
ဗီလာရီးရဲလ်နဲ့ သရေကျခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်
ပထမအကျော့အဝေးကွင်းပွဲစဉ်မှာ ဂျူဗင်တပ်တိုက်စစ်မှုးဗလာဟိုဗစ်ဟာ
ချန်ပီယံလိဂ်စံချိန်တစ်ရပ်ကို ရယူနိုင်ခဲ့ပါတယ်။
၂၂ နှစ်အရွယ် အဲဒီဆားဘီးယားသားဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကမှ
ဖီအိုရင်တီးနားကနေ ပေါင် ၅၈ သန်းနဲ့ ဂျူဗင်တပ်ကို ရောက်ရှိလာခဲ့တာပါ။
ဂျူဗင်တပ်ကိုမရောက်ခင် သူ့ရဲ့ကစားသမားဘဝမှာ
ချန်ပီယံလိဂ်မှာ ကစားဖို့ဆိုတာကို အိပ်မက်ပဲ မက်နိုင်ခဲ့တာပါ။
ဒါပေမဲ့လည်း ဗလာဟိုဗစ်ဟာ သူ့ရဲ့ချန်ပီယံလိဂ်ပွဲဦးထွက်မှာ
ဂိုးရဖို့အတွက် တစ်မိနစ်တောင် မစောင့်လိုက်ရဘဲ
စက္ကန့် ၃၀ ကျော်လေးနဲ့ သွင်းနိုင်ခဲ့ပါတယ်။
ပွဲစစချင်း ၃၃ စက္ကန့်မှာတင် ဗလာဟိုဗစ်ဟာ
ပြိုင်ဘက်နောက်ခံလူနှစ်ယောက်ကာထားတဲ့ကြားကနေ
ဂိုးတိုင်ထောင့်ထဲကန်သွင်းပြီး ဂျူဗင်တပ်အတွက် ဦးဆောင်ဂိုးဖြစ်စေခဲ့တာပါ။
လုံးဝမထင်မှတ်ထားတဲ့အနေအထားကနေ သွင်းယူခဲ့တာဖြစ်ပါတယ်။
ဒါကြောင့်လည်း ဗလာဟိုဗစ်ဟာ ချန်ပီယံလိဂ်သမိုင်းတစ်လျှောက်
ပွဲဦးထွက် အမြန်ဆုံးဂိုးသွင်းသူ ဖြစ်လာခဲ့ပါတယ်။
ဒ့ါအပြင် သူဟာ ၂၂ နှစ် ၂၅ ရက်နဲ့ ဂျူဗင်တပ်ရဲ့ချန်ပီယံလိဂ်သမိုင်းမှာလည်း
ပွဲဦးထွက်ဂိုးသွင်းတဲ့ ဒုတိယအသက်ငယ်ဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။
“ကျွန်တော့်ရဲ့ပွဲဦးထွက်မှာ ဂိုးသွင်းနိုင်တာဟာ ကြီးမားခဲ့ပါတယ်။
အရမ်းကို စိတ်ခံစားမှုဖြစ်ခဲ့တာပါ။ အနိုင်မရခဲ့တာကြောင့်
ရာနှုန်းပြည့်တော့ မကျေနပ်နိုင်ပါဘူး”လို့ အရင်က ဥရောပအတွေ့အကြုံဆိုလို့
၁၆ နှစ်အရွယ် ပါတီဇန်ဘဲလ်ဂရိတ်မှာ ယူရိုပါလိဂ်ခြေစစ်ပွဲပဲကစားဖူးတဲ့
ဗလာဟိုဗစ်က ပြောကြားခဲ့တာပါ။
zawgyi
