ချန်ပီယံလိဂ်မှာ ရောနယ်ဒိုရဲ့စံချိန်ကို လိုက်မီခဲ့တဲ့ ဟော်လာ

ရာသီတစ်ခုအတွင်း ချန်ပီယံလိဂ်အုပ်စုပွဲတိုင်းဂိုးသွင်းနိုင်ခဲ့တဲ့

တစ်ဦးတည်းသောကစားသမားဆိုတဲ့ စီရော်နယိဒိုရဲ့စံချိန်မှတ်တမ်းတစ်ခုကို

အေဂျက်တိုက်စစ်မှုးဟော်လာက လိုက်မီသွားပါတယ်။

အဲဒီဝက်စ်ဟမ်းတိုက်စစ်မှုးဟောင်းဟာ စပို့တင်းကို ဂိုးပြတ်အနိုင်ရခဲ့တဲ့

အေဂျက်ရဲ့ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်မှာ ပင်နယ်တီကနေ

အဖွင့်ဂိုးသွင်းခဲ့တာဖြစ်ပြီး ဒီရာသီချန်ပီယံလိဂ်မှာ

သူ့ရဲ့ ၁၀ ဂိုးမြောက်ဖြစ်လာခဲ့တာပါ။

အဲဒီအိုင်ဗရီကို့စ်တိုက်စစ်မှုးရဲ့သွင်းဂိုးတွေဟာ အေဂျက်ရဲ့

ချန်ပီယံလိဂ်အုပ်စုအဆင့် ရာနှုန်းပြည့်အနိုင်ရခဲ့မှုမှာ အရေးပါခဲ့ပါတယ်။

စီရော်နယ်ဒိုဟာ ၂၀၁၆-၁၇ ရာသီတုန်းက ချန်ပီယံလိဂ်မှာ ရီးရဲလ်အတွက်

အုပ်စုပွဲတိုင်းဂိုးသွင်းနိုင်ခဲ့တာဖြစ်ပြီး ဟော်လာက အဲဒီအတိုင်းလိုက်လုပ်နိုင်ခဲ့တာပါ။

၂၇ နှစ်အရွယ် ဟော်ဟာ စပို့တင်းနဲ့ အုပ်စုအဖွင့်ပွဲတုန်းက

တစ်ယောက်တည်း ၄ ဂိုးသွင်းခဲ့ပြီး နောက်ကစားတဲ့ ၃ ပွဲမှာ တစ်ဂိုးစီသွင်းနိုင်ခဲ့ကာ

ဘီဆစ်တက်နဲ့ပွဲမှာ ၂ ဂိုးသွင်းပြီးတော့ အခု စပို့တင်းနဲ့ထပ်တွေ့တဲ့

အုပ်စုနောက်ဆုံးပွဲမှာ ၁ ဂိုးသွင်းခဲ့တာပါ။

ပိုပြီးအံ့သြစရာကောင်းတာက ဟော်လာဟာ အခုရီးရဲလ်ရောက်နေတဲ့

ချဲလ်ဆီးကြယ်ပွင့်ဟောင်း ဟာဇတ်ထက် ချန်ပီယံလိဂ်သွင်းဂိုးပိုများနေတာဖြစ်ပြီး

၆ ပွဲတည်းနဲ့ အခုလိုသွင်းနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဟော်လာဟာ ဝက်စ်ဟမ်းမှာ ကစားခဲ့စဉ်တုန်းက ဟမ်းမားတွေအတွက်

