ချန်ပီယံလိဂ်ဝင်ခွင့် = ပေါင် ၅ သိန်း

အာဆင်နယ်ကစားသမားများဟာ၂၀၁၇ခုနှစ်နောက်ပိုင်းပထမဆုံးအကြိမ်အဖြစ်

ကလပ်ကိုချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင်စွမ်းဆောင်နိုင်ပါကအပိုဆုကြေးငွေ

ပေါင်၅၀၀၀၀၀အထိရရှိလာမှာဖြစ်ကြောင်းသိရပါတယ်။မီခေးလ်အာတီတာဦးဆောင်တဲ့

အာဆင်နယ်ဟာပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်၄နေရာမှာရပ်တည်နေပါတယ်။

၎င်းတို့ဟာယူနိုက်တက်ကိုရမှတ်၁မှတ်ဖြတ်ထားတဲ့အပြင်သုံးပွဲလျှော့ကစားထားပါသေးတယ်။

အာဆင်နယ်ဟာချန်ပီယံလိဂ်ဝင်ခွင့်ရရှိပါကဆုကြေးငွေပေါင်သန်း၅၀ရရှိလာမယ့်အပြင်

ရုပ်သံလွှင့်ခဝင်ငွေ၊လက်မှတ်ရောင်းချမှုဝင်ငွေလည်းမြင့်မားလာပါတယ်။ ကလပ်ရဲ့

ဝင်ငွေများပြားလာမယ့်အခြေအနေနှင့်အတူအာဆင်နယ်ကစားသမားများမှာလည်း

လုပ်ခတိုးမြှင့်ရရှိလာကြပါမယ်။ အာဆင်နယ်ကစားသမားတစ်ဦးချင်းစီတိုင်းဟာ

ချန်ပီယံလိဂ်ဝင်ခွင့်ရရှိလျှင်အပိုဆုကြေးပေါင်၅၀၀၀၀၀စီရရှိပါမယ်။

ဒါ့အပြင်ကစားသမားအချို့တို့ဟာလည်းစာချုပ်ပါအချက်ကြောင့်

ချန်ပီယံလိဂ်ဝင်ခွင့်ရရှိလျှင်လုပ်ခအလိုအလျှောက်မြင့်တက်လာပါမယ်။


ဒါ့အပြင်အာဆင်နယ်အတွက်ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရေးမှာဘူကာယိုဆာကာကဲ့သို့

လူငယ်ပါရမီရှင်ကစားသမားမျိုးကို အသင်းမှာထိန်းသိမ်းထားနိုင်ရေးအတွက်လည်း

အလွန်အရေးကြီးနေပါတယ်။ တဖက်တွင်အာဆင်နယ်ဟာချန်ပီယံလိဂ်ဝင်ခွင့်ရရှိလျှင်

နွေရာသီမှာအသင်းကိုအကြီးအကျယ်အားဖြည့်မှုပြုလုပ်လာဖို့ရှိနေပါတယ်။

၎င်းတို့ဟာနွေရာသီမှာထိပ်တန်းတိုက်စစ်မှူးနှစ်ဦး၊အလယ်တန်းတိုက်စစ်သမားတစ်ဦးနှင့်

ဗဟိုခံစစ်မှူးတစ်ဦးတို့ခေါ်ယူရန်စီစဉ်နေပါတယ်။

Zawgyi

ခ်န္ပီယံလိဂ္၀င္ခြင့္ = ေပါင္ ၅ သိန္း
အာဆင္နယ္ကစားသမားမ်ားဟာ၂၀၁၇ခုႏွစ္ေနာက္ပိုင္းပထမဆုံးအႀကိမ္အျဖစ္

ကလပ္ကိုခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိေအာင္စြမ္းေဆာင္ႏိုင္ပါကအပိုဆုေၾကးေငြ

ေပါင္၅၀၀၀၀၀အထိရရွိလာမွာျဖစ္ေၾကာင္းသိရပါတယ္။မီေခးလ္အာတီတာဦးေဆာင္တဲ့

အာဆင္နယ္ဟာပရီးမီးယားလိဂ္အမွတ္ေပးဇယားအဆင့္၄ေနရာမွာရပ္တည္ေနပါတယ္။

 

၎တို႔ဟာယူႏိုက္တက္ကိုရမွတ္၁မွတ္ျဖတ္ထားတဲ့အျပင္သုံးပြဲေလွ်ာ့ကစားထားပါေသးတယ္။

အာဆင္နယ္ဟာခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိပါကဆုေၾကးေငြေပါင္သန္း၅၀ရရွိလာမယ့္အျပင္

႐ုပ္သံလႊင့္ခဝင္ေငြ၊လက္မွတ္ေရာင္းခ်မႈဝင္ေငြလည္းျမင့္မားလာပါတယ္။ ကလပ္ရဲ႕

ဝင္ေငြမ်ားျပားလာမယ့္အေျခအေနႏွင့္အတူအာဆင္နယ္ကစားသမားမ်ားမွာလည္း

လုပ္ခတိုးျမႇင့္ရရွိလာၾကပါမယ္။ အာဆင္နယ္ကစားသမားတစ္ဦးခ်င္းစီတိုင္းဟာ

ခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိလွ်င္အပိုဆုေၾကးေပါင္၅၀၀၀၀၀စီရရွိပါမယ္။

ဒါ့အျပင္ကစားသမားအခ်ိဳ႕တို႔ဟာလည္းစာခ်ဳပ္ပါအခ်က္ေၾကာင့္

ခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိလွ်င္လုပ္ခအလိုအေလွ်ာက္ျမင့္တက္လာပါမယ္။

ဒါ့အျပင္အာဆင္နယ္အတြက္ခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိေရးမွာဘူကာယိုဆာကာကဲ့သို႔

လူငယ္ပါရမီရွင္ကစားသမားမ်ိဳးကို အသင္းမွာထိန္းသိမ္းထားႏိုင္ေရးအတြက္လည္း

အလြန္အေရးႀကီးေနပါတယ္။ တဖက္တြင္အာဆင္နယ္ဟာခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိလွ်င္

ေႏြရာသီမွာအသင္းကိုအႀကီးအက်ယ္အားျဖည့္မႈျပဳလုပ္လာဖို႔ရွိေနပါတယ္။

၎တို႔ဟာေႏြရာသီမွာထိပ္တန္းတိုက္စစ္မႉးႏွစ္ဦး၊အလယ္တန္းတိုက္စစ္သမားတစ္ဦးႏွင့္

ဗဟိုခံစစ္မႉးတစ္ဦးတို႔ေခၚယူရန္စီစဥ္ေနပါတယ္။