ချန်ပီယံလိဂ်မှာ ရီးရဲလ်က အမြဲတမ်း ကစားနေတဲ့အတွက် မန်စီးတီး ဖလားမရတာလို့ ပြောတဲ့ ဂွါဒီယိုလာ

ချန်ပီယံလိဂ်ဆိုတဲ့ အောင်မြင်မှုဟာ ဆွတ်ခူးရယူဖို့အတွက် ဘာကြောင့် ခက်ခဲရတာလဲဆိုတဲ့ မေးခွန်းအပေါ် မန်စီးတီးနည်းပြ ဂွါဒီယိုလာ ဖြေလိုက်ပုံ က ငိုအားထက် ရယ်အားသန်ဆိုသလို ဖြစ်နေပါပြီ။

အသက် ၅၁ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဂွါဒီယိုလာဟာ ချန်ပီယံလိဂ်ဆုဖလားကို ဘာစီလိုနာနဲ့အတူ ၂၀၀၉ ခုနှစ်နဲ့ ၂၀၁၁ ခုနှစ်တွေမှာ နှစ်ကြိမ်တိုင်တိုင် ဆွတ်ခူးနိုင်ခဲ့တဲ့ နည်းပြ ဖြစ်ပါတယ်။

ဒါပေမဲ့ အဲဒီနောက်ပိုင်း ဆယ်စုနှစ်တစ်ခုကျော် ကြာသည်အထိ ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်နိုင်ခဲ့ခြင်း မရှိတော့ပါဘူး။

ဒါပေမဲ့ တစ်ဖက် မှာတော့ ရီးရဲလ်မက်ဒရစ်အသင်းဟာ ၂၀၁၁ ခုနှစ်နောက်ပိုင်းမှာ ချန်ပီယံလိဂ် ဖလားကို ၅ ကြိမ်အထိ ဆွတ်ခူးနိုင်ခဲ့တဲ့အသင်းဖြစ်နေပါတယ်။

နောက်ပြီး ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ မန်စီးတီးနဲ့ ရီးရဲလ်တို့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် အဆင့်မှာ ဆုံကြပြန်တော့လည်း စပိန်ကလပ်ကပဲ နှစ်ကျော့ပေါင်းရလဒ် ၆-၅ ဂိုးနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ရီးရဲလ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ချဲလ်ဆီး၊ ပီအက်စ်ဂျီတို့လို ထိပ်တန်း အသင်းတွေကို ကျော်ဖြတ်ခဲ့ပြီး ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တဲ့အသင်း လည်းဖြစ်နေပါတယ်။

လက်ရှိဘောလုံးရာသီမှာတော့ မန်စီးတီးဟာ တိုက်စစ် မှူးဟာလန်းရဲ့ သွင်းဂိုးတွေနဲ့အတူ ချန်ပီယံလိဂ်ဖလားကို မျက်စပစ်နေတဲ့ အသင်းဖြစ်ပေမယ့်လည်း နည်းပြဂွါဒီယိုလာကတော့ အဖြူရောင်တော်ဝင် အသင်းရှိနေတဲ့အတွက် စိုးရိမ်မကင်း ဖြစ်နေတယ်လို့ သိရပါတယ်။

မန်စီးတီး နဲ့အတူ ရနိုင်သမျှ ဆုဖလားအားလုံး ဆွတ်ခူးနိုင်ခဲ့ပြီးဖြစ်ပေမယ့် ဘာကြောင့် များ ချန်ပီယံလိဂ်ဖလားယူဖို့ကျတော့ ခက်ခဲနေတာလဲလို့ ကိုပင်ဟေဂင်နဲ့ ပွဲစဉ်အပြီးမှာ မေးခဲ့တဲ့ သတင်းထောက်ရဲ့ မေးခွန်းကို ဂွါဒီယိုလာက ‘’ဘာကြောင့်လဲဆိုတော့ ရီးရဲလ်က အဲဒီပြိုင်ပွဲမှာ အမြဲတမ်း ပါနေတယ်လေ။ ဟဲ. . . ဟဲ..’’ လို့ ရယ်ကျဲကျဲနဲ့ ဖြေသွားခဲ့ပါတယ်။

ဂွါဒီယိုလာရဲ့ မန်စီးတီးဟာ ပြည်တွင်းပြိုင်ပွဲအားလုံးမှာ အဖက်ဖက်ကနေ ပြည့်စုံတဲ့ အဆင့်မျိုးနဲ့ ယှဉ်ပြိုင်နိုင်စွမ်းရှိနေပေမယ့် ချန်ပီယံလိဂ်မှာတော့ ရီးရဲလ်ကို ခြေရာတိုင်းဖို့ဆိုတာ အလှမ်းကွာနေဆဲပဲ ဖြစ်တယ်လို့ ဆိုရမှာပါပဲ။

(Zawgyi)

ခ်န္ပီယံလိဂ္မွာ ရီးရဲလ္က အၿမဲတမ္း ကစားေနတဲ့အတြက္ မန္စီးတီး ဖလားမရတာလို႔ ေျပာတဲ့ ဂြါဒီယိုလာ

