ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ပတ်သက်လို့ အရိုးသားဆုံးဖွင့်ဟလာတဲ့ မာတစ်

ယူနိုက်တက်အနေနဲ့ ရာသီအကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရရေးအတွက်

လက်ကျန်ပွဲတိုင်းနီးပါးကို အနိုင်ရဖို့ လိုအပ်လိမ့်မယ်လို့
ကွင်းလယ်လူ နီမန်ဂျာမာတစ်က ဝန်ခံလိုက်ပါတယ်။
ယူနိုက်တက်ဟာ ရာသီကုန်ဖို့ ၉ပွဲပဲ ကျန်တော့ချိန်မှာ
အဆင့် ၆ နေရာ ရောက်နေပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရ
နောက်ဆုံးနေရာဖြစ်တဲ့ အဆင့် ၄ နေရာက

အာဆင်နယ်နဲ့ ၄ မှတ်အထိ ကွာဟနေပါတယ်။
အာဆင်နယ်က ယူနိုက်တက်ထက် ၁ ပွဲလျော့ကစားထားသလို
နောက်ဆုံး ၇ပွဲမှာ ၆ပွဲအနိုင်ရတဲ့အထိ ခြေစွမ်းပြနေပါတယ်။
ယူနိုက်တက်ဟာ ပြီးခဲ့တဲ့နွေရာသီက ရော်နယ်ဒိုအပါအဝင်
နာမည်ကြီးကစားသမားတွေကို ခေါ်ယူခဲ့ပြီးနောက်

ယခုရာသီပရီးမီးယားလိဂ်ချန်ပီယံဆုကို
စိန်ခေါ်နိုင်လိမ့်မယ်လို့ သုံးသပ်ခံခဲ့ရပေမယ့်
မျှော်လင့်ထားသလိုဖြစ်မလာဘဲ ယခုအခါ
ရာသီသစ်ချန်ပီယံလိဂ်ဝင်ခွင့် ဆုံးရှုံးရနိုင်တဲ့အရေးနဲ့ ရင်ဆိုင်နေရပါတယ်။
ဒါပေမဲ့ စနေနေ့မှာ လက်စတာကို ဧည့်ခံကစားရမယ့်

ယူနိုက်တက်အနေနဲ့ ဘယ်တော့မှအရှုံးပေး
လက်လျှော့မှာမဟုတ်ဘဲ အဆုံးအထိ
တိုက်ပွဲဝင်သွားမယ်လို့ အခိုင်အမာပြောပါတယ်။
”ကျွန်တော်တို့အသင်း ထိပ်ဆုံး ၄သင်းစာရင်းဝင်ဖို့ လိုအပ်နေပါတယ်။
ဒါက အသင်းရဲ့ရည်မှန်းချက်ဖြစ်ပြီး အောင်မြင်ဖို့လည်း

အားလုံး ကြိုးစားသွားမှာပါ။
ကျွန်တော်တို့ လုပ်နိုင်လိမ့်မယ်လို့လည်း ထင်ပါတယ်။
ဒါပေမဲ့ ရာသီကုန်အထိ လက်ကျန်ပွဲတိုင်းနီးပါး
အနိုင်ရဖို့တော့ လိုအပ်နေပါတယ်။
ဒါကလည်း ဖြစ်နိုင်ခြေရှိတယ်လို့ ထင်ပါတယ်။

ဒီအတွက် အားလုံးကြိုးစားသွားမှာဖြစ်ပြီး အရှုံးလည်းပေးမှာမဟုတ်ပါဘူး”လို့
မာတစ်က ပြောကြားခဲ့ပါတယ်။
ယူနိုက်တက်ရဲ့လက်ကျန် ၉ပွဲအနက် အသင်းကြီးတွေဖြစ်တဲ့
လီဗာပူး၊ ချဲလ်ဆီး၊ အာဆင်နယ်တို့နဲ့ ကစားရဦးမှာဖြစ်ပြီး
ပွဲတိုင်းအနိုင်ရဖို့က ဖြစ်နိုင်ခြေနည်းနေပါတယ်။

ယူနိုက်တက်ဟာ တန်းမဆင်းရဖို့ ရုန်းကန်နေရတဲ့
အဲဗာတန်၊ နောဝစ်ချ်တို့နဲ့ ကစားရဦးမှာဖြစ်ပါတယ်။