ခ်န္ပီယံလိဂ္သမိုင္းတစ္ေလွ်ာက္ ပြဲဦးထြက္ အျမန္ဆုံးဂိုးသြင္းသူ ျဖစ္လာခဲ့တဲ့ ဗလာဟိုဗစ္
ဗီလာရီးရဲလ္နဲ႔ သေရက်ခဲ့တဲ့ ခ်န္ပီယံလိဂ္ ၁၆ သင္းရႈံးထြက္အဆင့္
ပထမအေက်ာ့အေဝးကြင္းပြဲစဥ္မွာ ဂ်ဴဗင္တပ္တိုက္စစ္မႈးဗလာဟိုဗစ္ဟာ
ခ်န္ပီယံလိဂ္စံခ်ိန္တစ္ရပ္ကို ရယူႏိုင္ခဲ့ပါတယ္။
၂၂ ႏွစ္အ႐ြယ္ အဲဒီဆားဘီးယားသားဟာ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေ႐ႊ႕ကမွ
ဖီအိုရင္တီးနားကေန ေပါင္ ၅၈ သန္းနဲ႔ ဂ်ဴဗင္တပ္ကို ေရာက္ရွိလာခဲ့တာပါ။
ဂ်ဴဗင္တပ္ကိုမေရာက္ခင္ သူ႔ရဲ႕ကစားသမားဘဝမွာ
ခ်န္ပီယံလိဂ္မွာ ကစားဖို႔ဆိုတာကို အိပ္မက္ပဲ မက္ႏိုင္ခဲ့တာပါ။
ဒါေပမဲ့လည္း ဗလာဟိုဗစ္ဟာ သူ႔ရဲ႕ခ်န္ပီယံလိဂ္ပြဲဦးထြက္မွာ
ဂိုးရဖို႔အတြက္ တစ္မိနစ္ေတာင္ မေစာင့္လိုက္ရဘဲ
စကၠန႔္ ၃၀ ေက်ာ္ေလးနဲ႔ သြင္းႏိုင္ခဲ့ပါတယ္။
ပြဲစစခ်င္း ၃၃ စကၠန႔္မွာတင္ ဗလာဟိုဗစ္ဟာ
ၿပိဳင္ဘက္ေနာက္ခံလူႏွစ္ေယာက္ကာထားတဲ့ၾကားကေန
ဂိုးတိုင္ေထာင့္ထဲကန္သြင္းၿပီး ဂ်ဴဗင္တပ္အတြက္ ဦးေဆာင္ဂိုးျဖစ္ေစခဲ့တာပါ။
လုံးဝမထင္မွတ္ထားတဲ့အေနအထားကေန သြင္းယူခဲ့တာျဖစ္ပါတယ္။
ဒါေၾကာင့္လည္း ဗလာဟိုဗစ္ဟာ ခ်န္ပီယံလိဂ္သမိုင္းတစ္ေလွ်ာက္
ပြဲဦးထြက္ အျမန္ဆုံးဂိုးသြင္းသူ ျဖစ္လာခဲ့ပါတယ္။
ဒ့ါအျပင္ သူဟာ ၂၂ ႏွစ္ ၂၅ ရက္နဲ႔ ဂ်ဴဗင္တပ္ရဲ႕ခ်န္ပီယံလိဂ္သမိုင္းမွာလည္း
ပြဲဦးထြက္ဂိုးသြင္းတဲ့ ဒုတိယအသက္ငယ္ဆုံးကစားသမားျဖစ္လာခဲ့ပါတယ္။
“ကြၽန္ေတာ့္ရဲ႕ပြဲဦးထြက္မွာ ဂိုးသြင္းႏိုင္တာဟာ ႀကီးမားခဲ့ပါတယ္။
အရမ္းကို စိတ္ခံစားမႈျဖစ္ခဲ့တာပါ။ အႏိုင္မရခဲ့တာေၾကာင့္
ရာႏႈန္းျပည့္ေတာ့ မေက်နပ္ႏိုင္ပါဘူး”လို႔ အရင္က ဥေရာပအေတြ႕အႀကဳံဆိုလို႔
၁၆ ႏွစ္အ႐ြယ္ ပါတီဇန္ဘဲလ္ဂရိတ္မွာ ယူ႐ိုပါလိဂ္ေျခစစ္ပြဲပဲကစားဖူးတဲ့
ဗလာဟိုဗစ္က ေျပာၾကားခဲ့တာပါ။