ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ မိမိတို့အသင်း ရေပန်းစားခြင်းမရှိဘူးလို့ ရန်းနစ် ဖွင့်ဟ

လက်စတာအသင်းနဲ့ ၁-၁ ဂိုးသရေကျကာ အဆင့် ၇ နေရာ

ဆင်းခဲ့ရပြီးနောက် ယူနိုက်တက်အသင်းနည်းပြ ရန်းနစ်က
မိမိတို့အသင်းအနေနဲ့ ယခုရာသီအကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့
ရေပန်းစားခြင်းမရှိဘူးလို့ ဖွင့်ဟလိုက်ပါတယ်။
ယူနိုက်တက်ဟာ ရာသီကုန်ဖို့ ၈ပွဲပဲ လိုတော့ချိန်မှာ
အဆင့် ၄ နေရာက စပါးနဲ့ ပွဲတူ ၃ မှတ်လျော့၊

အဆင့် ၅ နေရာက အာဆင်နယ်နဲ့ ၂ပွဲပို၊ ၃ မှတ်လျော့နည်းနေပါတယ်။
”အပတ်တိုင်း အမှတ်ပေးဇယားကို ကြည့်ပြီး
အမှတ် ဘယ်လောက်လိုအပ်လဲ၊
ဘာတွေဖြစ်နိုင်လဲဆိုတာတွေက အလုပ်မဖြစ်ပါဘူး။
အခုချိန်မှာ ကျွန်တော်တို့အသင်းဟာ

ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ရေပန်းမစားတာ သေချာပါတယ်။
ကျွန်တော်က ကံကြမ္မာအကြောင်း ပြောတတ်သူမဟုတ်ပါဘူး။
ဒီတော့ နောက်ရာသီ ယူနိုက်တက်အသင်း ဘယ်ပြိုင်ပွဲမှာ
ကစားရမလဲဆိုတာ အခုချိန် မသိပါဘူး။
ကျွန်တော့်ရဲ့အလုပ်၊ ကျွန်တော်တို့ရဲ့အလုပ်က

ဒီရာသီကို အတတ်နိုင်ဆုံး အမြင့်ဆုံးအနေအထားနဲ့
ပိတ်သိမ်းနိုင်ဖို့ ကြိုးစားရေးပဲဖြစ်ပါတယ်”လို့ ရန်းနစ်က ပြောပါတယ်။
ယူနိုက်တက်ဟာ စနေနေ့မှာ အဲဗာတန်နဲ့အဝေးကွင်းပွဲ
ကစားရမှာဖြစ်ပြီး အခုချိန်မှာ ၃ မှတ်ရဖို့ပဲ
အာရုံစိုက်ထားတယ်လို့ ပြောပါတယ်။

Zawgyi

ခ်န္ပီယံလိဂ္၀င္ခြင့္ရဖို႔ မိမိတုိ႔အသင္း ေရပန္းစားျခင္းမရွိဘူးလုိ႔ ရန္းနစ္ ဖြင့္ဟ
လက္စတာအသင္းနဲ႔ ၁-၁ ဂိုးသေရက်ကာ အဆင့္ ၇ ေနရာ

ဆင္းခဲ့ရၿပီးေနာက္ ယူႏုိက္တက္အသင္းနည္းျပ ရန္းနစ္က
မိမိတို႔အသင္းအေနနဲ႔ ယခုရာသီအကုန္မွာ ခ်န္ပီယံလိဂ္၀င္ခြင့္ရဖို႔
ေရပန္းစားျခင္းမရွိဘူးလုိ႔ ဖြင့္ဟလုိက္ပါတယ္။
ယူႏုိက္တက္ဟာ ရာသီကုန္ဖို႔ ၈ပြဲပဲ လိုေတာ့ခ်ိန္မွာ
အဆင့္ ၄ ေနရာက စပါးနဲ႔ ပြဲတူ ၃ မွတ္ေလ်ာ့၊

အဆင့္ ၅ ေနရာက အာဆင္နယ္နဲ႔ ၂ပြဲပို၊ ၃ မွတ္ေလ်ာ့နည္းေနပါတယ္။
”အပတ္တုိင္း အမွတ္ေပးဇယားကို ၾကည့္ၿပီး
အမွတ္ ဘယ္ေလာက္လုိအပ္လဲ၊
ဘာေတြျဖစ္ႏိုင္လဲဆုိတာေတြက အလုပ္မျဖစ္ပါဘူး။
အခုခ်ိန္မွာ ကၽြန္ေတာ္တုိ႔အသင္းဟာ

ခ်န္ပီယံလိဂ္၀င္ခြင့္အတြက္ ေရပန္းမစားတာ ေသခ်ာပါတယ္။
ကၽြန္ေတာ္က ကံၾကမၼာအေၾကာင္း ေျပာတတ္သူမဟုတ္ပါဘူး။
ဒီေတာ့ ေနာက္ရာသီ ယူႏုိက္တက္အသင္း ဘယ္ၿပိဳင္ပြဲမွာ
ကစားရမလဲဆုိတာ အခုခ်ိန္ မသိပါဘူး။
ကၽြန္ေတာ့္ရဲ႕အလုပ္၊ ကၽြန္ေတာ္တို႔ရဲ႕အလုပ္က

ဒီရာသီကို အတတ္ႏိုင္ဆုံး အျမင့္ဆုံးအေနအထားနဲ႔
ပိတ္သိမ္းႏိုင္ဖို႔ ႀကိဳးစားေရးပဲျဖစ္ပါတယ္”လုိ႔ ရန္းနစ္က ေျပာပါတယ္။
ယူႏုိက္တက္ဟာ စေနေန႔မွာ အဲဗာတန္နဲ႔အေ၀းကြင္းပြဲ
ကစားရမွာျဖစ္ၿပီး အခုခ်ိန္မွာ ၃ မွတ္ရဖို႔ပဲ
အာရုံစုိက္ထားတယ္လုိ႔ ေျပာပါတယ္။