
လီဗာပူးနဲ့ ရီးရဲလ်တို့ဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်တွေ့ဆုံမှုမတိုင်ခင်မှာ





ဒဏ်ရာပြဿနာတွေနဲ့ကိုယ်စီရုန်းကန်နေရတယ်လို့ sportbible ကဖော်ပြခဲ့ပါတယ်။
၂၀၂၂ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာတွေ့ဆုံခဲ့တဲ့နှစ်သင်းဟာ ဒီရာသီမှာတော့





၁၆ သင်းအဆင့်မှာတင်ထိပ်တိုက်ရင်ဆိုင်ရမှာဖြစ်ပြီး ဖေဖော်ဝါရီ ၂၁ ရက်နေ့အရောက်
အန်ဖီးလ်မှာတွေ့ဆုံမှာဖြစ်သလို ဒုတိယအကျော့ကိုတော့ မတ်လ ၁၅ ရက်နေ့မှာ
ဘာနေဗျူးကွင်းထဲရင်ဆိုင်ရမှာပါ။ ရီးရဲလ်ရဲ့ ဦးစားပေးဘယ်နောက်ခံလူ





ဖာလန်မန်ဒီဟာ တီကို ကို ၃-၁ နဲ့အနိုင်ရတဲ့ပွဲစဉ်မှာ တံကောက်ကြောဒဏ်ရာရရှိခဲ့ပြီး
လီဗာပူးနဲ့နှစ်ကျော့စလုံးကိုလွဲချော်တော့မှာဖြစ်တယ်။ စပိန်သတင်းစာ Diario AS ရဲ့





ဖော်ပြချက်မှာတော့ ပြင်သစ်ကြယ်ပွင့်ဟာ ဧပြီလအထိအနားယူရဖို့ရှိတယ်လို့သိရပါတယ်။
အခြားတစ်ဖက်မှာလည်း ကြိုးကြာမီတွေဟာ ဒဏ်ရာရကစားသမားများလွန်းနေတာဖြစ်တယ်။
လီဗာပူးရဲ့ လက်ရှိဒဏ်ရာရစာရင်းထဲမှာ လူးဝစ်ဒိုင်ယက်ဇ်၊ ဂျိုတာ၊ ဗန်ဒိုက်၊ ဖာမီနို၊ အာသာတို့အပြင်





နောက်ဆုံးသတင်းအရ နောက်ခံလူကိုနာတေးဟာလည်း တံကောက်ကြောဒဏ်ရာကြောင့်
၃ ပတ်နားရတော့မယ်လို့ သိရပါတယ်။ ကိုနာတေးရဲ့ဒဏ်ရာနဲ့ပက်သတ်လို့





The Times သတင်းစာရဲ့ဂျာနယ်လစ် ပေါလ်ဂျွိုက်စ်က “ကိုနာတေးဟာ
တံကောက်ကြောဒဏ်ရာကြောင့် ၃ ပတ်နားရဖို့ရှိပါတယ်။
လီဗာပူး ဗဟိုနောက်ခံလူဟာ ဝုဗ်၊ အဲဗာတန်၊ နယူးကာဆယ်၊ ယူနိုက်တက်နဲ့ပွဲစဉ်တွေအပြင်





ရီးရဲလ်နဲ့ချန်ပီယံလိဂ်ပွဲကိုပါလွဲချော်ဖို့ရှိနေပါတယ်” လို့ အသိပေးထားပါတယ်။
လက်ရှိအခြေအနေအရတော့ လီဗာပူးဟာ ရီးရဲလ်နဲ့ပွဲစဉ်အတွက် ဗဟိုခံစစ်မှာ





စီနီယာကစားသမားတွေအဖြစ် မာတစ်နဲ့ ဂျိုးဂိုမက်ဇ်တု့သာ ကျန်ရှိတော့တာဖြစ်တယ်။
zawgyi
ခ်န္ပီယံလိဂ္ပြဲစဥ္မတိုင္ခင္မွာ လီဗာပူးနဲ႔ ရီးရဲလ္တို႔ ဒဏ္ရာခ်င္းၿပိဳင္ဘယ္သူႏိုင္ပုံစံနဲ႔ အၿပိဳင္အဆိုင္႐ုန္းကန္ေနရ





