ချန်ပီယံလိဂ်မှာ ပွဲချောင်အောင်လုပ်ပေးခဲ့တဲ့ ယာယာတိုရေးကို စပါးပရိသတ်တွေ သဘောကျနေကြ

စပါးအသင်းရဲ့ နည်းပြအဖွဲ့ဝင်အဖြစ် ရောက်လာဖို့ ရှိနေတယ်လို့ ပြီးခဲ့တဲ့ လကတည်းက သတင်းထွက်ခဲ့တဲ့ ယာယာတိုရေးဟာ အခုလက်ရှိမှာတော့ စပါးအတွက် အလုပ်တွေ လုပ်ပေးနေပြီလို့ ပရိသတ်တွေ ပြောနေကြပြီဖြစ် ပါတယ်။ ယာယာတိုရေးဟာ လက်ရှိမှာ

ယူအီးအက်ဖ်အေရဲ့ နည်းပြခွင့် (A) လိုင်စင်ကို ရရှိပြီးဖြစ်တာကြောင့် စပါးလိုဥရောပ ထိပ်တန်းအသင်းမျိုးရဲ့ နည်းပြအဖွဲ့ဝင်တစ်နေရာအတွက် တာဝန်ထမ်းဆောင်ခွင့် ရှိနေပြီဖြစ်ပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာတော့ နည်းပြကွန်တီနဲ့ ယာယာတိုရေးတို့ဟာ

ထိတွေ့ဆက်ဆံ ခြင်းမရှိသေးသလို စပါးကလည်း ဒီအိုင်ဗရီကို့စ်သား နည်းပြအတွက် မီးစိမ်းမပြသေးပါဘူး။ ဒါပေမဲ့ တိုရေးကတော့ ရည်မှန်းချက်ကြီးမားပုံရပါတယ်။ လန်ဒန်ကလပ်ဆီမရောက်ခင်ကတည်းက အလုပ်တွေ ကြိုလုပ်နေတယ်လို့ လူပြောများနေပါပြီ။

အကြောင်းက ဘာလဲဆိုရင် ပြီးခဲ့တဲ့ ချန်ပီယံလိဂ် မဲခွဲပွဲစဉ် မှာ သူ့ရဲ့ မဲနှိုက်ရွေးချယ်မှုက စပါးအတွက် အကောင်းဆုံးသော ရွေးချယ်မှု ဖြစ်ခဲ့လို့ပါပဲ။ ကြာသပတေးနေ့ နှောင်းပိုင်းမှာ ကျင်းပခဲ့တဲ့ ဥရောပ ချန်ပီယံ လိဂ်မဲခွဲပွဲစဉ်ကို တစ်ကမ္ဘာလုံးက ပရိသတ်တွေ စိတ်ဝင်တစား

စောင့်ကြည့်ခဲ့ကြပြီး အထူးသဖြင့် ပရီးမီးယားလိဂ်ကလပ်အသင်းတွေဟာ ရီးရဲလ်အ ပါအဝင် တခြားဥရောပ အသင်းကြီးတွေနဲ့ ထိပ်တိုက် တွေ့မတွေ့ ဆိုတာကို အတော်များများက စိတ်ဝင်တစား ရှိခဲ့ကြပါတယ်။ ဒါပေမဲ့ မဲခွဲမှုအခမ်းအနား စင်မြင့်ထက်က

တိုရေးရဲ့ ရွေးချယ်ပေးမှုကြောင့် စပါးဟာ ၂၀၂၂-၂၃ ဘောလုံးရာသီ ချန်ပီယံလိဂ် အုပ်စု (D) မှာ ဖရန့်ဖတ်၊ စပို့တင်းလစ္စဘွန်း၊ မာဆေးတို့နဲ့အတူ တစ်အုပ်စုတည်း ကျသွားခဲ့ပါတယ်။ ဒီလိုမျိုး အုပ်စုတွင်းမှာ ကျရောက်သွားတာဟာ တခြား ပရီးမီးယားလိဂ်အသင်းတွေဖြစ်တဲ့

မန်စီးတီး၊ လီဗာပူး ချဲလ်ဆီးတို့ထက်စာရင် အများကြီးကို ပွဲချောင်နေတယ်လို့ ဆိုနိုင်ပြီး နည်းပြကွန်တီရဲ့အသင်းဟာ နောက်တစ်ဆင့်ကို သေချာပေါက် တက်လှမ်းနိုင်မယ့် အခွင့်အရေးမျိုး ပိုင်ဆိုင်သွားတာပဲ ဖြစ်ပါတယ်။

ဒါကြောင့် စပါး အသင်းပရိသတ်တွေက လူမှုကွန်ရက်မှာ တိုရေးကိုသြဘာပေးခဲ့ပြီး တချို့ ပရိသတ်တွေကတော့ တိုရေးဟာ စပါးကို ရောက်မလာခင်ကတည်းက အလုပ် လုပ်ပေးနေပြီဖြစ်တယ်လို့ ပြောနေကြလေရဲ့။

(zawgyi)