ခ်န္ပီယံလိဂ္ဆိုတဲ့ ေအာင္ျမင္မႈဟာ ဆြတ္ခူးရယူဖို႔အတြက္ ဘာေၾကာင့္ ခက္ခဲရတာလဲဆိုတဲ့ ေမးခြန္းအေပၚ မန္စီးတီးနည္းျပ ဂြါဒီယိုလာ ေျဖလိုက္ပုံ က ငိုအားထက္ ရယ္အားသန္ဆိုသလို ျဖစ္ေနပါၿပီ။ အသက္ ၅၁ ႏွစ္အ႐ြယ္ ရွိေနၿပီျဖစ္တဲ့ ဂြါဒီယိုလာဟာ ခ်န္ပီယံလိဂ္ဆုဖလားကို ဘာစီလိုနာနဲ႔အတူ ၂၀၀၉ ခုႏွစ္နဲ႔ ၂၀၁၁ ခုႏွစ္ေတြမွာ ႏွစ္ႀကိမ္တိုင္တိုင္ ဆြတ္ခူးႏိုင္ခဲ့တဲ့ နည္းျပ ျဖစ္ပါတယ္။

ဒါေပမဲ့ အဲဒီေနာက္ပိုင္း ဆယ္စုႏွစ္တစ္ခုေက်ာ္ ၾကာသည္အထိ ခ်န္ပီယံလိဂ္ဖလားကို ကိုင္ေျမႇာက္ႏိုင္ခဲ့ျခင္း မရွိေတာ့ပါဘူး။ ဒါေပမဲ့ တစ္ဖက္ မွာေတာ့ ရီးရဲလ္မက္ဒရစ္အသင္းဟာ ၂၀၁၁ ခုႏွစ္ေနာက္ပိုင္းမွာ ခ်န္ပီယံလိဂ္ ဖလားကို ၅ ႀကိမ္အထိ ဆြတ္ခူးႏိုင္ခဲ့တဲ့အသင္းျဖစ္ေနပါတယ္။

ေနာက္ၿပီး ၿပီးခဲ့တဲ့ ေဘာလုံးရာသီမွာ မန္စီးတီးနဲ႔ ရီးရဲလ္တို႔ ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္ အဆင့္မွာ ဆုံၾကျပန္ေတာ့လည္း စပိန္ကလပ္ကပဲ ႏွစ္ေက်ာ့ေပါင္းရလဒ္ ၆-၅ ဂိုးနဲ႔ အႏိုင္ရၿပီး ဗိုလ္လုပြဲကို တက္ေရာက္ႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒါ့အျပင္ ရီးရဲလ္ဟာ ၿပီးခဲ့တဲ့ ေဘာလုံးရာသီမွာ ခ်ဲလ္ဆီး၊ ပီအက္စ္ဂ်ီတို႔လို ထိပ္တန္း အသင္းေတြကို ေက်ာ္ျဖတ္ခဲ့ၿပီး ဗိုလ္လုပြဲကို တက္ေရာက္ႏိုင္ခဲ့တဲ့အသင္း လည္းျဖစ္ေနပါတယ္။

လက္ရွိေဘာလုံးရာသီမွာေတာ့ မန္စီးတီးဟာ တိုက္စစ္ မႉးဟာလန္းရဲ႕ သြင္းဂိုးေတြနဲ႔အတူ ခ်န္ပီယံလိဂ္ဖလားကို မ်က္စပစ္ေနတဲ့ အသင္းျဖစ္ေပမယ့္လည္း နည္းျပဂြါဒီယိုလာကေတာ့ အျဖဴေရာင္ေတာ္ဝင္ အသင္းရွိေနတဲ့အတြက္ စိုးရိမ္မကင္း ျဖစ္ေနတယ္လို႔ သိရပါတယ္။

မန္စီးတီး နဲ႔အတူ ရႏိုင္သမွ် ဆုဖလားအားလုံး ဆြတ္ခူးႏိုင္ခဲ့ၿပီးျဖစ္ေပမယ့္ ဘာေၾကာင့္ မ်ား ခ်န္ပီယံလိဂ္ဖလားယူဖို႔က်ေတာ့ ခက္ခဲေနတာလဲလို႔ ကိုပင္ေဟဂင္နဲ႔ ပြဲစဥ္အၿပီးမွာ ေမးခဲ့တဲ့ သတင္းေထာက္ရဲ႕ ေမးခြန္းကို ဂြါဒီယိုလာက ‘’ဘာေၾကာင့္လဲဆိုေတာ့ ရီးရဲလ္က အဲဒီၿပိဳင္ပြဲမွာ အၿမဲတမ္း ပါေနတယ္ေလ။ ဟဲ. . . ဟဲ..’’ လို႔ ရယ္က်ဲက်ဲနဲ႔ ေျဖသြားခဲ့ပါတယ္။

ဂြါဒီယိုလာရဲ႕ မန္စီးတီးဟာ ျပည္တြင္းၿပိဳင္ပြဲအားလုံးမွာ အဖက္ဖက္ကေန ျပည့္စုံတဲ့ အဆင့္မ်ိဳးနဲ႔ ယွဥ္ၿပိဳင္ႏိုင္စြမ္းရွိေနေပမယ့္ ခ်န္ပီယံလိဂ္မွာေတာ့ ရီးရဲလ္ကို ေျခရာတိုင္းဖို႔ဆိုတာ အလွမ္းကြာေနဆဲပဲ ျဖစ္တယ္လို႔ ဆိုရမွာပါပဲ။