ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ဘယ်တော့မှအရှုံးပေးမှာမဟုတ်ဘူးလို့ ပြိုင်ဘက်တွေကို သတိပေးလိုက်တဲ့ ဒဟေးယား

ယူနိုက်တက်အသင်းဂိုးသမား ဒဟေးယားက အသင်းရဲ့

တိုက်ပွဲဝင်စိတ်ဓာတ်ကို ချီးကျူးသွားခဲ့ပြီး မိမိတို့အသင်းအနေနဲ့
ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ကြိုးစားနေမှုနဲ့ပတ်သက်လို့ ဘယ်တော့မှ
လက်မြှောက်အရှုံးပေးသွားမှာမဟုတ်ဘူးလို့ အခိုင်အမာပြောပါတယ်။
ယူနိုက်တက်ဟာ ယနေ့ညက နောဝစ်ချ်ကို
အိုးထရက်ဖို့ဒ်မှာ ၃-၂ ဂိုးနဲ့အနိုင်ရခဲ့ပြီး

ရော်နယ်ဒိုက ယခုနှစ်အတွင်း သူ့အတွက်
ဒုတိယမြောက်ဟက်ထရစ်အဖြစ် ၃ဂိုးစလုံး သွင်းယူခဲ့ပါတယ်။
အသက် ၃၁ နှစ်အရွယ်ရှိ ဒဟေးယားကလည်း ယခုရာသီမှာ
ယူနိုက်တက်အသင်း ရုန်းကန်နေရပေမယ့် သူကတော့
ပရိသတ်ကြိုက်ကစားသမားတစ်ဦးအဖြစ် ရပ်တည်နေပြီး

ပွဲအများအပြားမှာ အထူးလက်စွမ်းပြနိုင်ခဲ့ပါတယ်။
ဒဟေးယားက မိမိတို့အသင်းဟာ နောဝစ်ချ်နဲ့ပွဲမှာ
ကစားပုံ မကောင်းခဲ့ပေမယ့် ချန်ပီယံလိဂ်ဝင်ခွင့်အတွက်
ကြိုးစားနေရာမှာ အခုရရှိခဲ့တဲ့ ၃ မှတ်က အရေးပါလာနိုင်တယ်လို့ ဆိုပါတယ်။
ဒီနိုင်ပွဲကလည်း ယူနိုက်တက်အတွက် အလှည့်အပြောင်း

ဖြစ်လာနိုင်ပြီး အထူးသဖြင့် ချန်ပီယံလိဂ်ဝင်ခွင့်အတွက်
အခြေအနေကောင်းနေတဲ့ စပါးနဲ့ အာဆင်နယ်တို့
အသီးသီးရှုံးနိမ့်ချိန်မှာ ယူနိုက်တက်က အနိုင်ရခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်ဟာ အာဆင်နယ်ကို ဂိုးကွာခြားချက်နဲ့
ကျော်ဖြတ်ကာ အဆင့် ၅ နေရာ ပြန်ရောက်လာပြီး

အဆင့် ၄ နေရာက စပါးနဲ့ ပွဲတူ ၃ မှတ်အကွာ၊
အာဆင်နယ်ထက် ၁ပွဲ ပိုကစားထားတာဖြစ်ပါတယ်။
”ကစားပုံ အရမ်းမကောင်းမှန်း ကျွန်တော်တို့ သိပေမယ့်
ဘယ်လိုပဲဖြစ်ဖြစ် ၃ မှတ်ရတာက ရတာပါပဲ။
အိမ်ကွင်းမှာ နောဝစ်ချ်ကို အခုထက်ပိုပြီး ထိန်းချုပ်ကစားနိုင်ခဲ့သင့်ပါတယ်။

ဒါပေမဲ့ ကျွန်တော်တို့အသင်းအတွက် ကြီးမားတဲ့နိုင်ပွဲဖြစ်ခဲ့ပါတယ်။
ကျွန်တော်တို့အသင်းအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့
အခွင့်အရေးရှိနေဆဲဖြစ်ပြီး ဒီအတွက်လည်း တိုက်ပွဲဝင်နေပါတယ်။
ကျွန်တော်တို့အနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့
နောက်ဆုံးစက္ကန့်ရောက်တဲ့အထိ တိုက်ပွဲဝင်သွားမှာပါ။

