
အသင်းတစ်သင်းဟာ နည်းပြတစ်ဦးရဲ့လက်ထဲမှာ အချိန်တွေကြာလာတာနဲ့အမျှ
ကစားသမားတွေ ကစားကွက်ပိုင်း၊ နည်းပြရဲ့နည်းဗျူဟာနဲ့
လိုက်လျောညီထွေဖြစ်အောင်ကစားနိုင်စွမ်းတွေ တိုးတက်သင့်ပါလျက်နဲ့
ယူနိုက်တက်အသင်းခြေစွမ်းက အခုအချိန်အထိ ယောင်တောင်တောင်ဖြစ်နေဆဲပဲ။
ယူနိုက်တက် ဘောလုံးအသင်းတစ်သင်းနဲ့မတူဘဲ
တစ်ခါမှတွဲမကစားဖူးတဲ့ ကစားသမား(၁၁)ယောက်ကို အခုမှပွဲထွက်သုံးသလိုမျိုး
တစ်ယောက်နဲ့တစ်ယောက်နားလည်မှုတွေမရှိသလောက် အားနည်းခဲ့ပြန်တယ်။
‘Gengenpressing’ဖခင်ကြီး ရန်နစ်ခ်လက်ထက်မှာ မြင်ရတာဆိုလို
ကစားသမားတွေ ဘာဖြစ်လို့ဖြစ်နေမှန်းမသိတဲ့ ပျာရိပျာယာပုံစံနဲ့
ကစားနေတာဖြစ်ပြီး ထိထိရောက်ရောက်
ကစားနိုင်လားဆိုတော့လည်း မဟုတ်ပြန်ဘူး။
ဒီပွဲက နှစ်သင်းစလုံးပြိုင်ညံ့တဲ့ပွဲလို့ပြောရမှာဖြစ်ပြီး
ဒုတိယပိုင်းမိနစ်(၆၀)ကျော်လောက်မှ ဝက်စ်ဟမ်းအသင်းရဲ့ကစားပုံကောင်းလာခဲ့တယ်။
ဝက်စ်ဟမ်းအသင်း Full Backs တွေဖြစ်တဲ့ ခရက်စ်ဝဲလ်နဲ့၊
ဆိုဖယ်လ်တို့ဟာ ယူနိုက်တက်တောင်ပံတိုက်စစ်သမား ဂရင်းဝုဒ်၊
အီလန်ဂါတို့ကို အေးအေးဆေးဆေးထိန်းချုပ်နိုင်ခဲ့ပြီး
လူငယ်လေး အီလန်ဂါ ဒီပွဲမှာခြေမပေါ်သလို ဂရင်းဝုဒ်ကတော့
ထုံးစံအတိုင်း မဖြစ်နိုင်တဲ့အနေအထားတွေကနေ
တစ်ကိုယ်ကောင်းဆန်ဆန်ဂိုးပေါက်ကန်သွင်းဖို့ကြိုးစားနေခဲ့လို့
ယူနိုက်တက်တောင်ပံတိုက်စစ်က ဘာမှကို လုပ်မရခဲ့ဘူး။
ယူနိုက်တက်အသင်းဟာ ပွဲကစားချိန်အတွင်း (၄-၃-၃)ပုံစံနဲ့
တွမ်မီနေးက Holding Midfielder ၊ ဖရက်ဒ်နဲ့ ဘရူနိုဖာနန်ဒက်စ်တို့က
ဘယ်ညာ No 8 Role နဲ့ကစားပေမယ့် တစ်ယောက်နဲ့တစ်ယောက်ကြားမှာ
Space က တစ်ဧကလောက်ဖြစ်နေတဲ့အပြင် ဝက်စ်ဟမ်းကွင်းလယ်လူ
ဒီကလန်ရိုက်စ်က အဲဒီ Space ကို အသုံးပြုချပြီးတော့
Box To Box ကစားခဲ့တာကြောင့် နောက်ဆုံးရှေးမူမပျက်
(၄-၂-၃-၁)နဲ့ပဲ ပြန်ဆော့ခဲ့ရပြန်တယ်။
ဒီပွဲမှာ ဝက်စ်ဟမ်းဘက်က လန်ဇီနီ၊ ဖော်နယ်လ်၊ ဘိုဝင်တို့ ည့ံနေလို့သာ
ယူနိုက်တက်ခံသာခဲ့ပြီး အန်တိုနီယိုနဲ့ ဒီကလန်ရိုက်စ်တို့ အကောင်းဆုံးကစားနိုင်ခဲ့တယ်။
ဒီကလန်ရိုက်စ်ကိုတော့ ယူနိုက်တက် မဖြစ်မနေခေါ်ရမှာဖြစ်သလို
ယူနိုက်တက်ကွင်းလယ်မှာ အဲဒီလို Box To Box ကို ပီပီပြင်ပြင်ကစားနိုင်တဲ့
