ချန်ပီယံလိဂ်မှာရော ရီးရဲလ်နဲ့နောက်ပိုင်းတွေ့ဆုံမှုတွေမှာပါ ကျိန်စာသင့်နေတဲ့ မက်ဆီ

၁၆ သင်းအဆင့်မှာ ရီးရဲလ်ရဲ့နောက်ကောက်ချခြင်းခံခဲ့ရပြီးနောက်

ပီအက်စ်ဂျီအသင်းပြိုင်ပွဲက ထွက်ခဲ့ရမှုမှာ ပရိသတ်တွေဟာ

အသင်းရဲ့စူပါစတားမက်ဆီကို အပြစ်တင်နေကြပါတယ်။

ဖြစ်ချင်တော့ မက်ဆီဟာ တိုက်စစ်ကစားဖော်အမ်ဘက်ပီလိုမဟုတ်ဘဲ

မက်ဒရစ်က ဒုတိယအကျော့မှာလည်း ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရတာပါ။

ပဲရစ်မှာ ကစားခဲ့တဲ့ ပထမအကျော့တုန်းက ပင်နယ်တီတစ်လုံးမဝင်ခဲ့သလို

ရီးရဲလ်နဲ့နှစ်ကျော့စလုံးမှာလည်း ဘယ်ချောင်သွားပုန်းနေသလဲဆိုပြီး

မက်ဆီကို ပြစ်တင်စွပ်စွဲနေကြပါတယ်။

တကယ်လည်း မက်ဆီဟာ ချန်ပီယံလိဂ်မှာရော

ရီးရဲလ်နဲ့နောက်ပိုင်းတွေ့ဆုံမှုတွေမှာပါ ကျိန်စာသင့်သလို ဖြစ်နေပါတယ်။

ဒီရာသီမှာ ၁၆ သင်းအဆင့်နဲ့ပဲ ပီအက်စ်ဂျီကျေနပ်ခဲ့ရလို့ မက်ဆီဟာ

ချန်ပီယံလိဂ်မှာ ဗိုလ်မစွဲတော့တာ ၇ နှစ်တိုင်ရှိနေပါပြီ။

အတိအကျပြောရရင် ၂၀၁၅ ကတည်းကဖြစ်ပြီး အဲဒီကနေ အခုချိန်ထိ

ကြားထဲမှာ အမြင့်ဆုံးဆိုလို့ ၂၀၁၈-၁၉ ရာသီက ဆီမီးတက်ခဲ့တာပဲ ရှိပါတယ်။

ဒါ့အပြင် အဲဒီအာဂျင်တီးနားကြယ်ပွင့်ဟာ ချန်ပီယံလိဂ်မှာ

နောက်ဆုံး ၂ ရာသီဆက်တိုက်အဖြစ် ၁၆ သင်းအဆင့်က ထွက်ခဲ့ရတာပါ။

ဒါ့အပြင် မက်ဆီဟာ ဘာစီလိုနာမှာတုန်းက သူ့ရဲ့ခါးသီးပြိုင်ဘက်ဖြစ်ခဲ့တဲ့

ရီးရဲလ်နဲ့နောက်ပိုင်းတွေ့ဆုံမှုတွေမှာလည်း လုံးဝခြေစွမ်းမပြနိုင်ခဲ့ပါဘူး။

မက်ဆီအနေနဲ့ ရီးရဲလ်နဲ့နောက်ဆုံးတွေ့ဆုံမှု ၉ ပွဲစလုံးမှာ

သွင်းဂိုးရော ဂိုးဖန်တီးမှုပါ ဇီးရိုးဖြစ်ခဲ့တာပါ။

ဒါကြောင့်လည်း မက်ဆီဟာ ပြီးဆုံးသွားပြီလို့ တချို့ပရိသတ်တွေက

ဆိုရှယ်မီဒီယာထက်မှာ ပြောနေကြပါတယ်။

