ချန်ပီယံလိဂ်ဝင်ခွင့်မှန်းနေတဲ့ မိုယက်စ်

ပြီးခဲ့တဲ့တနင်္ဂနွေညက အိမ်ကွင်းမှာ လီဗာပူးကို ၃-၂ နဲ့အနိုင်ရခဲ့ပြီးတဲ့နောက်

ဝက်စ်ဟမ်းနည်းပြဒေးဗစ်မိုယက်စ်ဟာ ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာကို

မျှော်မှန်းနေပါတယ်။


ဂိုးသမားအယ်လစ်ဆန်ရဲ့ကိုယ့်ဂိုးကိုယ်သွင်းမိမှု၊ ဖော်နယ်နဲ့ဇူးမားတို့ရဲ့သွင်းဂိုးတွေနဲ့

ဝက်စ်ဟမ်းဟာ လီဗာပူးကို အခုရာသီမှာ ပထမဆုံးရှုံးပွဲကြုံစေခဲ့တာပါ။
အဲဒီနိုင်ပွဲကြောင့်လည်း ဝက်စ်ဟမ်းဟာ အမှတ်ပေးဇယားမှာ လီဗာပူးကို

ကျော်တက်ပြီး တတိယနေရာရောက်လာကာ ထိပ်ဆုံးက ချဲလ်ဆီးနဲ့ ၃ မှတ်သာ

ကွာတော့တာပါ။
ပွဲအပြီးမှာ BBC က သူ့အသင်းဟာ ချန်ပီယံဆုစိန်ခေါ်နိုင်ပြီလားလို့ မေးမြန်းတော့

မိုယက်စ်က”အချိန်တိုင်းမှာ ကျွန်တော် တကယ်အပေါင်းလက္ခဏာဆန်ချင်ပါတယ်။

ကျွန်တော်တို့လုပ်နိုင်တယ်လို့ အဲဒီလိုပြောချင်တာပေါ့ဗျာ။ လောလောဆယ်တော့

အဲဒီလိုမမြင်ပါဘူး။ ကျွန်တော်တို့ဟာ ထိပ်ဆုံး ၄ နေရာကိုတော့ စိန်ခေါ်နိုင်ပါတယ်။

အခွင့်အရေးပေးမယ်ဆိုရင်ပေါ့လေ။ ပြီးခဲ့တဲ့ရာသီက ၂ မှတ်တည်းနဲ့ ချန်ပီယံလိဂ်

ဝင်ခွင့်လွဲချော်ခဲ့တာပါ။ ဘာကြောင့် မဖြစ်နိုင်ရမှာလဲ”ပြန်ဖြေခဲ့ပါတယ်။


မိုယက်စ်ရဲ့အသင်းဟာ ပရီးမီးယားလိဂ်မှာ နောက်ဆုံး ၄ ပွဲဆက်နိုင်ထားပြီး

ယူရိုပါလိဂ်မှာလည်း အုပ်စုအမှတ်ပေးဇယားကို အမှတ်ဖြတ်ဦးဆောင်နေတာပါ။

ဝက်စ်ဟမ်းဟာ နိုင်ငံတကာကြားဖြတ်အပြီး ပရီးမီးယားလိဂ်မှာ ဝုဗ်နဲ့

အဝေးကွင်းသွားရောက်ရင်ဆိုင်ရဖို့ ရှိပါတယ်။
မိုယက်စ်ဟာ မန်ယူကိုနည်းပြစဉ်က တစ်ရာသီအပြည့်အဝတောင် မခံခဲဘဲ

အထုတ်ခံခဲ့ရကာ အဲဒီနောက် ဆိုစီဒက်၊ ဆန်းဒါးလန်းနဲ့ ဝက်စ်ဟမ်းကို

ပထမအကြိမ်ကိုင်တွယ်တုန်းကလည်း အောင်မြင်မှု မရခဲ့ပါဘူး။
သူဟာ တစ်ကျော့ပြန်ဝက်စ်ဟမ်းနည်းပြဘဝမှာမှ ရလဒ်ကောင်းတွေ

