ချန်ပီယံလိဂ်မှာ နာပိုလီ ဗိုလ်စွဲရင် ပုရိသတွေအကြိုက် အဝတ်မဲ့ဘတ်စ်ကားခရီးစဉ်ကိုမြင်ရမယ်လို့ OnlyFans မော်ဒယ် ကတိပေးလိုက်

ဒီရာသီချန်ပီယံလိဂ်မှာ နာပိုလီအသင်းဗိုလ်စွဲခဲ့ရင်တော့ ပုရိသတွေအတွက်

မျက်စိကျစရာအစီအစဉ်တစ်ခုရှိနေတယ်လို့ OnlyFans မော်ဒယ်က

ဖွင့်ဟလာပါတယ်။ သူမရဲ့အမည်ကတော့ ပိုအာလာဆောလင်နိုဖြစ်သလို

ဥရောပထိပ်တန်းကလပ်တွေကို အံတုပြီး နေပယ်သားတွေချန်ပီယံဆု

သိမ်းပိုက်နိုင်မယ်ဆိုရင် မြို့တော်မှာ အဝတ်အစားမပါတဲ့ ဘတ်စ်ကား

ချီတက်ပွဲတစ်ခုပြုလုပ်ပေးမယ်လို့ဆိုခဲ့တာဖြစ်တယ်။ ၂၀၂၂-၂၃ ရာသီကတော့

နာပိုလီအသင်းအတွက် အံ့အားသင့်စရာကောင်းတဲ့စတင်မှုဖြစ်ခဲ့ပြီး

စီးရီးအေအမှတ်ပေးဇယားထိပ်ဆုံးမှာ ၁၅ မှတ်ဖြတ်ထားနိုင်သလို

ချန်ပီယံလိဂ်မှာလည်း ကွာတားဖိုင်နယ်ရောက်ဖို့ အခြေအနေကောင်း

ပိုင်ဆိုင်ထားပါတယ်။ Daily Star နဲ့တွေ့ဆုံမှုမှာတော့ နာပိုလီ

ပရိသတ်ဖြစ်တဲ့ အသက် ၃၃ နှစ်အရွယ် ဆောလင်နိုက

“ကျွန်မဘက်က ရူးသွပ်တာ တစ်ခုခုလုပ်မယ်ဆိုတာကို

Daily Star စာဖတ်သူတွေကို ထုတ်ဖော်ပြောနိုင်သလို နာပိုလီအသင်း

အောင်မြင်မှုအတွက် ဘတ်စ်ကားထိပ်မှာ ကိုယ်လုံးတီးနဲ့ဂုဏ်ပြုလိုက်ပါမယ်။

ဒါက ငါလုပ်ပေးနိုင်တဲ့အရာဖြစ်ပြီး ငါတတ်နိုင်တဲ့အရာတစ်ခုပါ။

ရိုးရိုးသားသားပြောရရင် ဘတ်စ်ကားငှားတာလောက်က ကမ္ဘာပေါ်မှာ

ဈေးအကြီးဆုံးလို့မထင်ပါဘူး။ ယူရို ၃၀၀၀ လောက်နဲ့ငှားနိုင်မယ်ထင်သလို

ကျွန်မကို ဘတ်စ်ကားငှားပေးနိုင်တာ ဒါမှမဟုတ် ဒီဝန်ဆောင်မှုကို