Holding Midfielder တစ်ယောက် လိုကိုလိုနေပါပြီ။
ဒုတိယပိုင်းမှာတော့ ဂိုးရဖို့လိုနေတာကြောင့်
ရန်နစ်ခ်က ထူးထူးခြားခြားဆိုသလို (၄-၂-၄)ဆန်ဆန်ကစားကွက်နဲ့
တိုက်စစ်မှာ မာစီယဲလ်၊ ကာဗာနီ၊ စီရော်နယ်လ်ဒို၊ ရပ်ရှ်ဖို့ဒ်တို့ကို ထည့်သုံးခဲ့ပြီး
မာစီယဲလ်နဲ့ ကာဗာနီတို့အတွဲအဖက်ကြောင့်
ဘယ်ခြမ်းတိုက်စစ်လှုပ်လာပေမယ့်
ရပ်ရှ်ဖို့ဒ်က ညာခြမ်းမှာ ပါလို့ပါမှန်းတောင် မသိရပါဘူး။
ယူနိုက်တက်ကံကောင်းသွားတာက နာကျင်အချိန်ပိုနောက်ဆုံးမိနစ်မှာ
စီရော်နယ်လ်ဒိုကနေ မာစီယဲလ်၊ မာစီယဲလ်က
ပယ်နယ်တီဧရိယာဘယ်ခြမ်းထဲကို ပြေးဝင်လာတဲ့ ကာဗာနီကို ပေး၊
ကာဗာနီက ပြန်ချိုးပေးလိုက်တာက ရပ်ရှ်ဖို့ဒ်က ‘ကောက်စား’သွားတာဖြစ်ပြီး
ရပ်ရှ်ဖို့ဒ်လည်း အဲဒီဂိုးအပါအဝင် လူစားဝင်ကစားတဲ့မိနစ်(၃၀)အတွင်း
ဘောလုံးထိချက်(၁၀)ချက်တောင်ပြည့်ရဲ့လားမသိပါဘူး။
ဒါပေမဲ့လည်း အခုအချိန်မှာ ယူနိုက်တက်အသင်းက (၃၈)မှတ်နဲ့
အဆင့်(၄)နေရာရောက်လာပြီဖြစ်လို့ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့
မျှော်လင့်ချက် ပိုအားကောင်းလာပြီဖြစ်ပါတယ်။
zawgyi
ခ်န္ပီယံလိဂ္ဝင္ခြင့္ရဖို႔ေမွ်ာ္လင့္ခ်က္ ပိုအားေကာင္းလာၿပီျဖစ္တဲ့ ယူႏိုက္တက္
အသင္းတစ္သင္းဟာ နည္းျပတစ္ဦးရဲ႕လက္ထဲမွာ အခ်ိန္ေတြၾကာလာတာနဲ႔အမွ်
ကစားသမားေတြ ကစားကြက္ပိုင္း၊ နည္းျပရဲ႕နည္းဗ်ဴဟာနဲ႔
လိုက္ေလ်ာညီေထြျဖစ္ေအာင္ကစားႏိုင္စြမ္းေတြ တိုးတက္သင့္ပါလ်က္နဲ႔
ယူႏိုက္တက္အသင္းေျခစြမ္းက အခုအခ်ိန္အထိ ေယာင္ေတာင္ေတာင္ျဖစ္ေနဆဲပဲ။
ယူႏိုက္တက္ ေဘာလုံးအသင္းတစ္သင္းနဲ႔မတူဘဲ
တစ္ခါမွတြဲမကစားဖူးတဲ့ ကစားသမား(၁၁)ေယာက္ကို အခုမွပြဲထြက္သုံးသလိုမ်ိဳး
တစ္ေယာက္နဲ႔တစ္ေယာက္နားလည္မႈေတြမရွိသေလာက္ အားနည္းခဲ့ျပန္တယ္။
‘Gengenpressing’ဖခင္ႀကီး ရန္နစ္ခ္လက္ထက္မွာ ျမင္ရတာဆိုလို
ကစားသမားေတြ ဘာျဖစ္လို႔ျဖစ္ေနမွန္းမသိတဲ့ ပ်ာရိပ်ာယာပုံစံနဲ႔
ကစားေနတာျဖစ္ၿပီး ထိထိေရာက္ေရာက္
ကစားႏိုင္လားဆိုေတာ့လည္း မဟုတ္ျပန္ဘူး။
ဒီပြဲက ႏွစ္သင္းစလုံးၿပိဳင္ညံ့တဲ့ပြဲလို႔ေျပာရမွာျဖစ္ၿပီး
ဒုတိယပိုင္းမိနစ္(၆၀)ေက်ာ္ေလာက္မွ ဝက္စ္ဟမ္းအသင္းရဲ႕ကစားပုံေကာင္းလာခဲ့တယ္။
ဝက္စ္ဟမ္းအသင္း Full Backs ေတြျဖစ္တဲ့ ခရက္စ္ဝဲလ္နဲ႔၊
ဆိုဖယ္လ္တို႔ဟာ ယူႏိုက္တက္ေတာင္ပံတိုက္စစ္သမား ဂရင္းဝုဒ္၊