ဆက်တိုက်ရယူနိုင်နေတာပါ။

Zawgyi

ခ်န္ပီယံလိဂ္ဝင္ခြင့္မွန္းေနတဲ့ မိုယက္စ္

ၿပီးခဲ့တဲ့တနဂၤေႏြညက အိမ္ကြင္းမွာ လီဗာပူးကို ၃-၂ နဲ႔အႏိုင္ရခဲ့ၿပီးတဲ့ေနာက္

ဝက္စ္ဟမ္းနည္းျပေဒးဗစ္မိုယက္စ္ဟာ ခ်န္ပီယံလိဂ္ဝင္ခြင့္တစ္ေနရာကို

ေမွ်ာ္မွန္းေနပါတယ္။
ဂိုးသမားအယ္လစ္ဆန္ရဲ႕ကိုယ့္ဂိုးကိုယ္သြင္းမိမႈ၊ ေဖာ္နယ္နဲ႔ဇူးမားတို႔ရဲ႕သြင္းဂိုးေတြနဲ႔

ဝက္စ္ဟမ္းဟာ လီဗာပူးကို အခုရာသီမွာ ပထမဆုံးရႈံးပြဲႀကဳံေစခဲ့တာပါ။

အဲဒီႏိုင္ပြဲေၾကာင့္လည္း ဝက္စ္ဟမ္းဟာ အမွတ္ေပးဇယားမွာ လီဗာပူးကို

ေက်ာ္တက္ၿပီး တတိယေနရာေရာက္လာကာ ထိပ္ဆုံးက ခ်ဲလ္ဆီးနဲ႔ ၃ မွတ္သာ

ကြာေတာ့တာပါ။

ပြဲအၿပီးမွာ BBC က သူ႔အသင္းဟာ ခ်န္ပီယံဆုစိန္ေခၚႏိုင္ၿပီလားလို႔ ေမးျမန္းေတာ့

မိုယက္စ္က”အခ်ိန္တိုင္းမွာ ကြၽန္ေတာ္ တကယ္အေပါင္းလကၡဏာဆန္ခ်င္ပါတယ္။

ကြၽန္ေတာ္တို႔လုပ္ႏိုင္တယ္လို႔ အဲဒီလိုေျပာခ်င္တာေပါ့ဗ်ာ။ ေလာေလာဆယ္ေတာ့

အဲဒီလိုမျမင္ပါဘူး။ ကြၽန္ေတာ္တို႔ဟာ ထိပ္ဆုံး ၄ ေနရာကိုေတာ့ စိန္ေခၚႏိုင္ပါတယ္။

အခြင့္အေရးေပးမယ္ဆိုရင္ေပါ့ေလ။ ၿပီးခဲ့တဲ့ရာသီက ၂ မွတ္တည္းနဲ႔ ခ်န္ပီယံလိဂ္

ဝင္ခြင့္လြဲေခ်ာ္ခဲ့တာပါ။ ဘာေၾကာင့္ မျဖစ္ႏိုင္ရမွာလဲ”ျပန္ေျဖခဲ့ပါတယ္။
မိုယက္စ္ရဲ႕အသင္းဟာ ပရီးမီးယားလိဂ္မွာ ေနာက္ဆုံး ၄ ပြဲဆက္ႏိုင္ထားၿပီး

ယူ႐ိုပါလိဂ္မွာလည္း အုပ္စုအမွတ္ေပးဇယားကို အမွတ္ျဖတ္ဦးေဆာင္ေနတာပါ။
ဝက္စ္ဟမ္းဟာ ႏိုင္ငံတကာၾကားျဖတ္အၿပီး ပရီးမီးယားလိဂ္မွာ ဝုဗ္နဲ႔

အေဝးကြင္းသြားေရာက္ရင္ဆိုင္ရဖို႔ ရွိပါတယ္။
မိုယက္စ္ဟာ မန္ယူကိုနည္းျပစဥ္က တစ္ရာသီအျပည့္အဝေတာင္ မခံခဲဘဲ

အထုတ္ခံခဲ့ရကာ အဲဒီေနာက္ ဆိုစီဒက္၊ ဆန္းဒါးလန္းနဲ႔ ဝက္စ္ဟမ္းကို

ပထမအႀကိမ္ကိုင္တြယ္တုန္းကလည္း ေအာင္ျမင္မႈ မရခဲ့ပါဘူး။
သူဟာ တစ္ေက်ာ့ျပန္ဝက္စ္ဟမ္းနည္းျပဘဝမွာမွ ရလဒ္ေကာင္းေတြ

ဆက္တိုက္ရယူႏိုင္ေနတာပါ။