ချန်ပီယံလိဂ်သမိုင်းကြောင်းတစ်လျှောက်အမြန်ဆုံး ဟက်ထရစ်ဂိုးသွင်းနိုင်ခဲ့တဲ့ မိုဆာလက်

လီဗာပူးတိုက်စစ်မှူးဆာလက်ဟာ ရိန်းဂျားစ်နဲ့ချန်ပီယံလိဂ်ပွဲစဉ်မှာ အရံခုန်ကထလာပြီး ပြိုင်ပွဲသမိုင်းကြောင်းတစ်လျှောက်အမြန်ဆုံးဟက်ထရစ်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။

ရိန်းဂျားစ်ကို ၇-၁ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ဒါဝင်းနူးနက်ဇ်နေရာကို လူစားဝင်ရောက်ခဲ့တဲ့ ဆာလက်က ၆ မိနစ်နဲ့ ၁၂ စက္ကန့်အတွင်း သွင်းဂိုး ၃ဂိုး ရယူနိုင်ခဲ့တာဖြစ်တယ်။

ဒီရာသီမှာ သွင်းဂိုးတွေအတွက်ရုန်းကန်နေရတဲ့ ဆာလက်ဟာ ရိန်းဂျားစ်ဘက်ကို ၃ဂိုး သွင်းနိုင်ခဲ့လို့ သွင်းဂိုး ၈ဂိုး အထိစုဆောင်းနိုင်ခဲ့ပြီဖြစ်တယ်။

ဆာလက်ပြန်လာနိုင်တာနဲ့ပတ်သတ်လို့ လီဗာပူးပရိသတ်တွေက တွစ်တာမှာ ချီးကျူးမှုတွေ လုပ်သွားခဲ့ကြပါတယ်။

“ယာယီပုံစံဖြစ်ပေမဲ့ အဆင့်အတန်းကတော့ အမြဲတမ်းပါ” လို့ ပရိသတ်တစ်ယောက် ကရေးသားခဲ့သလို “ငါ့ကောင်ကြီး ပြန်လာပြီ”၊ “ဘုရင်ကြီးကို လေးစားပါ” လို့ အသီးသီးမှတ်ချက်ပေးသွားခဲ့ပါတယ်။

ရိန်းဂျားစ်က အာဖီးလ်ရဲ့ဂိုးနဲ့ပွဲကို စတင်ဦးဆောင်ခဲ့ပေမဲ့ လီဗာပူးကပြင်းထန်တဲ့ပေါက်ကွဲအားနဲ့အတူ ၇ ဂိုး အထိရယူ ပြခဲ့ပြီး ဇယားထိပ်ဆုံးက နာပိုလီနဲ့အတူ နောက်တစ်ဆင့်တက်ဖို့ အခြေအနေကောင်း ပိုင်ဆိုင်သွားခဲ့ပါတယ်။

လီဗာပူးဟာ လာမယ့်ချန်ပီယံလိဂ်ပွဲစဉ် မှာ အေဂျက်ကို အဝေးကွင်းသွားရောက်ရင်ဆိုင်ရဖို့ရှိနေပါတယ်။

(Zawgyi)

ခ်န္ပီယံလိဂ္သမိုင္းေၾကာင္းတစ္ေလွ်ာက္အျမန္ဆုံး ဟက္ထရစ္ဂိုးသြင္းႏိုင္ခဲ့တဲ့ မိုဆာလက္

လီဗာပူးတိုက္စစ္မႉးဆာလက္ဟာ ရိန္းဂ်ားစ္နဲ႔ခ်န္ပီယံလိဂ္ပြဲစဥ္မွာ အရံခုန္ကထလာၿပီး ၿပိဳင္ပြဲသမိုင္းေၾကာင္းတစ္ေလွ်ာက္အျမန္ဆုံးဟက္ထရစ္ဂိုးကို သြင္းယူႏိုင္ခဲ့ပါတယ္။

ရိန္းဂ်ားစ္ကို ၇-၁ဂိုးနဲ႔ အႏိုင္ရတဲ့ပြဲမွာ ဒါဝင္းႏူးနက္ဇ္ေနရာကို လူစားဝင္ေရာက္ခဲ့တဲ့ ဆာလက္က ၆ မိနစ္နဲ႔ ၁၂ စကၠန႔္အတြင္း သြင္းဂိုး ၃ဂိုး ရယူႏိုင္ခဲ့တာျဖစ္တယ္။

ဒီရာသီမွာ သြင္းဂိုးေတြအတြက္႐ုန္းကန္ေနရတဲ့ ဆာလက္ဟာ ရိန္းဂ်ားစ္ဘက္ကို ၃ဂိုး သြင္းႏိုင္ခဲ့လို႔ ၈ဂိုး အထိစုေဆာင္းႏိုင္ခဲ့ၿပီျဖစ္တယ္။

ဆာလက္ျပန္လာႏိုင္တာနဲ႔ပတ္သတ္လို႔ ပရိသတ္ေတြက တြစ္တာမွာ ခ်ီးက်ဴးမႈေတြလုပ္သြားခဲ့ၾကပါတယ္။ “ယာယီပုံစံျဖစ္ေပမဲ့ အဆင့္အတန္းကေတာ့ အၿမဲတမ္းပါ” လို႔ ပရိသတ္တစ္ေယာက္ ကေရးသားခဲ့သလို “ငါ့ေကာင္ႀကီး ျပန္လာၿပီ”၊ “ဘုရင္ႀကီးကို ေလးစားပါ” လို႔ အသီးသီးမွတ္ခ်က္ေပးသြားခဲ့ပါတယ္။

ရိန္းဂ်ားစ္က အာဖီးလ္ရဲ႕ဂိုးနဲ႔ပြဲကို စတင္ဦးေဆာင္ခဲ့ေပမဲ့ လီဗာပူးကျပင္းထန္တဲ့ေပါက္ကြဲအားနဲ႔အတူ ၇ ဂိုး အထိရယူ ျပခဲ့ၿပီး ဇယားထိပ္ဆုံးက နာပိုလီနဲ႔အတူ ေနာက္တစ္ဆင့္တက္ဖို႔ အေျခအေနေကာင္း ပိုင္ဆိုင္သြားခဲ့ပါတယ္။

လီဗာပူးဟာ လာမယ့္ခ်န္ပီယံလိဂ္ပြဲစဥ္ မွာ ေအဂ်က္ကို အေဝးကြင္းသြားေရာက္ရင္ဆိုင္ရဖို႔ရွိေနပါတယ္။