ပံ့ပိုးပေးမယ့် လူတွေရှိရင်ဆက်သွယ်နိုင်ပါတယ်” လို့ ပြောဆိုလိုက်ပါတယ်။

နာပိုလီဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်မှာ

ဂျာမန်ကလပ် ဖရန့်ဖတ်ကို အဝေးကွင်းမှာ ၂-၀ နဲ့နိုင်ထားပြီး

နောက်တစ်ဆင့်တက်ဖို့အခြေအနေကောင်းနေတာဖြစ်တယ်။

ဆောလင်နိုကတော့ နာပိုလီဟာ ချန်ပီယံလိဂ်မှာ အမြင့်ပျံနိုင်မယ်လို့

ယုံကြည်နေပြီး အင်္ဂလိပ်ပရိသတ်တွေကိုလှည့်စားဖောက်ထွက်ဖို့

ရည်ရွယ်ထားပါတယ်။ “ဘယ်အင်္ဂလိပ်အသင်းကိုမှ မကြောက်ပါဘူး။

အင်္ဂလိပ်ဖန်တွေဟာ သူတို့အသင်းတွေကို ကမ္ဘာ့အကောင်းဆုံး

ကလပ်တွေလို့ထင်မြင်နေကြပြီး တကယ့်အဖြစ်မှန်မှာတော့

လီဗာပူးလိုအသင်းကို ထိခိုက်သွားစေခဲ့ပြီ။ အရိုးသားဆုံးပြောရရင်

မန်စီးတီးက ကျွန်မကိုနည်းနည်းကြောက်စေတယ်။

ဒါပေမယ့် စီးရီးအေမှာ ကျွန်မတို့လုပ်ပြနေတာတွေက မယုံကြည်နိုင်စရာပါ။

အာဆင်နယ်မှာပြိုင်ဘက် မန်စီးတီးရှိနေပြီး စီးရီးအေမှာတော့

နာပိုလီကပြိုင်ဘက်ကင်းပါ၊ ဒါကြောင့်နှိုင်းယှဉ်စရာမရှိပါဘူး။

ကျွန်မတို့ ချန်ပီယံလမ်းကြောင်းပေါ်ဆက်ရှိနေခဲ့မယ်ဆိုရင်တော့

ဘောလုံးလောကမှာနှစ်ပေါင်းများစွာ ဒုက္ခရောက်ပြီးတဲ့နောက်

နာပိုလီအတွက် အရေးအကြီးဆုံးနဲ့ ပြိုင်ဆိုင်မှုရှိတဲ့ကလပ်တွေထဲ

ပါဝင်လာမယ်ဆိုတဲ့ ခိုင်မာတဲ့အဓိပ္ပါယ်မျိုးသက်ရောက်စေလိမ့်မယ်။

ကျွန်မတို့အတွက်ထိုက်တန်သလို ဒါမျိုးလိုအပ်တယ်” လို့ ဆောလင်နိုက ဆိုပါတယ်။

zawgyi

ခ်န္ပီယံလိဂ္မွာ နာပိုလီ ဗိုလ္စြဲရင္ ပုရိသေတြအႀကိဳက္ အဝတ္မဲ့ဘတ္စ္ကားခရီးစဥ္ကိုျမင္ရမယ္လို႔ OnlyFans ေမာ္ဒယ္ ကတိေပးလိုက္