Zawgyi

ခ်န္ပီယံလိဂ္၀င္ခြင့္နဲ႔ပတ္သက္လုိ႔ အရုိးသားဆုံးဖြင့္ဟလာတဲ့ မာတစ္
ယူႏုိက္တက္အေနနဲ႔ ရာသီအကုန္မွာ ခ်န္ပီယံလိဂ္၀င္ခြင့္ရေရးအတြက္
လက္က်န္ပြဲတုိုင္းနီးပါးကို အႏိုင္ရဖို႔ လုိအပ္လိမ့္မယ္လို႔
ကြင္းလယ္လူ နီမန္ဂ်ာမာတစ္က ၀န္ခံလုိက္ပါတယ္။
ယူႏုိက္တက္ဟာ ရာသီကုန္ဖို႔ ၉ပြဲပဲ က်န္ေတာ့ခ်ိန္မွာ

အဆင့္ ၆ ေနရာ ေရာက္ေနၿပီး ခ်န္ပီယံလိဂ္၀င္ခြင့္ရ
ေနာက္ဆုံးေနရာျဖစ္တဲ့ အဆင့္ ၄ ေနရာက
အာဆင္နယ္နဲ႔ ၄ မွတ္အထိ ကြာဟေနပါတယ္။
အာဆင္နယ္က ယူႏုိက္တက္ထက္ ၁ ပြဲေလ်ာ့ကစားထားသလုိ
ေနာက္ဆုံး ၇ပြဲမွာ ၆ပြဲအနိုင္ရတဲ့အထိ ေျခစြမ္းျပေနပါတယ္။

ယူႏုိက္တက္ဟာ ၿပီးခဲ့တဲ့ေႏြရာသီက ေရာ္နယ္ဒိုအပါအ၀င္
နာမည္ႀကီးကစားသမားေတြကို ေခၚယူခဲ့ၿပီးေနာက္
ယခုရာသီပရီးမီးယားလိဂ္ခ်န္ပီယံဆုကို
စိန္ေခၚႏုိင္လိမ့္မယ္လုိ႔ သုံးသပ္ခံခဲ့ရေပမယ့္
ေမွ်ာ္လင့္ထားသလုိျဖစ္မလာဘဲ ယခုအခါ

ရာသီသစ္ခ်န္ပီယံလိဂ္၀င္ခြင့္ ဆုံးရံႈးရႏိုင္တဲ့အေရးနဲ႔ ရင္ဆိုင္ေနရပါတယ္။
ဒါေပမ့ဲ စေနေန႔မွာ လက္စတာကို ဧည့္ခံကစားရမယ့္
ယူႏုိက္တက္အေနနဲ႔ ဘယ္ေတာ့မွအရံႈးေပး
လက္ေလွ်ာ့မွာမဟုတ္ဘဲ အဆုံးအထိ
တုိက္ပြဲ၀င္သြားမယ္လုိ႔ အခိုင္အမာေျပာပါတယ္။

”ကၽြန္ေတာ္တုိ႔အသင္း ထိပ္ဆုံး ၄သင္းစာရင္း၀င္ဖုိ႔ လိုအပ္ေနပါတယ္။
ဒါက အသင္းရဲ႕ရည္မွန္းခ်က္ျဖစ္ၿပီး ေအာင္ျမင္ဖို႔လည္း
အားလုံး ႀကိဳးစားသြားမွာပါ။
ကၽြန္ေတာ္တုိ႔ လုပ္ႏိုင္လိမ့္မယ္လုိ႔လည္း ထင္ပါတယ္။
ဒါေပမဲ့ ရာသီကုန္အထိ လက္က်န္ပြဲတုိင္းနီးပါး

အႏိုင္ရဖို႔ေတာ့ လိုအပ္ေနပါတယ္။
ဒါကလည္း ျဖစ္ႏိုင္ေျခရွိတယ္လုိ႔ ထင္ပါတယ္။
ဒီအတြက္ အားလုံးႀကိဳးစားသြားမွာျဖစ္ၿပီး အရံႈးလည္းေပးမွာမဟုတ္ပါဘူး”လုိ႔
မာတစ္က ေျပာၾကားခဲ့ပါတယ္။
ယူႏုိက္တက္ရဲ႕လက္က်န္ ၉ပြဲအနက္ အသင္းႀကီးေတြျဖစ္တဲ့

လီဗာပူး၊ ခ်ဲလ္ဆီး၊ အာဆင္နယ္တုိ႔နဲ႔ ကစားရဦးမွာျဖစ္ၿပီး
ပြဲတုိင္းအႏိုင္ရဖို႔က ျဖစ္ႏိုင္ေျခနည္းေနပါတယ္။
ယူႏုိက္တက္ဟာ တန္းမဆင္းရဖုိ႔ ရုန္းကန္ေနရတဲ့
အဲဗာတန္၊ ေနာ၀စ္ခ်္တို႔နဲ႔ ကစားရဦးမွာျဖစ္ပါတယ္။