးဟာ ဒီရာသီဥရောပထိပ်တန်းလိဂ် ၅ ရပ်မှာ

ပြိုင်ပွဲအရပ်ရပ်ဂိုး ၄၀ ပြည့်တဲ့ ပထမဆုံးကစားသမားဖြစ်လာခဲ့တာပါ။

၃၃ နှစ်အရွယ် လီဝန်ဒေါစကီးအနေနဲ့ ၇ ရာသီဆက်တိုက်အဖြစ်

ဂိုး ၄၀ နဲ့အထက်သွင်းနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ အဲဒီပိုလန်သားဟာ ကမ္ဘာ့ဘောလုံးလောကရဲ့

အကောင်းဆုံးနဲ့ကြောက်စရာအကောင်းဆုံးတိုက်စစ်မှုဖြစ်နေတာပါ။

zawgyi

ခ်န္ပီယံလိဂ္သမိုင္းမွာ အေစာဆုံးဟက္ထရစ္အျဖစ္ စံခ်ိန္တင္သြားခဲ့တဲ့ လီဝန္ေဒါစကီးရဲ႕ဟက္ထရစ္

ဘိုင္ယန္ျမဴးနစ္ၾကယ္ပြင့္တိုက္စစ္မႈးလီဝန္ေဒါစကီးဟာ

ၾသစႀတီးယားကလပ္ဆဲလ္ဘတ္နဲ႔ ပထမအေက်ာ့တုန္းက ေျခစြမ္းမျပႏိုင္ခဲ့သလို

ဂိုးကန္သြင္းခ်က္တစ္ႀကိမ္မွေတာင္ မလုပ္ႏိုင္ခဲ့ပါဘူး။

အဲဒီတုန္းက ေနာက္က်ေခ်ပဂိုးရခဲ့လို႔သာ

ဘိုင္ယန္ဟာ ၾသစႀတီးယားေျမမွာ မရႈံးခဲ့တာပါ။

ဒါေပမဲ့ အိမ္ကြင္းမွာကစားတဲ့ ဒုတိယအေက်ာ့မွာေတာ့

ဘိုင္ယန္ဟာ အေကာင္းဆုံးတာထြက္ႏိုင္ခဲ့ပါတယ္။

ပြဲအစ ၂၃ မိနစ္ကတည္းက ဧည့္သည္အသင္းကို ၃ ဂိုးျပတ္ေနတာျဖစ္ၿပီး

အဲဒီ ၃ ဂိုးစလုံးကို လီဝန္ေဒါစကီးကပဲ သြင္းယူခဲ့တာပါ။

အဲဒီပိုလန္တိုက္စစ္မႈးဟာ ပြဲခ်ိန္ ၁၂ မိနစ္နဲ႔ ၂၁ မိနစ္တို႔မွာ ရခဲ့တဲ့

ပင္နယ္တီ ၂ လုံးစလုံးကို ဝင္ေအာင္ကန္ႏိုင္ခဲ့သလို ၂၃ မိနစ္မွာလည္း

သူ႔ရဲ႕ဟက္ထရစ္ဂိုးကို သြင္းႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။

ဘိုင္ယန္ဟာ ပြဲအၿပီးမွာ ဆဲလ္ဘတ္ကို ၇-၁ နဲ႔ေတာင္ႏိုင္ခဲ့တာျဖစ္ၿပီး

ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္သမိုင္းတစ္ေလွ်ာက္

အျပတ္သားဆုံးရလဒ္ေတြထဲက တစ္ခုျဖစ္လာခဲ့တာပါ။

ဒါ့အျပင္ အဲဒီပြဲက လီဝန္ေဒါစကီးရဲ႕ဟက္ထရစ္ဟာလည္း

ခ်န္ပီယံလိဂ္သမိုင္းမွာ အေစာဆုံးဟက္ထရစ္အျဖစ္ စံခ်ိန္တင္သြားခဲ့ပါတယ္။

ေနာက္ၿပီး လီဝန္ေဒါစကီးဟာ ဒီရာသီဥေရာပထိပ္တန္းလိဂ္ ၅ ရပ္မွာ

ၿပိဳင္ပြဲအရပ္ရပ္ဂိုး ၄၀ ျပည့္တဲ့ ပထမဆုံးကစားသမားျဖစ္လာခဲ့တာပါ။

၃၃ ႏွစ္အ႐ြယ္ လီဝန္ေဒါစကီးအေနနဲ႔ ၇ ရာသီဆက္တိုက္အျဖစ္

ဂိုး ၄၀ နဲ႔အထက္သြင္းႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ အဲဒီပိုလန္သားဟာ ကမာၻ႔ေဘာလုံးေလာကရဲ႕

အေကာင္းဆုံးနဲ႔ေၾကာက္စရာအေကာင္းဆုံးတိုက္စစ္မႈျဖစ္ေနတာပါ။