ဒီရာသီခ်န္ပီယံလိဂ္မွာ နာပိုလီအသင္းဗိုလ္စြဲခဲ့ရင္ေတာ့ ပုရိသေတြအတြက္

မ်က္စိက်စရာအစီအစဥ္တစ္ခုရွိေနတယ္လို႔ OnlyFans ေမာ္ဒယ္က

ဖြင့္ဟလာပါတယ္။ သူမရဲ႕အမည္ကေတာ့ ပိုအာလာေဆာလင္ႏိုျဖစ္သလို

ဥေရာပထိပ္တန္းကလပ္ေတြကို အံတုၿပီး ေနပယ္သားေတြခ်န္ပီယံဆု

သိမ္းပိုက္ႏိုင္မယ္ဆိုရင္ ၿမိဳ႕ေတာ္မွာ အဝတ္အစားမပါတဲ့ ဘတ္စ္ကား

ခ်ီတက္ပြဲတစ္ခုျပဳလုပ္ေပးမယ္လို႔ဆိုခဲ့တာျဖစ္တယ္။ ၂၀၂၂-၂၃ ရာသီကေတာ့

နာပိုလီအသင္းအတြက္ အံ့အားသင့္စရာေကာင္းတဲ့စတင္မႈျဖစ္ခဲ့ၿပီး

စီးရီးေအအမွတ္ေပးဇယားထိပ္ဆုံးမွာ ၁၅ မွတ္ျဖတ္ထားႏိုင္သလို

ခ်န္ပီယံလိဂ္မွာလည္း ကြာတားဖိုင္နယ္ေရာက္ဖို႔ အေျခအေနေကာင္း

ပိုင္ဆိုင္ထားပါတယ္။ Daily Star နဲ႔ေတြ႕ဆုံမႈမွာေတာ့ နာပိုလီ

ပရိသတ္ျဖစ္တဲ့ အသက္ ၃၃ ႏွစ္အ႐ြယ္ ေဆာလင္ႏိုက

“ကြၽန္မဘက္က ႐ူးသြပ္တာ တစ္ခုခုလုပ္မယ္ဆိုတာကို

Daily Star စာဖတ္သူေတြကို ထုတ္ေဖာ္ေျပာႏိုင္သလို နာပိုလီအသင္း

ေအာင္ျမင္မႈအတြက္ ဘတ္စ္ကားထိပ္မွာ ကိုယ္လုံးတီးနဲ႔ဂုဏ္ျပဳလိုက္ပါမယ္။

ဒါက ငါလုပ္ေပးႏိုင္တဲ့အရာျဖစ္ၿပီး ငါတတ္ႏိုင္တဲ့အရာတစ္ခုပါ။

႐ိုး႐ိုးသားသားေျပာရရင္ ဘတ္စ္ကားငွားတာေလာက္က ကမာၻေပၚမွာ

ေဈးအႀကီးဆုံးလို႔မထင္ပါဘူး။ ယူ႐ို ၃၀၀၀ ေလာက္နဲ႔ငွားႏိုင္မယ္ထင္သလို

ကြၽန္မကို ဘတ္စ္ကားငွားေပးႏိုင္တာ ဒါမွမဟုတ္ ဒီဝန္ေဆာင္မႈကို

ပံ့ပိုးေပးမယ့္ လူေတြရွိရင္ဆက္သြယ္ႏိုင္ပါတယ္” လို႔ ေျပာဆိုလိုက္ပါတယ္။

နာပိုလီဟာ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ ပထမအေက်ာ့ပြဲစဥ္မွာ

ဂ်ာမန္ကလပ္ ဖရန႔္ဖတ္ကို အေဝးကြင္းမွာ ၂-၀ နဲ႔ႏိုင္ထားၿပီး

ေနာက္တစ္ဆင့္တက္ဖို႔အေျခအေနေကာင္းေနတာျဖစ္တယ္။

ေဆာလင္ႏိုကေတာ့ နာပိုလီဟာ ခ်န္ပီယံလိဂ္မွာ အျမင့္ပ်ံႏိုင္မယ္လို႔

ယုံၾကည္ေနၿပီး အဂၤလိပ္ပရိသတ္ေတြကိုလွည့္စားေဖာက္ထြက္ဖို႔

ရည္႐ြယ္ထားပါတယ္။ “ဘယ္အဂၤလိပ္အသင္းကိုမွ မေၾကာက္ပါဘူး။

အဂၤလိပ္ဖန္ေတြဟာ သူတို႔အသင္းေတြကို ကမာၻ႔အေကာင္းဆုံး

ကလပ္ေတြလို႔ထင္ျမင္ေနၾကၿပီး တကယ့္အျဖစ္မွန္မွာေတာ့

လီဗာပူးလိုအသင္းကို ထိခိုက္သြားေစခဲ့ၿပီ။ အ႐ိုးသားဆုံးေျပာရရင္

မန္စီးတီးက ကြၽန္မကိုနည္းနည္းေၾကာက္ေစတယ္။

ဒါေပမယ့္ စီးရီးေအမွာ ကြၽန္မတို႔လုပ္ျပေနတာေတြက မယုံၾကည္ႏိုင္စရာပါ။

အာဆင္နယ္မွာၿပိဳင္ဘက္ မန္စီးတီးရွိေနၿပီး စီးရီးေအမွာေတာ့

နာပိုလီကၿပိဳင္ဘက္ကင္းပါ၊ ဒါေၾကာင့္ႏႈိင္းယွဥ္စရာမရွိပါဘူး။

ကြၽန္မတို႔ ခ်န္ပီယံလမ္းေၾကာင္းေပၚဆက္ရွိေနခဲ့မယ္ဆိုရင္ေတာ့

ေဘာလုံးေလာကမွာႏွစ္ေပါင္းမ်ားစြာ ဒုကၡေရာက္ၿပီးတဲ့ေနာက္

နာပိုလီအတြက္ အေရးအႀကီးဆုံးနဲ႔ ၿပိဳင္ဆိုင္မႈရွိတဲ့ကလပ္ေတြထဲ

ပါဝင္လာမယ္ဆိုတဲ့ ခိုင္မာတဲ့အဓိပၸါယ္မ်ိဳးသက္ေရာက္ေစလိမ့္မယ္။

ကြၽန္မတို႔အတြက္ထိုက္တန္သလို ဒါမ်ိဳးလိုအပ္တယ္” လို႔ ေဆာလင္ႏိုက ဆိုပါတယ္။