စပါးအသင္းရဲ႕ နည္းျပအဖြဲ႕ဝင္အျဖစ္ ေရာက္လာဖို႔ ရွိေနတယ္လို႔ ၿပီးခဲ့တဲ့ လကတည္းက သတင္းထြက္ခဲ့တဲ့ ယာယာတိုေရးဟာ အခုလက္ရွိမွာေတာ့ စပါးအတြက္ အလုပ္ေတြ လုပ္ေပးေနၿပီလို႔ ပရိသတ္ေတြ ေျပာေနၾကၿပီျဖစ္ ပါတယ္။

ယာယာတိုေရးဟာ လက္ရွိမွာ ယူအီးအက္ဖ္ေအရဲ႕ နည္းျပခြင့္ (A) လိုင္စင္ကို ရရွိၿပီးျဖစ္တာေၾကာင့္ စပါးလိုဥေရာပ ထိပ္တန္းအသင္းမ်ိဳးရဲ႕ နည္းျပအဖြဲ႕ဝင္တစ္ေနရာအတြက္ တာဝန္ထမ္းေဆာင္ခြင့္ ရွိေနၿပီျဖစ္ပါတယ္။ ဒါေပမဲ့ လက္ရွိအခ်ိန္မွာေတာ့

နည္းျပကြန္တီနဲ႔ ယာယာတိုေရးတို႔ဟာ ထိေတြ႕ဆက္ဆံ ျခင္းမရွိေသးသလို စပါးကလည္း ဒီအိုင္ဗရီကို႔စ္သား နည္းျပအတြက္ မီးစိမ္းမျပေသးပါဘူး။ ဒါေပမဲ့ တိုေရးကေတာ့ ရည္မွန္းခ်က္ႀကီးမားပုံရပါတယ္။ လန္ဒန္ကလပ္ဆီမေရာက္ခင္ကတည္းက အလုပ္ေတြ

ႀကိဳလုပ္ေနတယ္လို႔ လူေျပာမ်ားေနပါၿပီ။ အေၾကာင္းက ဘာလဲဆိုရင္ ၿပီးခဲ့တဲ့ ခ်န္ပီယံလိဂ္ မဲခြဲပြဲစဥ္ မွာ သူ႔ရဲ႕ မဲႏႈိက္ေ႐ြးခ်ယ္မႈက စပါးအတြက္ အေကာင္းဆုံးေသာ ေ႐ြးခ်ယ္မႈ ျဖစ္ခဲ့လို႔ပါပဲ။ ၾကာသပေတးေန႔ ေႏွာင္းပိုင္းမွာ က်င္းပခဲ့တဲ့

ဥေရာပ ခ်န္ပီယံ လိဂ္မဲခြဲပြဲစဥ္ကို တစ္ကမာၻလုံးက ပရိသတ္ေတြ စိတ္ဝင္တစား ေစာင့္ၾကည့္ခဲ့ၾကၿပီး အထူးသျဖင့္ ပရီးမီးယားလိဂ္ကလပ္အသင္းေတြဟာ ရီးရဲလ္အ ပါအဝင္ တျခားဥေရာပ အသင္းႀကီးေတြနဲ႔ ထိပ္တိုက္ ေတြ႕မေတြ႕ ဆိုတာကို အေတာ္မ်ားမ်ားက

စိတ္ဝင္တစား ရွိခဲ့ၾကပါတယ္။ ဒါေပမဲ့ မဲခြဲမႈအခမ္းအနား စင္ျမင့္ထက္က တိုေရးရဲ႕ ေ႐ြးခ်ယ္ေပးမႈေၾကာင့္ စပါးဟာ ၂၀၂၂-၂၃ ေဘာလုံးရာသီ ခ်န္ပီယံလိဂ္ အုပ္စု (D) မွာ ဖရန႔္ဖတ္၊ စပို႔တင္းလစၥဘြန္း၊ မာေဆးတို႔နဲ႔အတူ တစ္အုပ္စုတည္း က်သြားခဲ့ပါတယ္။

ဒီလိုမ်ိဳး အုပ္စုတြင္းမွာ က်ေရာက္သြားတာဟာ တျခား ပရီးမီးယားလိဂ္အသင္းေတြျဖစ္တဲ့ မန္စီးတီး၊ လီဗာပူး ခ်ဲလ္ဆီးတို႔ထက္စာရင္ အမ်ားႀကီးကို ပြဲေခ်ာင္ေနတယ္လို႔ ဆိုႏိုင္ၿပီး နည္းျပကြန္တီရဲ႕အသင္းဟာ ေနာက္တစ္ဆင့္ကို ေသခ်ာေပါက္ တက္လွမ္းႏိုင္မယ့္ အခြင့္အေရးမ်ိဳး ပိုင္ဆိုင္သြား

တာပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ စပါး အသင္းပရိသတ္ေတြက လူမႈကြန္ရက္မွာ တိုေရးကိုၾသဘာေပးခဲ့ၿပီး တခ်ိဳ႕ ပရိသတ္ေတြကေတာ့ တိုေရးဟာ စပါးကို ေရာက္မလာခင္ကတည္းက အလုပ္ လုပ္ေပးေနၿပီျဖစ္တယ္လို႔ ေျပာေနၾကေလရဲ႕။