လီဗာပူးနဲ႔ ရီးရဲလ္တို႔ဟာ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ေတြ႕ဆုံမႈမတိုင္ခင္မွာ
ဒဏ္ရာျပႆနာေတြနဲ႔ကိုယ္စီ႐ုန္းကန္ေနရတယ္လို႔ sportbible ကေဖာ္ျပခဲ့ပါတယ္။





၂၀၂၂ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာေတြ႕ဆုံခဲ့တဲ့ႏွစ္သင္းဟာ ဒီရာသီမွာေတာ့
၁၆ သင္းအဆင့္မွာတင္ထိပ္တိုက္ရင္ဆိုင္ရမွာျဖစ္ၿပီး ေဖေဖာ္ဝါရီ ၂၁ ရက္ေန႔အေရာက္
အန္ဖီးလ္မွာေတြ႕ဆုံမွာျဖစ္သလို ဒုတိယအေက်ာ့ကိုေတာ့ မတ္လ ၁၅ ရက္ေန႔မွာ





ဘာေနဗ်ဴးကြင္းထဲရင္ဆိုင္ရမွာပါ။ ရီးရဲလ္ရဲ႕ ဦးစားေပးဘယ္ေနာက္ခံလူ
ဖာလန္မန္ဒီဟာ တီကို ကို ၃-၁ နဲ႔အႏိုင္ရတဲ့ပြဲစဥ္မွာ တံေကာက္ေၾကာဒဏ္ရာရရွိခဲ့ၿပီး





လီဗာပူးနဲ႔ႏွစ္ေက်ာ့စလုံးကိုလြဲေခ်ာ္ေတာ့မွာျဖစ္တယ္။ စပိန္သတင္းစာ Diario AS ရဲ႕
ေဖာ္ျပခ်က္မွာေတာ့ ျပင္သစ္ၾကယ္ပြင့္ဟာ ဧၿပီလအထိအနားယူရဖို႔ရွိတယ္လို႔သိရပါတယ္။
အျခားတစ္ဖက္မွာလည္း ႀကိဳးၾကာမီေတြဟာ ဒဏ္ရာရကစားသမားမ်ားလြန္းေနတာျဖစ္တယ္။





လီဗာပူးရဲ႕ လက္ရွိဒဏ္ရာရစာရင္းထဲမွာ လူးဝစ္ဒိုင္ယက္ဇ္၊ ဂ်ိဳတာ၊ ဗန္ဒိုက္၊ ဖာမီႏို၊ အာသာတို႔အျပင္
ေနာက္ဆုံးသတင္းအရ ေနာက္ခံလူကိုနာေတးဟာလည္း တံေကာက္ေၾကာဒဏ္ရာေၾကာင့္





၃ ပတ္နားရေတာ့မယ္လို႔ သိရပါတယ္။ ကိုနာေတးရဲ႕ဒဏ္ရာနဲ႔ပက္သတ္လို႔
The Times သတင္းစာရဲ႕ဂ်ာနယ္လစ္ ေပါလ္ဂြၽိဳက္စ္က “ကိုနာေတးဟာ
တံေကာက္ေၾကာဒဏ္ရာေၾကာင့္ ၃ ပတ္နားရဖို႔ရွိပါတယ္။





လီဗာပူး ဗဟိုေနာက္ခံလူဟာ ဝုဗ္၊ အဲဗာတန္၊ နယူးကာဆယ္၊ ယူႏိုက္တက္နဲ႔ပြဲစဥ္ေတြအျပင္
ရီးရဲလ္နဲ႔ခ်န္ပီယံလိဂ္ပြဲကိုပါလြဲေခ်ာ္ဖို႔ရွိေနပါတယ္” လို႔ အသိေပးထားပါတယ္။





လက္ရွိအေျခအေနအရေတာ့ လီဗာပူးဟာ ရီးရဲလ္နဲ႔ပြဲစဥ္အတြက္ ဗဟိုခံစစ္မွာ
စီနီယာကစားသမားေတြအျဖစ္ မာတစ္နဲ႔ ဂ်ိဳးဂိုမက္ဇ္တု႔သာ က်န္ရွိေတာ့တာျဖစ္တယ္။