ကျွန်တော်တို့အသင်းအတွက် အကောင်းဆုံး
ဖြစ်ရပ်မဟုတ်မှန်း သိပေမယ့် အရေးကြီးဆုံးအရာကတော့
နိုင်ပွဲဖြစ်ပြီး အခုဆိုရင် ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့
အရင်ကထက်စာရင် ပိုနီးစပ်လာပါပြီ။
ပြိုင်ဘက်တွေက အမှတ်တွေ လျော့ကျနေလို့

ကျွန်တော်တို့အသင်း အနိုင်ရသွားချိန်မှာ အခွင့်အရေးရလာတာပါ”လို့ ဒဟေးယားက ပြောပါတယ်။
ယူနိုက်တက်ဟာ အင်္ဂါနေ့မှာ လီဗာပူးနဲ့
အဝေးကွင်းပွဲကျပ် ကစားရမှာဖြစ်ပါတယ်။
ချန်ပီယံဆုအတွက် တိုက်ပွဲဝင်နေတဲ့ လီဗာပူးဟာ
ယူနိုက်တက်ထက် ၁၉မှတ် ပိုများနေပြီး သမိုင်းဝင်

ဖလား ၄လုံး ရဖို့အတွက် အကောင်းဆုံးအနေအထားမှာ ရှိနေပါတယ်။

Zawgyi

ခ်န္ပီယံလိဂ္၀င္ခြင့္အတြက္ ဘယ္ေတာ့မွအရံႈးေပးမွာမဟုတ္ဘူးလုိ႔ ၿပိဳင္ဘက္ေတြကို သတိေပးလုိက္တဲ့ ဒေဟးယား

ယူႏိုက္တက္အသင္းဂိုးသမား ဒေဟးယားက အသင္းရဲ႕
တုိက္ပြဲ၀င္စိတ္ဓာတ္ကို ခ်ီးက်ဴးသြားခဲ့ၿပီး မိမိတို႔အသင္းအေနနဲ႔
ခ်န္ပီယံလိဂ္၀င္ခြင့္ရဖို႔ ႀကိဳးစားေနမႈနဲ႔ပတ္သက္လုိ႔ ဘယ္ေတာ့မွ
လက္ေျမႇာက္အရံႈးေပးသြားမွာမဟုတ္ဘူးလုိ႔ အခုိင္အမာေျပာပါတယ္။
ယူႏိုက္တက္ဟာ ယေန႔ညက ေနာ၀စ္ခ်္ကို

အိုးထရက္ဖို႔ဒ္မွာ ၃-၂ ဂိုးနဲ႔အႏိုင္ရခဲ့ၿပီး
ေရာ္နယ္ဒိုက ယခုႏွစ္အတြင္း သူ႕အတြက္
ဒုတိယေျမာက္ဟက္ထရစ္အျဖစ္ ၃ဂိုးစလုံး သြင္းယူခဲ့ပါတယ္။
အသက္ ၃၁ ႏွစ္အရြယ္ရွိ ဒေဟးယားကလည္း ယခုရာသီမွာ
ယူႏုိက္တက္အသင္း ရုန္းကန္ေနရေပမယ့္ သူကေတာ့

ပရိသတ္ႀကိဳက္ကစားသမားတစ္ဦးအျဖစ္ ရပ္တည္ေနၿပီး
ပြဲအမ်ားအျပားမွာ အထူးလက္စြမ္းျပႏိုင္ခဲ့ပါတယ္။
ဒေဟးယားက မိမိတုိ႔အသင္းဟာ ေနာ၀စ္ခ်္နဲ႔ပြဲမွာ
ကစားပုံ မေကာင္းခဲ့ေပမယ့္ ခ်န္ပီယံလိဂ္၀င္ခြင့္အတြက္
ႀကိဳးစားေနရာမွာ အခုရရွိခဲ့တဲ့ ၃ မွတ္က အေရးပါလာႏိုင္တယ္လုိ႔ ဆုိပါတယ္။

