ချန်ပီယံလိဂ်မှာ မှတ်တိုင်မရှိတဲ့ မန်စီးတီးကို လေးစားစရာ မလိုဘူးဆိုတဲ့ ကလော့ပ်

အသင်းသမိုင်းတစ်လျှောက် ချန်ပီယံလိဂ်ဖလားကို တစ်ခါမှ မရဖူးသေးတဲ့ မန်စီးတီးကို အထွဋ်အမြတ်ထားပြီး လေးစားနေစရာ အကြောင်းမရှိဘူးလို့ လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်က ပြောဆိုလိုက်ပါတယ်။

ကြိုးကြာနီတွေ ဟာ ဒီရာသီမှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၁၁ နေရာကို ရောက်နေပြီး ဒုတိယနေရာကို သိမ်းပိုက်ထားတဲ့ မန်ချက်စတာကလပ်နဲ့ ၁၃ မှတ်အထိ ကွာဟနေပါတယ်။

တိုက်စစ်မှူး ဟာလန်းနဲ့အတူ အံ့အားသင့်စရာ တွေ လုပ်ပြနေတဲ့ မန်စီးတီးဟာ လက်ရှိမှာ ကမ္ဘာ့အကောင်းဆုံး အသင်းတစ် သင်းဖြစ်နေတယ်ဆိုတာကို အသိအမှတ်ပြုပေမယ့်

ဘာမှ ပိုထူးပြီး လေးစား နေစရာ အကြောင်းမရှိဘူးလို့ ဂျာမန်သား နည်းပြ မန်ချက်စတာကလပ်နဲ့ ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ် မတိုင်ခင်မှာ ပြောဆိုလိုက်ပါတယ်။

‘’မန်စီး တီးရဲ့ ရည်မှန်းချက်တွေကို ကင်ပွန်းတပ်ဖို့ ကျွန်တော် ဒီကို ရောက်လာတာ မဟုတ်ပါဘူး။ သူတို့က ကမ္ဘာပေါ်မှာ အကောင်းဆုံး အသင်းပါ။ ကျွန်တော် လည်း ဒီလိုတော့ ထင်ပါတယ်။

အပြည့်အ၀ ယုံကြည်တာမျိုးတော့ မဟုတ်ပါ ဘူး။ အရှင်းဆုံးပြောရရင် သူတို့ဟာ ဆုဖလားတွေ အံ့မခန်း အများကြီး ရယူ နိုင်ခဲ့တယ်။ သူတို့ ကံမကောင်းတဲ့ အချိန်မျိုးတွေလည်း ရှိခဲ့တယ်။

တချို့ အချိန်ကာလတွေမှာ သူတို့ ချန်ပီယံလိဂ်ရလဒ်တွေ မကောင်းခဲ့ဘူး။ ပြီးခဲ့တဲ့ ရာသီတုန်းကဆိုရင် သူတို့ အောင်မြင်ခဲ့သင့်တာ။

ဒါပေမဲ့ သူတို့ မအောင်မြင် ခဲ့ဘူး။ ဒါက ဒီလိုပဲလေ။ ဒါက ဘဝမှာ ဖြစ်တတ်တဲ့ အရာတွေပဲ။ အားကစားအမြင်အရ ပြောရမယ်ဆိုရင် သူတို့ကို ကျွန်တော် ပိုပြီး လေးစား မနေနိုင်ပါ ဘူး။

ဒါက ရာနှုန်းပြည့် အမှန်တရားပဲလေ။ ပိုပြီး မလေးစားနိုင်ပါဘူး” လို့ ကလော့ပ်က ပြောဆိုသွားခဲ့ပါတယ်။

မန်စီးတီးဟာ ပရီးမီးယားလိဂ် ရာသီ တိုင်းလိုလိုမှာ လီဗာပူးထက် ခေါင်းတစ်လုံး ပိုမြင့်တဲ့အသင်းဖြစ်ပေမယ့် ချန် ပီယံလိဂ်နဲ့ ပတ်သက်လာရင်တော့ ဝါနုနေတဲ့

အသင်းမျိုးဖြစ်တာကြောင့် တကယ့်အရေးပါတဲ့ အလှည့်အပြောင်းတွေမှာ အခက်အခဲနဲ့ ကြုံတွေ့ရပြီး နောက်ဆုံးမှာတော့ ပြိုင်ပွဲကနေ ထွက်ပေးခဲ့ရတဲ့ အဖြစ်နဲ့ပဲ ကြုံခဲ့ရတဲ့ အသင်း ဖြစ်နေပါတယ်။

(Zawgyi)

