ချန်ပီယံလိဂ်ဆိုတာ လမ်းအဖြောင့်ကြီးမဟုတ်ဘူးဆိုတဲ့ ဂရေဟမ်ပေါ်တာ

သြစတြီးယားကလပ် ဆဲလ်ဘတ်အသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရတဲ့ ပွဲစဉ်အပြီး မှာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့ပြီဖြစ်ပေမယ့်လည်း ချန်ပီယံလိဂ်ဆိုတာက ဖြောင့်ဖြူးတဲ့ လမ်းမျိုးတော့ မဟုတ်ဘူးလို့ ချဲလ်ဆီး နည်းပြ ဂရေဟမ်ပေါ်တာက ပြောဆိုခဲ့ပါတယ်။

ချဲလ်ဆီးဟာ ချန်ပီယံလိဂ် အုပ်စု (E) ရဲ့ အုပ်စုဗိုလ်နေရာမှာ ရမှတ် ၁၀ မှတ် ရရှိနေပြီး နောက်တစ်ဆင့် ကို အုပ်စုဗိုလ်အဖြစ်နဲ့ တက်ခွင့်ရဖို့ သေချာသလောက် ရှိသွားပြီဖြစ်ပါတယ်။

ဒါ့အပြင် ပေါ်တာဟာ ချဲလ်ဆီးကို ရောက်လာပြီးကတည်းက ပြိုင်ပွဲစုံ ရှုံးပွဲ လုံးဝမရှိသေးတဲ့ နည်းပြလည်း ဖြစ်နေပါတယ်။

လာမယ့်တစ်ပတ်မှာတော့ နည်းပြပေါ်တာဟာ သူ့ရဲ့ အသင်းဟောင်းဖြစ်တဲ့ ဘရိုက်တန်နဲ့ ပရီးမီးယား လိဂ်ပွဲစဉ်ကို ပြန်လည်ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။

ချဲလ်ဆီးအနေနဲ့ အခုလိုမျိုး ရလဒ်ကောင်းတွေ ရနေပြီး အထူးသဖြင့် ချန်ပီယံလိဂ်လို ပြိုင်ပွဲမျိုးမှာ စောစောစီးစီးနဲ့ နောက်တစ်ဆင့် တက်ထားနိုင်ပေမယ့်လည်း ဥရောပ ပြိုင်ပွဲ ဆိုတာမျိုးကို ဖြောင့်ဖြူးသာယာတဲ့ လမ်းမျိုး မဟုတ်ဘူးလို့ ပေါ်တာက သတိ ပေးသွားခဲ့ပါတယ်။

‘’ဒီပြိုင်ပွဲက သာယာဖြောင့်ဖြူးတဲ့ လမ်းခရီးတော့ ဖြစ်လာ မှာ မဟုတ်ဘူး။ ကျွန်တော်တို့မှာ ကစားဖို့အတွက် ပွဲတွေအများကြီး ရှိနေသေးတယ်။

အဓိက ကစားသမားတချို့ကို ဆုံးရှုံးထားရလို့ တချို့နေရာတွေမှာ အလျဉ်ပြတ်နေတာလေးတွေရှိတယ်။ ဒါပေမဲ့ ကြိုးစားအားထုတ်မှု ကောင်းခဲ့ကြတဲ့ ကစားသမားတွေကို အသိအမှတ်ပြုရမှာပါ။

သူတို့က ပရီးမီးယားလိဂ်မှာ ရမှတ်တွေ ရယူနိုင်ခဲ့သလို ချန်ပီယံလိဂ်မှာ နောက်တစ်ဆင့် ကို တက်ရောက်နိုင်ခဲ့တာကလည်း အားလုံးရဲ့ အံ့အားသင့်စရာ ကြိုးစားအားထုတ်မှုတွေပဲ ဖြစ်ပါတယ်။

ဒါက လမ်းအဖြောင့်ကြီး ဖြစ်လာမှာ မဟုတ် ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ဟာ ဦးတည်ထားတဲ့ လမ်းကြောင်းအတိုင်း နောက် တစ်လှမ်း လှမ်းနိုင်ခဲ့ပြီး ဒီညမှာ အဲဒီလို လုပ်နိုင်ခဲ့တယ်လို့ ထင်တယ်’’ လို့ ပေါ်တာက ပြောဆိုသွားခဲ့ပါတယ်။

(Zawgyi)