ဒီႏိုင္ပြဲကလည္း ယူႏုိက္တက္အတြက္ အလွည့္အေျပာင္း
ျဖစ္လာႏိုင္ၿပီး အထူးသျဖင့္ ခ်န္ပီယံလိဂ္၀င္ခြင့္အတြက္
အေျခအေနေကာင္းေနတဲ့ စပါးနဲ႔ အာဆင္နယ္တို႔
အသီးသီးရံႈးနိမ့္ခ်ိန္မွာ ယူႏုိက္တက္က အႏိုင္ရခဲ့တာျဖစ္ပါတယ္။
ယူႏုိက္တက္ဟာ အာဆင္နယ္ကို ဂိုးကြာျခားခ်က္နဲ႔

ေက်ာ္ျဖတ္ကာ အဆင့္ ၅ ေနရာ ျပန္ေရာက္လာၿပီး
အဆင့္ ၄ ေနရာက စပါးနဲ႔ ပြဲတူ ၃ မွတ္အကြာ၊
အာဆင္နယ္ထက္ ၁ပြဲ ပိုကစားထားတာျဖစ္ပါတယ္။
”ကစားပုံ အရမ္းမေကာင္းမွန္း ကၽြန္ေတာ္တုိ႔ သိေပမယ့္
ဘယ္လုိပဲျဖစ္ျဖစ္ ၃ မွတ္ရတာက ရတာပါပဲ။

အိမ္ကြင္းမွာ ေနာ၀စ္ခ်္ကို အခုထက္ပိုၿပီး ထိန္းခ်ဳပ္ကစားႏိုင္ခဲ့သင့္ပါတယ္။
ဒါေပမဲ့ ကၽြန္ေတာ္တုိ႔အသင္းအတြက္ ႀကီးမားတဲ့ႏိုင္ပြဲျဖစ္ခဲ့ပါတယ္။
ကၽြန္ေတာ္တုိ႔အသင္းအေနနဲ႔ ခ်န္ပီယံလိဂ္၀င္ခြင့္ရဖုိ႔
အခြင့္အေရးရွိေနဆဲျဖစ္ၿပီး ဒီအတြက္လည္း တုိက္ပြဲ၀င္ေနပါတယ္။
ကၽြန္ေတာ္တို႔အေနနဲ႔ ခ်န္ပီယံလိဂ္၀င္ခြင့္ရဖို႔

ေနာက္ဆုံးစကၠန္႔ေရာက္တဲ့အထိ တုိက္ပြဲ၀င္သြားမွာပါ။
ကၽြန္ေတာ္တုိ႔အသင္းအတြက္ အေကာင္းဆုံး
ျဖစ္ရပ္မဟုတ္မွန္း သိေပမယ့္ အေရးႀကီးဆုံးအရာကေတာ့
ႏိုင္ပြဲျဖစ္ၿပီး အခုဆုိရင္ ခ်န္ပီယံလိဂ္၀င္ခြင့္ရဖို႔
အရင္ကထက္စာရင္ ပိုနီးစပ္လာပါၿပီ။

ၿပိဳင္ဘက္ေတြက အမွတ္ေတြ ေလ်ာ့က်ေနလုိ႔
ကၽြန္ေတာ္တုိ႔အသင္း အႏိုင္ရသြားခ်ိန္မွာ အခြင့္အေရးရလာတာပါ”လုိ႔ ဒေဟးယားက ေျပာပါတယ္။
ယူႏုိက္တက္ဟာ အဂၤါေန႔မွာ လီဗာပူးနဲ႔
အေ၀းကြင္းပြဲက်ပ္ ကစားရမွာျဖစ္ပါတယ္။
ခ်န္ပီယံဆုအတြက္ တုိက္ပြဲ၀င္ေနတဲ့ လီဗာပူးဟာ

ယူႏုိက္တက္ထက္ ၁၉မွတ္ ပိုမ်ားေနၿပီး သမုိင္း၀င္
ဖလား ၄လုံး ရဖို႔အတြက္ အေကာင္းဆုံးအေနအထားမွာ ရွိေနပါတယ္။