၁၄ ဂိုးသာ ရယူပေးနိုင်ခဲ့ပြီး ထင်သလောက်ခြေစွမ်းမပြနိုင်လို့

တစ်နှစ်ခွဲအကြာမှာပဲ အေဂျက်ကို ပြောင်းသွားခဲ့တာပါ။

အေဂျက်မှာတော့ ဂိုးသွင်းစက်ဖြစ်နေပြီး ဒီရာသီမှာ

အဲဒီနယ်သာလန်အသင်းကြီးအတွက် ပြိုင်ပွဲစုံ ၁၈ ဂိုးသွင်းယူပေးထားပါတယ်။

သူဟာ ချန်ပီယံလိဂ်သမိုင်းမှာ ကစားရတဲ့ဦးဆုံး ၆ ပွဲစလုံး ဂိုးသွင်းနိုင်ခဲ့တဲ့

ပထမဆုံးကစားသမားအဖြစ်လည်း စံချိန်တင်ခဲ့ပါတယ်။

zawgyi

ခ်န္ပီယံလိဂ္မွာ ေရာနယ္ဒိုရဲ႕စံခ်ိန္ကို လိုက္မီခဲ့တဲ့ ေဟာ္လာ

ရာသီတစ္ခုအတြင္း ခ်န္ပီယံလိဂ္အုပ္စုပြဲတိုင္းဂိုးသြင္းႏိုင္ခဲ့တဲ့

တစ္ဦးတည္းေသာကစားသမားဆိုတဲ့ စီေရာ္နယိဒိုရဲ႕စံခ်ိန္မွတ္တမ္းတစ္ခုကို

ေအဂ်က္တိုက္စစ္မႈးေဟာ္လာက လိုက္မီသြားပါတယ္။

အဲဒီဝက္စ္ဟမ္းတိုက္စစ္မႈးေဟာင္းဟာ စပို႔တင္းကို ဂိုးျပတ္အႏိုင္ရခဲ့တဲ့

ေအဂ်က္ရဲ႕ခ်န္ပီယံလိဂ္အုပ္စုေနာက္ဆုံးပြဲစဥ္မွာ ပင္နယ္တီကေန

အဖြင့္ဂိုးသြင္းခဲ့တာျဖစ္ၿပီး ဒီရာသီခ်န္ပီယံလိဂ္မွာ

သူ႔ရဲ႕ ၁၀ ဂိုးေျမာက္ျဖစ္လာခဲ့တာပါ။

အဲဒီအိုင္ဗရီကို႔စ္တိုက္စစ္မႈးရဲ႕သြင္းဂိုးေတြဟာ ေအဂ်က္ရဲ႕

ခ်န္ပီယံလိဂ္အုပ္စုအဆင့္ ရာႏႈန္းျပည့္အႏိုင္ရခဲ့မႈမွာ အေရးပါခဲ့ပါတယ္။

စီေရာ္နယ္ဒိုဟာ ၂၀၁၆-၁၇ ရာသီတုန္းက ခ်န္ပီယံလိဂ္မွာ ရီးရဲလ္အတြက္

အုပ္စုပြဲတိုင္းဂိုးသြင္းႏိုင္ခဲ့တာျဖစ္ၿပီး ေဟာ္လာက အဲဒီအတိုင္းလိုက္လုပ္ႏိုင္ခဲ့တာပါ။

၂၇ ႏွစ္အ႐ြယ္ ေဟာ္ဟာ စပို႔တင္းနဲ႔ အုပ္စုအဖြင့္ပြဲတုန္းက

တစ္ေယာက္တည္း ၄ ဂိုးသြင္းခဲ့ၿပီး ေနာက္ကစားတဲ့ ၃ ပြဲမွာ တစ္ဂိုးစီသြင္းႏိုင္ခဲ့ကာ

ဘီဆစ္တက္နဲ႔ပြဲမွာ ၂ ဂိုးသြင္းၿပီးေတာ့ အခု စပို႔တင္းနဲ႔ထပ္ေတြ႕တဲ့

အုပ္စုေနာက္ဆုံးပြဲမွာ ၁ ဂိုးသြင္းခဲ့တာပါ။

ပိုၿပီးအံ့ၾသစရာေကာင္းတာက ေဟာ္လာဟာ အခုရီးရဲလ္ေရာက္ေနတဲ့

ခ်ဲလ္ဆီးၾကယ္ပြင့္ေဟာင္း ဟာဇတ္ထက္ ခ်န္ပီယံလိဂ္သြင္းဂိုးပိုမ်ားေနတာျဖစ္ၿပီး

၆ ပြဲတည္းနဲ႔ အခုလိုသြင္းႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။

ေဟာ္လာဟာ ဝက္စ္ဟမ္းမွာ ကစားခဲ့စဥ္တုန္းက ဟမ္းမားေတြအတြက္

၁၄ ဂိုးသာ ရယူေပးႏိုင္ခဲ့ၿပီး ထင္သေလာက္ေျခစြမ္းမျပႏိုင္လို႔

တစ္ႏွစ္ခြဲအၾကာမွာပဲ ေအဂ်က္ကို ေျပာင္းသြားခဲ့တာပါ။

ေအဂ်က္မွာေတာ့ ဂိုးသြင္းစက္ျဖစ္ေနၿပီး ဒီရာသီမွာ

အဲဒီနယ္သာလန္အသင္းႀကီးအတြက္ ၿပိဳင္ပြဲစုံ ၁၈ ဂိုးသြင္းယူေပးထားပါတယ္။

သူဟာ ခ်န္ပီယံလိဂ္သမိုင္းမွာ ကစားရတဲ့ဦးဆုံး ၆ ပြဲစလုံး ဂိုးသြင္းႏိုင္ခဲ့တဲ့

ပထမဆုံးကစားသမားအျဖစ္လည္း စံခ်ိန္တင္ခဲ့ပါတယ္။