ခ်န္ပီယံလိဂ္မွာ မွတ္တိုင္မရွိတဲ့ မန္စီးတီးကို ေလးစားစရာ မလိုဘူးဆိုတဲ့ ကေလာ့ပ္

အသင္းသမိုင္းတစ္ေလွ်ာက္ ခ်န္ပီယံလိဂ္ဖလားကို တစ္ခါမွ မရဖူးေသးတဲ့ မန္စီးတီးကို အထြဋ္အျမတ္ထားၿပီး ေလးစားေနစရာ အေၾကာင္းမရွိဘူးလို႔ လီဗာပူးနည္းျပ ဂ်ာဂင္ကေလာ့ပ္က ေျပာဆိုလိုက္ပါတယ္။

ႀကိဳးၾကာနီေတြ ဟာ ဒီရာသီမွာ ပရီးမီးယားလိဂ္ အမွတ္ေပးဇယားရဲ႕ အဆင့္ ၁၁ ေနရာကို ေရာက္ေနၿပီး ဒုတိယေနရာကို သိမ္းပိုက္ထားတဲ့ မန္ခ်က္စတာကလပ္နဲ႔ ၁၃ မွတ္အထိ ကြာဟေနပါတယ္။

တိုက္စစ္မႉး ဟာလန္းနဲ႔အတူ အံ့အားသင့္စရာ ေတြ လုပ္ျပေနတဲ့ မန္စီးတီးဟာ လက္ရွိမွာ ကမာၻ႔အေကာင္းဆုံး အသင္းတစ္ သင္းျဖစ္ေနတယ္ဆိုတာကို အသိအမွတ္ျပဳေပမယ့္

ဘာမွ ပိုထူးၿပီး ေလးစား ေနစရာ အေၾကာင္းမရွိဘူးလို႔ ဂ်ာမန္သား နည္းျပ မန္ခ်က္စတာကလပ္နဲ႔ ကစားမယ့္ ပရီးမီးယားလိဂ္ ပြဲစဥ္ မတိုင္ခင္မွာ ေျပာဆိုလိုက္ပါတယ္။

‘’မန္စီး တီးရဲ႕ ရည္မွန္းခ်က္ေတြကို ကင္ပြန္းတပ္ဖို႔ ကြၽန္ေတာ္ ဒီကို ေရာက္လာတာ မဟုတ္ပါဘူး။ သူတို႔က ကမာၻေပၚမွာ အေကာင္းဆုံး အသင္းပါ။

ကြၽန္ေတာ္ လည္း ဒီလိုေတာ့ ထင္ပါတယ္။ အျပည့္အ၀ ယုံၾကည္တာမ်ိဳးေတာ့ မဟုတ္ပါ ဘူး။

အရွင္းဆုံးေျပာရရင္ သူတို႔ဟာ ဆုဖလားေတြ အံ့မခန္း အမ်ားႀကီး ရယူ ႏိုင္ခဲ့တယ္။ သူတို႔ ကံမေကာင္းတဲ့ အခ်ိန္မ်ိဳးေတြလည္း ရွိခဲ့တယ္။ တခ်ိဳ႕ အခ်ိန္ကာလေတြမွာ

သူတို႔ ခ်န္ပီယံလိဂ္ရလဒ္ေတြ မေကာင္းခဲ့ဘူး။ ၿပီးခဲ့တဲ့ ရာသီတုန္းကဆိုရင္ သူတို႔ ေအာင္ျမင္ခဲ့သင့္တာ။ ဒါေပမဲ့ သူတို႔ မေအာင္ျမင္ ခဲ့ဘူး။ ဒါက ဒီလိုပဲေလ။

ဒါက ဘဝမွာ ျဖစ္တတ္တဲ့ အရာေတြပဲ။ အားကစား အျမင္အရ ေျပာရမယ္ဆိုရင္ သူတို႔ကို ကြၽန္ေတာ္ ပိုၿပီး ေလးစား မေနႏိုင္ပါ ဘူး။ ဒါက ရာႏႈန္းျပည့္

အမွန္တရားပဲေလ။ ပိုၿပီး မေလးစားႏိုင္ပါဘူး” လို႔ ကေလာ့ပ္က ေျပာဆိုသြားခဲ့ပါတယ္။

မန္စီးတီးဟာ ပရီးမီးယားလိဂ္ ရာသီ တိုင္းလိုလိုမွာ လီဗာပူးထက္ ေခါင္းတစ္လုံး ပိုျမင့္တဲ့အသင္းျဖစ္ေပမယ့္ ခ်န္ ပီယံလိဂ္နဲ႔ ပတ္သက္လာရင္ေတာ့

ဝါႏုေနတဲ့ အသင္းမ်ိဳးျဖစ္တာေၾကာင့္ တကယ့္အေရးပါတဲ့ အလွည့္အေျပာင္းေတြမွာ အခက္အခဲနဲ႔ ႀကဳံေတြ႕ရၿပီး

ေနာက္ဆုံးမွာေတာ့ ၿပိဳင္ပြဲကေန ထြက္ေပးခဲ့ရတဲ့ အျဖစ္နဲ႔ပဲ ႀကဳံခဲ့ရတဲ့ အသင္း ျဖစ္ေနပါတယ္။