ချန်ပီယံလိဂ်ဗိုလ်လုပွဲက လီဗာပူးအတွက် ပိုခက်ခဲနိုင်တဲ့အကြောင်း ရှင်းပြလာတဲ့ ကော်တိုရစ်

ရီးရဲလ်အသင်းဂိုးသမား ကော်တိုရစ်က လီဗာပူးအနေနဲ့

ပရီးမီးယားလိဂ်မှာ ချန်ပီယံဖြစ်ရေးအတွက် မန်စီးတီးနဲ့
အားပြိုင်နေရမှုက ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ခြေကုန်လက်ပန်း
ကျနေလိမ့်မယ်လို့ အခိုင်အမာပြောလိုက်ပါတယ်။
ယခုနှစ်ချန်ပီယံလိဂ်ဗိုလ်လုပွဲကို မေလ ၂၈ ရက်နေ့၊
ပဲရစ်မှာ ကျင်းပမှာဖြစ်ပြီး ၂၀၁၈ ဗိုလ်လုပွဲ

တစ်ကျော့ပြန်ပွဲအဖြစ် ရီးရဲလ်နဲ့ လီဗာပူးတို့ အားပြိုင်ရမှာဖြစ်ပါတယ်။
ရီးရဲလ်ဟာ ထူးထူးခြားခြားအဖြစ် ၁၆သင်းအဆင့်၊
ကွာတားဖိုင်နယ်နဲ့ ဆီမီးဖိုင်နယ်တွေမှာ ပီအက်စ်ဂျီ၊
ချဲလ်ဆီးနဲ့ မန်စီးတီးတို့ကို Comeback နိုင်ပွဲတွေနဲ့အတူ
ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပြီး ဆီမီးဖိုင်နယ်မှာ

မန်စီးတီးကို အံ့အားသင့်ဖွယ် ၃-၁ ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။
”လီဗာပူးက ဒီရာသီမှာ ကစားပုံအရမ်းကောင်းနေပြီး
ဗိုလ်လုပွဲက တကယ့်ကိုခက်ခဲတဲ့ပွဲဖြစ်လာမှာပါ။
ကျွန်တော်တို့အတွက် အကောင်းဘက်က တွေးရင်
ချန်ပီယံလိဂ်ဗိုလ်လုပွဲမတိုင်ခင် လက်ကျန်ပွဲတွေက

ဘာမှအရေးမပါတော့လို့ ဗိုလ်လုပွဲအတွက်
အေးအေးဆေးဆေး အားဖြည့်အနားယူလို့ရတာပါ။
လီဗာပူးကတော့ အခုချိန်အထိ ပရီးမီးယားလိဂ်
ချန်ပီယံဆုအတွက် အားပြိုင်နေရပါတယ်။
ဒီတော့ သူတို့က ကျွန်တော်တို့ထက်စာရင် ပိုပင်ပန်းနေနိုင်ပါတယ်။

ဒါပေမဲ့ ကျွန်တော်တို့ဘက်ကလည်း ထရိန်နင်
အားကုန်ဆင်းပြီး ကောင်းကောင်းကစားနိုင်ဖို့ လိုအပ်ပါတယ်။
ပြီးတော့ အနိုင်ရဖို့လည်း မျှော်လင့်ပါတယ်”လို့
ကော်တိုရစ်က ပြောပါတယ်။
ရီးရဲလ်က လာလီဂါမှာ ရာသီမကုန်ခင်မှာပဲ

ချန်ပီယံအဖြစ် အောင်ပွဲခံထားပြီးဖြစ်ပေမယ့်
လီဗာပူးကတော့ ရာသီကုန်ဖို့ ၄ပွဲအလိုမှာ
အမှတ်ပေးဇယားထိပ်ဆုံးက မန်စီးတီးနဲ့
၁ မှတ်အကွာ ဒုတိယနေရာမှာ ရပ်တည်နေပြီး
ဖလား ၄လုံးမျှော်လင့်ချက် အပြည့်ရှိနေပါတယ်။

လီဗာပူးဟာ အက်ဖ်အေဖလား ဗိုလ်လုပွဲလည်း
ကစားရဦးမှာဖြစ်ပြီး မေလ ၁၄ ရက်နေ့မှာ
ချဲလ်ဆီးနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

