
ချဲလ်ဆီးအသင်းဟာ ရီးရဲလ်နဲ့ကစားရမယ့်
ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒု-အကျော့ပွဲစဉ်မှာ
အိမ်ရှင်အဖြစ် လက်ခံကစားရမှာမဟုတ်ကြောင်း
ယူအီးအက်ဖ်အေက အတည်ပြုပါတယ်။
လက်ရှိချန်ပီယံ ချဲလ်ဆီးဟာ ချန်ပီယံဆု ၁၄ကြိမ်မြောက်
ရယူနိုင်ဖို့ ပစ်မှတ်ထားနေတဲ့ ရီးရဲလ်နဲ့ ကွာတားဖိုင်နယ်မှာ
ရင်ဆိုင်ရမှာဖြစ်ပြီး သတင်းတွေရဲ့ဖော်ပြချက်အရ
တစ်မြို့တည်းအခြေစိုက်တဲ့ အက်သလက်နဲ့ ရီးရဲလ်တို့
တစ်နေ့တည်းမှာ အိမ်ရှင်အဖြစ် မန်စီးတီးနဲ့ ချဲလ်ဆီးတို့ကို
ဧည့်ခံလို့မရဘူးလို့ သိရပေမယ့် ယခုအခါ
ယူအီးအက်ဖ်အေက အဲဒီလိုအဖြစ်မျိုးရှိလာမှာ
မဟုတ်ဘူးလို့ အတည်ပြုကြေညာပါတယ်။
ဒီအတွက်ကြောင့် ချဲလ်ဆီးလည်း မူလရေးဆွဲထားတဲ့အတိုင်း
ပ-အကျော့ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရမှာဖြစ်ပြီး
ဆီမီးတက်ရေး အဆုံးအဖြတ်ပေးမယ့် ဒု-အကျော့အဖြစ်
ဘာနေဗျူးမှာ ကစားရတော့မှာဖြစ်ပါတယ်။
ချန်ပီယံလိဂ်မဲခွဲပွဲအပြီး အဆိုပါသတင်းတွေထွက်ပေါ်လာပြီးနောက်
ရီးရဲလ်ကလည်း စတမ်းဖို့ဒ်ဘရစ်ချ်မှာ ဒု-အကျော့
ကစားရမယ်ဆိုတဲ့အချက်တွေကို ငြင်းဆန်ခဲ့ပါတယ်။
ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ရဲ့ တခြားပွဲတွေဖြစ်
မန်စီးတီး-အက်သလက်၊ လီဗာပူး-ဘင်ဖီကာနဲ့
ဘိုင်ယန်-ဗီလာရီးရဲလ်တို့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။
ချဲလ်ဆီးဟာ ၁၆သင်းအဆင့်မှာ လိုင်လီကို
နှစ်ကျော့စလုံး အနိုင်ရကာ ဒီအဆင့်ကို
ရောက်လာတာဖြစ်ပြီး ရီးရဲလ်ကလည်း ပီအက်စ်ဂျီကို
ပ-အကျော့ ၁-၀ ဂိုးနဲ့ အရေးနိမ့်ခဲ့ပေမယ့် ဒုတိယအကျော့မှာ
၃-၁ ဂိုးနဲ့အနိုင်ရခဲ့လို့ ဒီအဆင့် ရောက်လာတာပါ။
Zawgyi
ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္ ဒု-အေက်ာ့ပြဲကို ခ်ဲလ္ဆီးကြင္းမွာ က်င္းပမွာမဟုတ္ေၾကာင္း ယူအီးအက္ဖ္ေအ အတည္ျပဳ
ခ်ဲလ္ဆီးအသင္းဟာ ရီးရဲလ္နဲ႔ကစားရမယ့္
ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္ ဒု-အေက်ာ့ပြဲစဥ္မွာ
အိမ္ရွင္အျဖစ္ လက္ခံကစားရမွာမဟုတ္ေၾကာင္း
ယူအီးအက္ဖ္ေအက အတည္ျပဳပါတယ္။
လက္ရွိခ်န္ပီယံ ခ်ဲလ္ဆီးဟာ ခ်န္ပီယံဆု ၁၄ႀကိမ္ေျမာက္
ရယူႏိုင္ဖို႔ ပစ္မွတ္ထားေနတဲ့ ရီးရဲလ္နဲ႔ ကြာတားဖိုင္နယ္မွာ
ရင္ဆုိင္ရမွာျဖစ္ၿပီး သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ
တစ္ၿမိဳ႕တည္းအေျခစုိက္တဲ့ အက္သလက္နဲ႔ ရီးရဲလ္တို႔
တစ္ေန႔တည္းမွာ အိမ္ရွင္အျဖစ္ မန္စီးတီးနဲ႔ ခ်ဲလ္ဆီးတို႔ကို
ဧည့္ခံလုိ႔မရဘူးလုိ႔ သိရေပမယ့္ ယခုအခါ
ယူအီးအက္ဖ္ေအက အဲဒီလုိအျဖစ္မ်ိဳးရွိလာမွာ
မဟုတ္ဘူးလုိ႔ အတည္ျပဳေၾကညာပါတယ္။
ဒီအတြက္ေၾကာင့္ ခ်ဲလ္ဆီးလည္း မူလေရးဆြဲထားတဲ့အတိုင္း
ပ-အေက်ာ့ကို အိမ္ရွင္အျဖစ္ လက္ခံက်င္းပရမွာျဖစ္ၿပီး
ဆီမီးတက္ေရး အဆုံးအျဖတ္ေပးမယ့္ ဒု-အေက်ာ့အျဖစ္
ဘာေနဗ်ဴးမွာ ကစားရေတာ့မွာျဖစ္ပါတယ္။
ခ်န္ပီယံလိဂ္မဲခြဲပြဲအၿပီး အဆုိပါသတင္းေတြထြက္ေပၚလာၿပီးေနာက္
ရီးရဲလ္ကလည္း စတမ္းဖုိ႔ဒ္ဘရစ္ခ်္မွာ ဒု-အေက်ာ့
ကစားရမယ္ဆုိတဲ့အခ်က္ေတြကို ျငင္းဆန္ခဲ့ပါတယ္။
ခ်န္ပီယံလိဂ္ ကြာတားဖုိင္နယ္ရဲ႕ တျခားပြဲေတြျဖစ္
မန္စီးတီး-အက္သလက္၊ လီဗာပူး-ဘင္ဖီကာနဲ႔
ဘုိင္ယန္-ဗီလာရီးရဲလ္တုိ႔ ရင္ဆိုင္ရမွာျဖစ္ပါတယ္။
ခ်ဲလ္ဆီးဟာ ၁၆သင္းအဆင့္မွာ လုိင္လီကို
ႏွစ္ေက်ာ့စလုံး အႏိုင္ရကာ ဒီအဆင့္ကို
ေရာက္လာတာျဖစ္ၿပီး ရီးရဲလ္ကလည္း ပီအက္စ္ဂ်ီကုိ
ပ-အေက်ာ့ ၁-၀ ဂိုးနဲ႔ အေရးနိမ့္ခဲ့ေပမယ့္ ဒုတိယအေက်ာ့မွာ
၃-၁ ဂိုးနဲ႔အႏိုင္ရခဲ့လုိ႔ ဒီအဆင့္ ေရာက္လာတာပါ။