
မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကွာတားဖိုင်နယ်အဆင့်ကို
တက်လှမ်းနိုင်ခဲ့တဲ့နောက် နည်းပြပက်ပ်ဂွါဒီယိုလာက
သူ့ရဲ့ကျေနပ်နေမှုအပေါ် ဖွင့်ဟပြောဆိုလာခဲ့တာပါ။
မန်စီးတီး အသင်းဟာ ပထမအကျော့ကတည်းက ၅ဂိုးပြတ် နိုင်ခဲ့လို့
ကွာတားဖိုင်နယ်ကို ခြေတစ်ဖက်လှမ်းထားပြီ ဖြစ်ပြီး
ယမန်နေ့ညကတော့ အီတီဟတ်မှာ ဂိုးမရှိ သရေကစားကာ
နောက်တစ်ဆင့်ကို သက်သောင့်သက်သာ တက်ရောက်နိုင်ခဲ့ပါတယ်။
ပွဲအပြီးမှာနည်းပြပက်ပ်ဂွါဒီယိုလာက “ကျွန်တော်တို့တကယ်ကျေနပ်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ နှစ်ကျော့လုံးမှာကစားခဲ့တဲ့ခြေစွမ်းအရ
ကွာတားဖိုင်နယ်ကိုတက်လှမ်းသင့်ပါတယ်”
“ပထမပိုင်းမှာကျွန်တော်တို့ ဒုတိယပိုင်းကထက် ပိုကောင်းအောင်ကစားနိုင်ခဲ့တယ်။
ကျွန်တော်တို့ aggressive ဆန်ဆန်ကစားခဲ့တယ်။ အခွင့်အရေးများစွာဖန်တီးနိုင်ခဲ့တယ်”
“ကျွန်တော်တို့က ဥရောပရဲ့အကောင်းဆုံး၈သင်းထဲရောက်နေပါပြီ။
သေသေချာချာလည်းပြင်ဆင်ထားတယ်။ နောက်လာမယ့်သောကြာနေ့မှာ မဲခွဲပွဲရှိတယ်။
အဲဒါပြီးရင်လည်း ဆက်ပြီးပြင်ဆင်နေမှာပါ”
“ဒီအဆင့်ကိုရောက်လာတာ တကယ့်ဂုဏ်ယူစရာပါ။
တချို့အသင်းတွေဆို ဒီအဆင့်ကိုတောင်ရောက်မလာနိုင်ဘူး။
နောက်တစ်ပတ်ကျရင် ဘာဆက်ဖြစ်မယ်ဆိုတာ စောင့်ကြည့်ကြတာပေါ့” လို့ပြောခဲ့တာပါ။
ကွာတားဖိုင်နယ်ကိုတက်လှမ်းသွားပြီဖြစ်တဲ့မန်စီးတီးဟာ
မဲခွဲပွဲပြုလုပ်တဲ့အခါမှာတော့ တစ်နိုင်ငံတည်းသားအင်္ဂလန်အသင်းတွေနဲ့
ရင်ဆိုင်ရဖို့အခွင့်အရေးတွေရှိလာတာပါ။
zawgyi
ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ကြာတားဖိုင္နယ္အဆင့္ကို တက္လွမ္းႏိုင္ခဲ့လို႔ ဂုဏ္ယူေနတဲ့ ဂြာဒီယိုလာ
မန္စီးတီးအသင္းဟာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ကြာတားဖိုင္နယ္အဆင့္ကို
တက္လွမ္းႏိုင္ခဲ့တဲ့ေနာက္ နည္းျပပက္ပ္ဂြါဒီယိုလာက
သူ႔ရဲ႕ေက်နပ္ေနမႈအေပၚ ဖြင့္ဟေျပာဆိုလာခဲ့တာပါ။
မန္စီးတီး အသင္းဟာ ပထမအေက်ာ့ကတည္းက ၅ဂိုးျပတ္ ႏိုင္ခဲ့လို႔
ကြာတားဖိုင္နယ္ကို ေျခတစ္ဖက္လွမ္းထားၿပီ ျဖစ္ၿပီး
ယမန္ေန႔ညကေတာ့ အီတီဟတ္မွာ ဂိုးမရွိ သေရကစားကာ
ေနာက္တစ္ဆင့္ကို သက္ေသာင့္သက္သာ တက္ေရာက္ႏိုင္ခဲ့ပါတယ္။
ပြဲအၿပီးမွာနည္းျပပက္ပ္ဂြါဒီယိုလာက “ကြၽန္ေတာ္တို႔တကယ္ေက်နပ္ပါတယ္။
ဘာျဖစ္လို႔လဲဆိုေတာ့ ႏွစ္ေက်ာ့လုံးမွာကစားခဲ့တဲ့ေျခစြမ္းအရ
ကြာတားဖိုင္နယ္ကိုတက္လွမ္းသင့္ပါတယ္”
“ပထမပိုင္းမွာကြၽန္ေတာ္တို႔ ဒုတိယပိုင္းကထက္ ပိုေကာင္းေအာင္ကစားႏိုင္ခဲ့တယ္။
ကြၽန္ေတာ္တို႔ aggressive ဆန္ဆန္ကစားခဲ့တယ္။ အခြင့္အေရးမ်ားစြာဖန္တီးႏိုင္ခဲ့တယ္”
“ကြၽန္ေတာ္တို႔က ဥေရာပရဲ႕အေကာင္းဆုံး၈သင္းထဲေရာက္ေနပါၿပီ။
ေသေသခ်ာခ်ာလည္းျပင္ဆင္ထားတယ္။ ေနာက္လာမယ့္ေသာၾကာေန႔မွာ မဲခြဲပြဲရွိတယ္။
အဲဒါၿပီးရင္လည္း ဆက္ၿပီးျပင္ဆင္ေနမွာပါ”
“ဒီအဆင့္ကိုေရာက္လာတာ တကယ့္ဂုဏ္ယူစရာပါ။
တခ်ိဳ႕အသင္းေတြဆို ဒီအဆင့္ကိုေတာင္ေရာက္မလာႏိုင္ဘူး။
ေနာက္တစ္ပတ္က်ရင္ ဘာဆက္ျဖစ္မယ္ဆိုတာ ေစာင့္ၾကည့္ၾကတာေပါ့” လို႔ေျပာခဲ့တာပါ။
ကြာတားဖိုင္နယ္ကိုတက္လွမ္းသြားၿပီျဖစ္တဲ့မန္စီးတီးဟာ
မဲခြဲပြဲျပဳလုပ္တဲ့အခါမွာေတာ့ တစ္ႏိုင္ငံတည္းသားအဂၤလန္အသင္းေတြနဲ႔
ရင္ဆိုင္ရဖို႔အခြင့္အေရးေတြရွိလာတာပါ။