
ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ
လီဗာပူးကို ရီးရဲလ်အသင်း
အနိုင်ရခဲ့ပြီးနောက် ရီးရဲလ်ကွင်းလယ်လူ
မိုဒရစ်က လီဗာပူးတိုက်စစ်မှူး
ဆာလာကို နောက်တစ်ကြိမ်
ထပ်ကြိုးစားပါဦးလို့ ပြောလိုက်ပါတယ်။
ရီးရဲလ်ဟာ ဗင်နီစီးယပ်စ်ရဲ့
ဒုတိယပိုင်းသွင်းဂိုးကြောင့်
လီဗာပူးကို ၁-၀ ဂိုးနဲ့အနိုင်ရခဲ့တာဖြစ်ပြီး
အသင်းသမိုင်းတစ်လျှောက်
၁၄ ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားလည်း
ဖြစ်လာခဲ့ပါတယ်။
ဗိုလ်လုပွဲမတိုင်ခင် ဆာလာက
၂၀၁၈ ဖိုင်နယ်ပွဲမှာ ဒဏ်ရာ
စောစောစီးစီးရခဲ့ပြီးနောက်
ဖြေရှင်းစရာတွေရှိတယ်ဆိုပြီး
ရီးရဲလ်နဲ့ပဲ တွေ့ချင်တယ်လို့ ဆိုခဲ့ပါတယ်။
ဒါပေမဲ့ ဆာလာဟာ သူ
ရည်မှန်းထားသလိုဖြစ်မလာခဲ့တဲ့အပြင်
ရီးရဲလ်အသင်းလူငယ်ကစားသမား
ရိုဒရီဂိုက ပွဲအပြီးမှာ အသင်းဖော်မိုဒရစ်က
ဆာလာကို Trolled ခဲ့သေးတယ်လို့ ပြောပါတယ်။
”ချန်ပီယံလိဂ်ဗိုလ်လုပွဲအပြီးမှာ
မိုဒရစ်က ဆာလာအရှေ့သွားပြီး
နောက်တစ်ခါ ထပ်ကြိုးစားပေါ့ကွာလို့ ပြောခဲ့ပါတယ်”လို့
ဘရာဇီးသား ရိုဒရီဂိုက ပြောပါတယ်။
လီဗာပူးဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ
အနိုင်ရဖို့ ရေပန်းစားခဲ့တာဖြစ်ပြီး
ရီးရဲလ်က ဒီအဆင့်ကို ရောက်လာဖို့
ခက်ခဲကြမ်းတမ်းတဲ့လမ်းကို လျှောက်ခဲ့ရပါတယ်။
အန်ဆလော့တီရဲ့အသင်းဟာ ဗိုလ်လုပွဲကို
ရောက်ဖို့ ပီအက်စ်ဂျီ၊ လက်ရှိချန်ပီယံ
ချဲလ်ဆီးနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့တဲ့
မန်စီးတီးတို့ကို ခက်ခက်ခဲခဲကျော်ဖြတ်ခဲ့ရပြီး
ရိုဒရီဂိုက ချဲလ်ဆီးနဲ့စီးတီးကို
အံ့အားသင့်ဖွယ် Comeback နိုင်ပွဲ
ရယူခဲ့ရာမှာ နောက်ကျဂိုးတွေ သွင်းယူနိုင်ခဲ့ပါတယ်။
Zawgyi
ခ်န္ပီယံလိဂ္ဗိုလ္လုပြဲအၿပီးမွာ ဆာလာကို ေကာင္းေကာင္းႀကီး Trolled လုိက္တဲ့ မိုဒရစ္
ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ
လီဗာပူးကို ရီးရဲလ္အသင္း
အႏိုင္ရခဲ့ၿပီးေနာက္ ရီးရဲလ္ကြင္းလယ္လူ
မုိဒရစ္က လီဗာပူးတုိက္စစ္မွဴး
ဆာလာကို ေနာက္တစ္ႀကိမ္
ထပ္ႀကိဳးစားပါဦးလုိ႔ ေျပာလိုက္ပါတယ္။
ရီးရဲလ္ဟာ ဗင္နီစီးယပ္စ္ရဲ႕
ဒုတိယပိုင္းသြင္းဂိုးေၾကာင့္
လီဗာပူးကို ၁-၀ ဂိုးနဲ႔အႏုိင္ရခဲ့တာျဖစ္ၿပီး
အသင္းသမုိင္းတစ္ေလွ်ာက္
၁၄ ႀကိမ္ေျမာက္ ခ်န္ပီယံလိဂ္ဖလားလည္း
ျဖစ္လာခဲ့ပါတယ္။
ဗိုလ္လုပြဲမတုိင္ခင္ ဆာလာက
၂၀၁၈ ဖိုင္နယ္ပြဲမွာ ဒဏ္ရာ
ေစာေစာစီးစီးရခဲ့ၿပီးေနာက္
ေျဖရွင္းစရာေတြရွိတယ္ဆုိၿပီး
ရီးရဲလ္နဲ႔ပဲ ေတြ႕ခ်င္တယ္လုိ႔ ဆုိခဲ့ပါတယ္။
ဒါေပမဲ့ ဆာလာဟာ သူ
ရည္မွန္းထားသလုိျဖစ္မလာခဲ့တဲ့အျပင္
ရီးရဲလ္အသင္းလူငယ္ကစားသမား
ရိုဒရီဂိုက ပြဲအၿပီးမွာ အသင္းေဖာ္မိုဒရစ္က
ဆာလာကို Trolled ခဲ့ေသးတယ္လုိ႔ ေျပာပါတယ္။
”ခ်န္ပီယံလိဂ္ဗိုလ္လုပြဲအၿပီးမွာ
မုိဒရစ္က ဆာလာအေရွ႕သြားၿပီး
ေနာက္တစ္ခါ ထပ္ႀကိဳးစားေပါ့ကြာလုိ႔ ေျပာခဲ့ပါတယ္”လုိ႔
ဘရာဇီးသား ရိုဒရီဂိုက ေျပာပါတယ္။
လီဗာပူးဟာ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ
အႏိုင္ရဖို႔ ေရပန္းစားခဲ့တာျဖစ္ၿပီး
ရီးရဲလ္က ဒီအဆင့္ကို ေရာက္လာဖို႔
ခက္ခဲၾကမ္းတမ္းတဲ့လမ္းကို ေလွ်ာက္ခဲ့ရပါတယ္။
အန္ဆေလာ့တီရဲ႕အသင္းဟာ ဗိုလ္လုပြဲကို
ေရာက္ဖို႔ ပီအက္စ္ဂ်ီ၊ လက္ရွိခ်န္ပီယံ
ခ်ဲလ္ဆီးနဲ႔ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ခဲ့တဲ့
မန္စီးတီးတို႔ကို ခက္ခက္ခဲခဲေက်ာ္ျဖတ္ခဲ့ရၿပီး
ရိုဒရီဂိုက ခ်ဲလ္ဆီးနဲ႔စီးတီးကို
အံ့အားသင့္ဖြယ္ Comeback ႏိုင္ပြဲ
ရယူခဲ့ရာမွာ ေနာက္က်ဂိုးေတြ သြင္းယူႏုိင္ခဲ့ပါတယ္။