Zawgyi

ခ်န္ပီယံလိဂ္ဗိုလ္လုပြဲက လီဗာပူးအတြက္ ပိုခက္ခဲႏိုင္တဲ့အေၾကာင္း ရွင္းျပလာတဲ့ ေကာ္တိုရစ္
ရီးရဲလ္အသင္းဂုိးသမား ေကာ္တိုရစ္က လီဗာပူးအေနနဲ႔
ပရီးမီးယားလိဂ္မွာ ခ်န္ပီယံျဖစ္ေရးအတြက္ မန္စီးတီးနဲ႔
အားၿပိဳင္ေနရမႈက ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ ေျခကုန္လက္ပန္း

က်ေနလိမ့္မယ္လုိ႔ အခုိင္အမာေျပာလုိက္ပါတယ္။
ယခုႏွစ္ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကို ေမလ ၂၈ ရက္ေန႔၊
ပဲရစ္မွာ က်င္းပမွာျဖစ္ၿပီး ၂၀၁၈ ဗိုလ္လုပြဲ
တစ္ေက်ာ့ျပန္ပြဲအျဖစ္ ရီးရဲလ္နဲ႔ လီဗာပူးတို႔ အားၿပိဳင္ရမွာျဖစ္ပါတယ္။
ရီးရဲလ္ဟာ ထူးထူးျခားျခားအျဖစ္ ၁၆သင္းအဆင့္၊

ကြာတားဖိုင္နယ္နဲ႔ ဆီမီးဖုိင္နယ္ေတြမွာ ပီအက္စ္ဂ်ီ၊
ခ်ဲလ္ဆီးနဲ႔ မန္စီးတီးတုိ႔ကို Comeback ႏိုင္ပြဲေတြနဲ႔အတူ
ေက်ာ္ျဖတ္ႏိုင္ခဲ့တာျဖစ္ၿပီး ဆီမီးဖုိင္နယ္မွာ
မန္စီးတီးကို အံ့အားသင့္ဖြယ္ ၃-၁ ဂိုးနဲ႔အႏိုင္ရခဲ့ပါတယ္။
”လီဗာပူးက ဒီရာသီမွာ ကစားပုံအရမ္းေကာင္းေနၿပီး

ဗိုလ္လုပြဲက တကယ့္ကိုခက္ခဲတဲ့ပြဲျဖစ္လာမွာပါ။
ကၽြန္ေတာ္တုိ႔အတြက္ အေကာင္းဘက္က ေတြးရင္
ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမတုိင္ခင္ လက္က်န္ပြဲေတြက
ဘာမွအေရးမပါေတာ့လုိ႔ ဗိုလ္လုပြဲအတြက္
ေအးေအးေဆးေဆး အားျဖည့္အနားယူလုိ႔ရတာပါ။

လီဗာပူးကေတာ့ အခုခ်ိန္အထိ ပရီးမီးယားလိဂ္
ခ်န္ပီယံဆုအတြက္ အားၿပိဳင္ေနရပါတယ္။
ဒီေတာ့ သူတုိ႔က ကၽြန္ေတာ္တုိ႔ထက္စာရင္ ပိုပင္ပန္းေနႏိုင္ပါတယ္။
ဒါေပမဲ့ ကၽြန္ေတာ္တုိ႔ဘက္ကလည္း ထရိန္နင္
အားကုန္ဆင္းၿပီး ေကာင္းေကာင္းကစားႏိုင္ဖို႔ လိုအပ္ပါတယ္။

ၿပီးေတာ့ အႏိုင္ရဖို႔လည္း ေမွ်ာ္လင့္ပါတယ္”လို႔
ေကာ္တိုရစ္က ေျပာပါတယ္။
ရီးရဲလ္က လာလီဂါမွာ ရာသီမကုန္ခင္မွာပဲ
ခ်န္ပီယံအျဖစ္ ေအာင္ပြဲခံထားၿပီးျဖစ္ေပမယ့္
လီဗာပူးကေတာ့ ရာသီကုန္ဖို႔ ၄ပြဲအလုိမွာ

အမွတ္ေပးဇယားထိပ္ဆုံးက မန္စီးတီးနဲ႔
၁ မွတ္အကြာ ဒုတိယေနရာမွာ ရပ္တည္ေနၿပီး
ဖလား ၄လုံးေမွ်ာ္လင့္ခ်က္ အျပည့္ရွိေနပါတယ္။
လီဗာပူးဟာ အက္ဖ္ေအဖလား ဗိုလ္လုပြဲလည္း
ကစားရဦးမွာျဖစ္ၿပီး ေမလ ၁၄ ရက္ေန႔မွာ

ခ်ဲလ္ဆီးနဲ႔ ရင္ဆုိင္ရမွာျဖစ္ပါတယ္။