zawgyi

ခ်န္ပီယံလိဂ္မွာေရာ ရီးရဲလ္နဲ႔ေနာက္ပိုင္းေတြ႕ဆုံမႈေတြမွာပါ က်ိန္စာသင့္ေနတဲ့ မက္ဆီ

၁၆ သင္းအဆင့္မွာ ရီးရဲလ္ရဲ႕ေနာက္ေကာက္ခ်ျခင္းခံခဲ့ရၿပီးေနာက္

ပီအက္စ္ဂ်ီအသင္းၿပိဳင္ပြဲက ထြက္ခဲ့ရမႈမွာ ပရိသတ္ေတြဟာ

အသင္းရဲ႕စူပါစတားမက္ဆီကို အျပစ္တင္ေနၾကပါတယ္။

ျဖစ္ခ်င္ေတာ့ မက္ဆီဟာ တိုက္စစ္ကစားေဖာ္အမ္ဘက္ပီလိုမဟုတ္ဘဲ

မက္ဒရစ္က ဒုတိယအေက်ာ့မွာလည္း ေျခစြမ္းျပႏိုင္ဖို႔ ႐ုန္းကန္ခဲ့ရတာပါ။

ပဲရစ္မွာ ကစားခဲ့တဲ့ ပထမအေက်ာ့တုန္းက ပင္နယ္တီတစ္လုံးမဝင္ခဲ့သလို

ရီးရဲလ္နဲ႔ႏွစ္ေက်ာ့စလုံးမွာလည္း ဘယ္ေခ်ာင္သြားပုန္းေနသလဲဆိုၿပီး

မက္ဆီကို ျပစ္တင္စြပ္စြဲေနၾကပါတယ္။

တကယ္လည္း မက္ဆီဟာ ခ်န္ပီယံလိဂ္မွာေရာ

ရီးရဲလ္နဲ႔ေနာက္ပိုင္းေတြ႕ဆုံမႈေတြမွာပါ က်ိန္စာသင့္သလို ျဖစ္ေနပါတယ္။

ဒီရာသီမွာ ၁၆ သင္းအဆင့္နဲ႔ပဲ ပီအက္စ္ဂ်ီေက်နပ္ခဲ့ရလို႔ မက္ဆီဟာ

ခ်န္ပီယံလိဂ္မွာ ဗိုလ္မစြဲေတာ့တာ ၇ ႏွစ္တိုင္ရွိေနပါၿပီ။

အတိအက်ေျပာရရင္ ၂၀၁၅ ကတည္းကျဖစ္ၿပီး အဲဒီကေန အခုခ်ိန္ထိ

ၾကားထဲမွာ အျမင့္ဆုံးဆိုလို႔ ၂၀၁၈-၁၉ ရာသီက ဆီမီးတက္ခဲ့တာပဲ ရွိပါတယ္။

ဒါ့အျပင္ အဲဒီအာဂ်င္တီးနားၾကယ္ပြင့္ဟာ ခ်န္ပီယံလိဂ္မွာ

ေနာက္ဆုံး ၂ ရာသီဆက္တိုက္အျဖစ္ ၁၆ သင္းအဆင့္က ထြက္ခဲ့ရတာပါ။

ဒါ့အျပင္ မက္ဆီဟာ ဘာစီလိုနာမွာတုန္းက သူ႔ရဲ႕ခါးသီးၿပိဳင္ဘက္ျဖစ္ခဲ့တဲ့

ရီးရဲလ္နဲ႔ေနာက္ပိုင္းေတြ႕ဆုံမႈေတြမွာလည္း လုံးဝေျခစြမ္းမျပႏိုင္ခဲ့ပါဘူး။

မက္ဆီအေနနဲ႔ ရီးရဲလ္နဲ႔ေနာက္ဆုံးေတြ႕ဆုံမႈ ၉ ပြဲစလုံးမွာ

သြင္းဂိုးေရာ ဂိုးဖန္တီးမႈပါ ဇီး႐ိုးျဖစ္ခဲ့တာပါ။

ဒါေၾကာင့္လည္း မက္ဆီဟာ ၿပီးဆုံးသြားၿပီလို႔ တခ်ိဳ႕ပရိသတ္ေတြက

ဆိုရွယ္မီဒီယာထက္မွာ ေျပာေနၾကပါတယ္။