အီလန္ဂါတို႔ကို ေအးေအးေဆးေဆးထိန္းခ်ဳပ္ႏိုင္ခဲ့ၿပီး
လူငယ္ေလး အီလန္ဂါ ဒီပြဲမွာေျခမေပၚသလို ဂရင္းဝုဒ္ကေတာ့
ထုံးစံအတိုင္း မျဖစ္ႏိုင္တဲ့အေနအထားေတြကေန
တစ္ကိုယ္ေကာင္းဆန္ဆန္ဂိုးေပါက္ကန္သြင္းဖို႔ႀကိဳးစားေနခဲ့လို႔
ယူႏိုက္တက္ေတာင္ပံတိုက္စစ္က ဘာမွကို လုပ္မရခဲ့ဘူး။
ယူႏိုက္တက္အသင္းဟာ ပြဲကစားခ်ိန္အတြင္း (၄-၃-၃)ပုံစံနဲ႔
တြမ္မီေနးက Holding Midfielder ၊ ဖရက္ဒ္နဲ႔ ဘ႐ူႏိုဖာနန္ဒက္စ္တို႔က
ဘယ္ညာ No 8 Role နဲ႔ကစားေပမယ့္ တစ္ေယာက္နဲ႔တစ္ေယာက္ၾကားမွာ
Space က တစ္ဧကေလာက္ျဖစ္ေနတဲ့အျပင္ ဝက္စ္ဟမ္းကြင္းလယ္လူ
ဒီကလန္႐ိုက္စ္က အဲဒီ Space ကို အသုံးျပဳခ်ၿပီးေတာ့
Box To Box ကစားခဲ့တာေၾကာင့္ ေနာက္ဆုံးေရွးမူမပ်က္
(၄-၂-၃-၁)နဲ႔ပဲ ျပန္ေဆာ့ခဲ့ရျပန္တယ္။
ဒီပြဲမွာ ဝက္စ္ဟမ္းဘက္က လန္ဇီနီ၊ ေဖာ္နယ္လ္၊ ဘိုဝင္တို႔ ည့ံေနလို႔သာ
ယူႏိုက္တက္ခံသာခဲ့ၿပီး အန္တိုနီယိုနဲ႔ ဒီကလန္႐ိုက္စ္တို႔ အေကာင္းဆုံးကစားႏိုင္ခဲ့တယ္။
ဒီကလန္႐ိုက္စ္ကိုေတာ့ ယူႏိုက္တက္ မျဖစ္မေနေခၚရမွာျဖစ္သလို
ယူႏိုက္တက္ကြင္းလယ္မွာ အဲဒီလို Box To Box ကို ပီပီျပင္ျပင္ကစားႏိုင္တဲ့
Holding Midfielder တစ္ေယာက္ လိုကိုလိုေနပါၿပီ။
ဒုတိယပိုင္းမွာေတာ့ ဂိုးရဖို႔လိုေနတာေၾကာင့္
ရန္နစ္ခ္က ထူးထူးျခားျခားဆိုသလို (၄-၂-၄)ဆန္ဆန္ကစားကြက္နဲ႔
တိုက္စစ္မွာ မာစီယဲလ္၊ ကာဗာနီ၊ စီေရာ္နယ္လ္ဒို၊ ရပ္ရွ္ဖို႔ဒ္တို႔ကို ထည့္သုံးခဲ့ၿပီး
မာစီယဲလ္နဲ႔ ကာဗာနီတို႔အတြဲအဖက္ေၾကာင့္
ဘယ္ျခမ္းတိုက္စစ္လႈပ္လာေပမယ့္
ရပ္ရွ္ဖို႔ဒ္က ညာျခမ္းမွာ ပါလို႔ပါမွန္းေတာင္ မသိရပါဘူး။
ယူႏိုက္တက္ကံေကာင္းသြားတာက နာက်င္အခ်ိန္ပိုေနာက္ဆုံးမိနစ္မွာ
စီေရာ္နယ္လ္ဒိုကေန မာစီယဲလ္၊ မာစီယဲလ္က
ပယ္နယ္တီဧရိယာဘယ္ျခမ္းထဲကို ေျပးဝင္လာတဲ့ ကာဗာနီကို ေပး၊
ကာဗာနီက ျပန္ခ်ိဳးေပးလိုက္တာက ရပ္ရွ္ဖို႔ဒ္က ‘ေကာက္စား’သြားတာျဖစ္ၿပီး
ရပ္ရွ္ဖို႔ဒ္လည္း အဲဒီဂိုးအပါအဝင္ လူစားဝင္ကစားတဲ့မိနစ္(၃၀)အတြင္း
ေဘာလုံးထိခ်က္(၁၀)ခ်က္ေတာင္ျပည့္ရဲ႕လားမသိပါဘူး။
ဒါေပမဲ့လည္း အခုအခ်ိန္မွာ ယူႏိုက္တက္အသင္းက (၃၈)မွတ္နဲ႔
အဆင့္(၄)ေနရာေရာက္လာၿပီျဖစ္လို႔ ခ်န္ပီယံလိဂ္ဝင္ခြင့္ရဖို႔
ေမွ်ာ္လင့္ခ်က္ ပိုအားေကာင္းလာၿပီျဖစ္ပါတယ္။