ခ်န္ပီယံလိဂ္ဆိုတာ လမ္းအေျဖာင့္ႀကီးမဟုတ္ဘူးဆိုတဲ့ ဂေရဟမ္ေပၚတာ

ၾသစႀတီးယားကလပ္ ဆဲလ္ဘတ္အသင္းကို ၂-၁ ဂိုးနဲ႔ အႏိုင္ရတဲ့ ပြဲစဥ္အၿပီး မွာ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ကို တက္ေရာက္ႏိုင္ခဲ့ၿပီျဖစ္ေပမယ့္လည္း ခ်န္ပီယံလိဂ္ဆိုတာက ေျဖာင့္ျဖဴးတဲ့ လမ္းမ်ိဳးေတာ့ မဟုတ္ဘူးလို႔ ခ်ဲလ္ဆီး နည္းျပ ဂေရဟမ္ေပၚတာက ေျပာဆိုခဲ့ပါတယ္။

ခ်ဲလ္ဆီးဟာ ခ်န္ပီယံလိဂ္ အုပ္စု (E) ရဲ႕ အုပ္စုဗိုလ္ေနရာမွာ ရမွတ္ ၁၀ မွတ္ ရရွိေနၿပီး ေနာက္တစ္ဆင့္ ကို အုပ္စုဗိုလ္အျဖစ္နဲ႔ တက္ခြင့္ရဖို႔ ေသခ်ာသေလာက္ ရွိသြားၿပီျဖစ္ပါတယ္။ ဒါ့အျပင္ ေပၚတာဟာ ခ်ဲလ္ဆီးကို ေရာက္လာၿပီးကတည္းက ၿပိဳင္ပြဲစုံ ရႈံးပြဲ လုံးဝမရွိေသးတဲ့ နည္းျပလည္း ျဖစ္ေနပါတယ္။

လာမယ့္တစ္ပတ္မွာေတာ့ နည္းျပေပၚတာဟာ သူ႔ရဲ႕ အသင္းေဟာင္းျဖစ္တဲ့ ဘ႐ိုက္တန္နဲ႔ ပရီးမီးယား လိဂ္ပြဲစဥ္ကို ျပန္လည္ရင္ဆိုင္ရေတာ့မွာ ျဖစ္ပါတယ္။

ခ်ဲလ္ဆီးအေနနဲ႔ဲ အခု လိုမ်ိဳး ရလဒ္ေကာင္းေတြ ရေနၿပီး အထူးသျဖင့္ ခ်န္ပီယံလိဂ္လို ၿပိဳင္ပြဲမ်ိဳးမွာ ေစာေစာစီးစီးနဲ႔ ေနာက္တစ္ဆင့္ တက္ထားႏိုင္ေပမယ့္လည္း ဥေရာပ ၿပိဳင္ပြဲ ဆိုတာမ်ိဳးကို ေျဖာင့္ျဖဴးသာယာတဲ့ လမ္းမ်ိဳး မဟုတ္ဘူးလို႔ ေပၚတာက သတိ ေပးသြားခဲ့ပါတယ္။ ‘’ဒီၿပိဳင္ပြဲက သာယာေျဖာင့္ျဖဴးတဲ့ လမ္းခရီးေတာ့ ျဖစ္လာ မွာ မဟုတ္ဘူး။

ကြၽန္ေတာ္တို႔မွာ ကစားဖို႔အတြက္ ပြဲေတြအမ်ားႀကီး ရွိေန ေသးတယ္။ အဓိက ကစားသမားတခ်ိဳ႕ကို ဆုံးရႈံးထားရလို႔ တခ်ိဳ႕ေနရာေတြ မွာ အလ်ဥ္ျပတ္ေနတာေလးေတြရွိတယ္။

ဒါေပမဲ့ ႀကိဳးစားအားထုတ္မႈ ေကာင္းခဲ့ၾကတဲ့ ကစားသမားေတြကို အသိအမွတ္ျပဳရမွာပါ။

သူတို႔က ပရီး မီးယားလိဂ္မွာ ရမွတ္ေတြ ရယူႏိုင္ခဲ့သလို ခ်န္ပီယံလိဂ္မွာ ေနာက္တစ္ဆင့္ ကို တက္ေရာက္ႏိုင္ခဲ့တာကလည္း အားလုံးရဲ႕ အံ့အားသင့္စရာ ႀကိဳးစား အားထုတ္မႈေတြပဲ ျဖစ္ပါတယ္။

ဒါက လမ္းအေျဖာင့္ႀကီး ျဖစ္လာမွာ မဟုတ္ ဘူး။ ဒါေပမဲ့ ကြၽန္ေတာ္တို႔ဟာ ဦးတည္ထားတဲ့ လမ္းေၾကာင္းအတိုင္း ေနာက္ တစ္လွမ္း လွမ္းႏိုင္ခဲ့ၿပီး ဒီညမွာ အဲဒီလို လုပ္ႏိုင္ခဲ့တယ္လို႔ ထင္တယ္’’ လို႔ ေပၚတာက ေျပာဆိုသြားခဲ့ပါတယ္။