ချန်ပီယံလိဂ်မှတ်တမ်းသစ်တွေအပြင် ပုလဲနက်ကြီးစံချိန်ကိုပါရိုက်ချိုးလိုက်တဲ့ မက်ဆီ

ဒီရာသီမက်ဆီရဲ့ခြေစွမ်းကတော့ ပြောစရာမရှိအောင်ကောင်းလွန်းနေပြီး အသက် ၃၅နှစ်ကျော်မှာ စံချိန်ကောင်းတွေနောက်ကိုဆက်လိုက်နေဆဲဖြစ်တယ်။

မက္ကာဘီဟိုင်ဖာကို ဂိုးပြတ်အနိုင်ရတဲ့ပွဲမှာထူးရှယ်ခြေစွမ်းထပ်ပြခဲ့တဲ့ မက်ဆီဟာ အဲဒီပွဲမှာ ကိုယ်တိုင် ၂ဂိုးသွင်းပြီး၊ ဂိုးဖန်တီးမှု ၂ကြိမ်လုပ်နိုင်ခဲ့ပါတယ်။

မက်ဆီအနေနဲ့ ချန်ပီယံလိဂ်သမိုင်းတလျှောက်တစ်ပွဲထဲမှာ သွင်းဂိုး ၂ဂိုးနဲ့ ဂိုးဖန်တီးမှု ၂ကြိမ်လုပ်နိုင်တဲ့

အသက်အကြီးဆုံးကစားသမား(၃၅နှစ်နဲ့ ၁၂၃ရက်) အဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။

၂၀၀၄-၀၅ ရာသီမှာ ချန်ပီယံလိဂ်စတင်ကစားခဲ့တဲ့ မက်ဆီဟာ လက်ရှိအချိန်အထိ

ဧရိယာပြင်ပကနေ ၂၄ဂိုးသွင်းထားနိုင်ပြီး ယင်းကာလအတွင်းမှာ ဘယ်ကစားသမားထက်မဆို ပိုကောင်းအောင်လုပ်ထားနိုင်ခဲ့ပါတယ်။

ဒီရာသီပြိုင်ပွဲစုံမှာ အာဂျင်တိုင်းသားက သွင်းဂိုး ၁၀ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၀ကြိမ်လုပ်ထားနိုင်ပြီး

ဥရောပထိပ်တန်းလိဂ် ၅ရပ်မှာ ဒီပမာဏကိုပထမဆုံးရရှိတဲ့ ကစားသမားအဖြစ်မှတ်တိုင်စိုက်ထူခဲ့ပါတယ်။

ဒါ့အပြင်ပိုပြီးဂုဏ်ယူစရာကောင်းတာက ဘရာဇီး ဂန္တဝင်ပီလီရဲ့ စံချိန်ကောင်းတစ်ခုကို ရိုက်ချိုးနိုင်လိုက်တာပဲဖြစ်တယ်။

မက်ဆီဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘ၀မှာ ဂိုးပါဝင်ပတ်သတ်မှု (သွင်းဂိုးနဲ့ ဂိုးဖန်တီး) ၁၁၂၇ ကြိမ်အထိရှိသွားပြီဖြစ်လို့

ပုလဲနက်ကြီးလို့ အားလုံးတင်စားခေါ်ဝေါ်ခဲ့တဲ့ ပီလီရဲ့ ဂိုးပါဝင်ပတ်သတ်နိုင်မှု (၁၁၂၆ကြိမ်) စံချိန်ကိုပါ ချိုးဖျက်သွားနိုင်ခဲ့တာပဲဖြစ်တယ်။

(Zawgyi)

ခ်န္ပီယံလိဂ္မွတ္တမ္းသစ္ေတြအျပင္ ပုလဲနက္ႀကီးစံခ်ိန္ကိုပါ႐ိုက္ခ်ိဳးလိုက္တဲ့ မက္ဆီ

ဒီရာသီမက္ဆီရဲ႕ေျခစြမ္းကေတာ့ ေျပာစရာမရွိေအာင္ေကာင္းလြန္းေနၿပီး အသက္ ၃၅ႏွစ္ေက်ာ္မွာ စံခ်ိန္ေကာင္းေတြေနာက္ကိုဆက္လိုက္ေနဆဲျဖစ္တယ္။

မကၠာဘီဟိုင္ဖာကို ဂိုးျပတ္အႏိုင္ရတဲ့ပြဲမွာထူးရွယ္ေျခစြမ္းထပ္ျပခဲ့တဲ့ မက္ဆီဟာ အဲဒီပြဲမွာ ကိုယ္တိုင္ ၂ဂိုးသြင္းၿပီး၊ ဂိုးဖန္တီးမႈ ၂ႀကိမ္လုပ္ႏိုင္ခဲ့ပါတယ္။

မက္ဆီအေနနဲ႔ ခ်န္ပီယံလိဂ္သမိုင္းတေလွ်ာက္တစ္ပြဲထဲမွာ သြင္းဂိုး ၂ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၂ႀကိမ္လုပ္ႏိုင္တဲ့ အသက္အႀကီးဆုံးကစားသမား(၃၅ႏွစ္နဲ႔ ၁၂၃ရက္) အျဖစ္မွတ္တမ္းဝင္ခဲ့ပါတယ္။

၂၀၀၄-၀၅ ရာသီမွာ ခ်န္ပီယံလိဂ္စတင္ကစားခဲ့တဲ့ မက္ဆီဟာ လက္ရွိအခ်ိန္အထိဧရိယာျပင္ပကေန

၂၄ဂိုးသြင္းထားႏိုင္ၿပီး ယင္းကာလအတြင္းမွာ ဘယ္ကစားသမားထက္မဆို ပိုေကာင္းေအာင္လုပ္ထားႏိုင္ခဲ့ပါတယ္။

ဒီရာသီၿပိဳင္ပြဲစုံမွာ အာဂ်င္တိုင္းသားက သြင္းဂိုး ၁၀ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁၀ႀကိမ္လုပ္ထားႏိုင္ၿပီး

ဥေရာပထိပ္တန္းလိဂ္ ၅ရပ္မွာ ဒီပမာဏကိုပထမဆုံးရရွိတဲ့ကစားသမားအျဖစ္မွတ္တိုင္စိုက္ထူခဲ့ပါတယ္။

ဒါ့အျပင္ပိုၿပီးဂုဏ္ယူစရာေကာင္းတာက ဘရာဇီး ဂႏၲဝင္ပီလီရဲ႕ စံခ်ိန္ေကာင္းတစ္ခုကို႐ိုက္ခ်ိဳးႏိုင္လိုက္တာပဲျဖစ္တယ္။

မက္ဆီဟာ ပေရာ္ဖက္ရွင္နယ္ကစားသမားဘ၀မွာ ဂိုးပါဝင္ပတ္သတ္မႈ(သြင္းဂိုးနဲ႔ ဂိုးဖန္တီး) ၁၁၂၇ ႀကိမ္အထိရွိသြားၿပီျဖစ္လို႔

ပုလဲနက္ႀကီးလို႔အားလုံးတင္စားေခၚေဝၚခဲ့တဲ့ ပီလီရဲ႕ ဂိုးပါဝင္ပတ္သတ္ႏိုင္မႈ(၁၁၂၆ႀကိမ္) စံခ်ိန္ကိုပါ ခ်ိဳးဖ်က္သြားႏိုင္ခဲ့တာပဲျဖစ္တယ္။